အက်ဒစ်အဘာဘာ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) လူမျိုးစုအကြမ်းဖက်မှုများကြောင့် အီသီယိုးပီးယား အနောက်ပိုင်းရှိ လူပေါင်းနှစ်သိန်းခွဲကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ဒီဇင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်သည်။
ရောမ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ Sicily ဒေသတွင် ဒီဇင်ဘာ ၂၆ ရက် မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော ငလျင်ကြောင့် လူ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီတလီအာဏာပိုင်များကပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘီဟာ(Bihar) ပြည်နယ်၌ ဒီဇင်ဘာ ၂၆ ရက်တွင် သက်တမ်း ကြာမြင့်နေသည့် နေအိမ် တစ်ခု၏ အစိတ်အပိုင်း ပြိုကျ ပျက်စီးမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးကာ လူ...
ဘိုဂိုတာ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း Boyaca ပြည်နယ် San Mateoမြို့တွင် ဒီဇင်ဘာ ၂၆ ရက်က ဘတ်စ်ကားတစ်စီးချောက်ထဲပြုတ်ကျခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုလံဘီယာနိုင်ငံ ယာဉ်ထိန်းရဲဌာန၏ အဆိုပါနေ့ သတင်းများအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၇၉ ဧက ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများ အကောင်အထည်ဖော်မှုဆိုင်ရာ National Reportအား စနစ်တကျရှိစေရန် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက...
ကိဗ်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ ပီထရို ပိုရိုရှန်ကို (Petro Poroshenko) က ယူကရိန်းနိုင်ငံ ဒေသအနည်းငယ်တွင် ညမထွက်ရအမိန့်အား ရုပ်သိမ်းလိုက်ကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက အီရတ်နိုင်ငံ အနောက်ပိုင်း အန်ဘာ(Anbar)ပြည်နယ်ရှိ Ayn al-Asad လေတပ်စခန်းသို့ ရုတ်တရက်လာရောက်ကြည့်ရှုခဲ့ ကြောင်း အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြား ၏ သတင်းများအရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ရက် (ဆင်ဟွာ) အထည်ချုပ်လုပ်ငန်းနှင့် ဆက်သွယ်ရေးသုံး Signal Cable အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း ၂ ခုတို့ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂၆)ခု အား ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(၁၆/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် လေ့လာဆန်းစစ်မှုများအရ ကလေးငယ်များအား မွေးစမှ အသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းသည် (၅၁.၂) ရာခိုင်နှုန်းသာရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။