Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ၌ အဆောက်အအုံပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၅ ဦး ရှိပြီး ၃၁ ဦးကို ကယ်ဆယ်နိုင်ခဲ့

နိုင်ဂျီးရီးယားနိုင်ငံ၌ ပြိုကျသွားသော အဆောက်အအုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အဘူဂျာ ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ရေနံအလျှံအပယ်ထွက်ရှိသော နိုင်ဂျီးရီးယားနိုင်ငံတောင်ပိုင်းဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Harcourt မြို့၌ နိုဝင်ဘာလက ၇ ထပ်အမြင့်ရှိ အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်စဉ်တွင် သေဆုံးသူ ၁၅ ဦးရှိပြီး အခြား လူ ၃၁ ဦးကို အပျက်အစီးပုံအတွင်းမှ ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုင်ဂျီးရီးယား အရေးပေါ်ကယ်ဆယ်ရေးစီမံခန့်ခွဲမှုတာဝန်ရှိသူများက ဒီဇင်ဘာ ၁ဝ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားအရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ၏ တာဝန်ခံတစ်ဦးဖြစ်သူ Ejike Martins က ပြောကြားရာတွင် “ အဆောက်အအုံဟာ အခြားတစ်ဖက်ကို တိုက်ရိုက်ဦးတည်ပြီး အထပ်အားလုံးပြိုကျသွားတယ်။ အထပ်ထပ်ဖြစ်နေတဲ့ အပျက်အစီးပုံကို ဖယ်ရှားဖို့ကတော့ ရှုပ်ထွေးလွန်းပါတယ်” ဟု Harcourt ဆိပ်ကမ်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Martins က ပြောကြားခဲ့သည်။

၎င်းအဆောက်အအုံသည် နိုင်ဂျီးရီးယားနိုင်ငံ၏ အဓိကမြို့တစ်မြို့ဖြစ်သော Harcourt မြို့၏ အစိုးရသီးသန့်မြေနေရာတစ်ခုပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး လွန်ခဲ့သော ရက်သတ္တပတ်သုံးပတ်က ပြိုကျမှုဖြစ်ပွားချိန်သည် ဆောက်လုပ်မှု လုပ်ငန်းများလုပ်ကိုင်နေဆဲချိန်တွင် ဖြစ်ကြောင်းသိရသည်။

အဆောက်အအုံပြိုကျစဉ် ကယ်ဆယ်ရေးလုပ်ငန်းများနှေးကွေးနေရခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများဝေဖန်မှုကို အကြီးအကျယ်ခံနေရကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.