ရန်ကုန် ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ရာ ဩဂုတ် ၂၁ ရက်ထိ တစ်လတာအတွင်း အခြေခံပညာ အထက်တန်းကျောင်း ပေါင်း ၆,၅၀၀ ကျော် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်...
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ Huawei ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၄,၀၀၀ တန်ဖိုးရှိ ဗီဒီယို ကွန်ဖရန့်စနစ် နှင့် နည်းပညာ ဝန်ဆောင်မှု (၃) စုံ...
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများအတွက် ကော်မရှင်က ခန့်အပ်ခွင့်ပြုခဲ့ပြီးသော နိုင်ငံခြားသားများနှင့် Myanmar Companies Online (MyCO) တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများအတွက် Company Extract Form တွင်ပါရှိသည့် Officers,...
ဝူဟန့်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် တစ်ချိန်က COVID-19 ရောဂါကူးစက်မှုကို အပြင်းအထန်ခံစားခဲ့ရပြီးနောက် ၈ လခန့်အကြာတွင် ဝူဟန့်တက္ကသိုလ်သို့ ကျောင်းသား ၉,၁၀၀ ကျော် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် COVID-19 ရောဂါပိုးကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် Stay at Home အဖြစ် သတ်မှတ်ပြီး ယင်းကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု သုံးသောင်းနီးပါးကို အစိုးရမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆိုးလ်၊ ဩဂုတ်၂၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၌ COVID-19 ရောဂါတစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာသဖြင့် မြို့တော်အတွင်းနှင့် အနီးဝန်းကျင်ရှိ ကျောင်းသားများကိုယ်တိုင် တက်ရောက်သင်ကြားရသော အတန်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဩဂုတ်၂၅ရက်တွင် ပြောကြားလိုက်သည်။
နေပြည်တော်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက “၂၀၂၀ ခုနှစ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကြမ်း”ကိုပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးသို့ တင်သွင်းခဲ့သည်။
နယူးဒေလီ ၊ ဩဂုတ် ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ကုတင် ၅၀၀ ဆံ့ ယာယီဆေးရုံကြီး နှစ်ရုံကို အရေးပေါ်တည်ဆောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး(PMO) က ဩဂုတ် ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ဩဂုတ်၂၅ရက်(ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးအစီအစဉ်တွင်နိုင်ငံနှင့်ဒေသပေါင်း၁၇၂ခုပါဝင်ပြီဖြစ်ကြောင်းနှင့်အမေရိကန်တွင်ပလာစမာကုထုံးကိုအရေးပေါ်အသုံးပြုရန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းဩဂုတ်၂၄ရက်ကမ္ဘာ့ကပ်ရောဂါအခြေအနေဆိုင်ရာသတင်းအချက်အလက်များအရသိရသည်။ (၁) ကမ္ဘာလုံးဆိုင်ရာကိန်းဂဏန်းအချက်အလက်များ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ဩဂုတ်၂၄ရက်ဗဟိုဥရောပစံတော်ချိန်(CET) ၁၄နာရီ၂၂မိနစ်အထိကိန်းဂဏန်းများအရကမ္ဘာတစ်ဝန်းCOVID-19ရောဂါအတည်ပြုလူနာအရေအတွက်သည်ပြီးခဲ့သောရက်ကထက်၂၅၃,၉၆၃ဦးတိုးမြင့်လာပြီးအသစ်ထပ်တိုးသေဆုံးသူ၅,၅၀၁ဦးရှိရာစုစုပေါင်းအတည်ပြုလူနာ၂၃,၃၁၁,၇၁၉ဦးနှင့်စုစုပေါင်းသေဆုံးသူ၈၀၆,၄၁၀ဦးအသီးသီးရှိလာကြောင်းသိရသည်။ အမေရိကန်နိုင်ငံဂျွန်ဟော့ကင်းတက္ကသိုလ်၏ပေကျင်းစံတော်ချိန်ဩဂုတ်၂၅ရက်၆နာရီတွင်ထုတ်ပြန်သည့်ကိန်းဂဏန်းအချက်အလက်များအရကမ္ဘာတစ်ဝန်းCOVID-19ရောဂါဖြစ်ပွားသူစုစုပေါင်း၂၃,၅၃၁,၂၇၃ဦး၊ စုစုပေါင်းသေဆုံးသူ၈၁၀,၃၄၀ဦးရှိပြီဖြစ်ကြောင်းသိရသည်။အမေရိကန်နိုင်ငံသည်တစ်ကမ္ဘာလုံးတွင်ကပ်ရောဂါအခြေအနေအဆိုးဝါးဆုံးနိုင်ငံဖြစ်ပြီးအတည်ပြုလူနာ၅,၇၃၅,၇၇၁ဦးနှင့်သေဆုံးသူ၁၇၇,၁၇၉ဦးရှိကြောင်းသိရသည်။ အမေရိကန်နိုင်ငံဝါရှင်တန်မြို့၏မြင်ကွင်းတစ်နေရာအားဩဂုတ်၂၃ရက်ကတွေ့ရစဉ်(ဆင်ဟွာ) (၂)သတင်းအချက်အလက်စုစည်းချက်များ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ဦးဆောင်သည့်COVAX ကမ္ဘာလုံးဆိုင်ရာCOVID-19ကာကွယ်ရေးအစီအစဉ်တွင်လက်ရှိပါဝင်သည့်နိုင်ငံနှင့်ဒေသပေါင်း၁၇၂ခုရှိပြီဖြစ်ရာ၂၀၂၁ခုနှစ်နှစ်ကုန်ပိုင်းမတိုင်မီတစ်ကမ္ဘာလုံးအတိုင်းအတာအရလုံခြုံထိရောက်သည့်ကိုဗစ်ကာကွယ်ဆေး၂ဘီလီယံပံ့ပိုးနိုင်ရန်ရည်ရွယ်ကြောင်းWHO ညွှန်ကြားရေးမှူးချုပ်တက်ဒရော့စ်ကဩဂုတ်၂၄ရက်တွင်ပြောကြားခဲ့သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူချုပ်၏ဆီးရီးယားအရေးတိုင်ရာအထူးသံတမန်ရုံးကဩဂုတ်၂၄ရက်ညနေပိုင်းထုတ်ပြန်ချက်တွင်ဂျီနီဗာမြို့၌ကျင်းပသောဆီးရီးယားဖွဲ့စည်းပုံအခြေခံဥပဒေရေးရာအဖွဲ့ဆွေးနွေးပွဲသို့လာရောက်သည့်ဆီးရီးယားကိုယ်စား၃ဦးတွင်COVID-19ဆေးစစ်မှုpositive ဖြစ်နေသောကြောင့်ယင်းနေ့တွင်ကျင်းပမည့်ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကိုခေတ္တရပ်နားခဲ့ရကြောင်းသိရသည်။ အမေရိကန်နိုင်ငံဝါရှင်တန်မြို့၏မြင်ကွင်းတစ်နေရာအားဩဂုတ်၂၃ရက်ကတွေ့ရစဉ်(ဆင်ဟွာ) အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ဩဂုတ်၂၃ရက်တွင်ထုတ်ပြန်သည့်အရေးပေါ်အသုံးပြုခွင့်ကြေညာချက်တွင်အမေရိကန်နိုင်ငံဆေးကုသရေးဌာနများအနေဖြင့်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်ပြန်လည်ကျန်းမာလာသူတို့၏သွေးရည်ကြည်ပလာစမာ(plasma)ဖြင့်ဆေးရုံများတွင်တက်ရောက်ကုသမှုခံယူနေသောကိုဗစ်လူနာများကိုကုသရန်ခွင့်ပြုလိုက်ကြောင်းသိရသည်။ပြန်လည်ကျန်းမာလာသောကိုဗစ်လူနာများ၏ပလာစမာသည်ဆေးရုံတင်လူနာများ၏ရောဂါအခြေအနေကိုသက်သာစေနိုင်ခြင်းသို့မဟုတ်ရောဂါကုသသည့်အချိန်ကိုတိုတောင်းစေနိုင်ကြောင်းFDAကယူဆသည်။ပလာစမာကုထုံး (Plasma therapy)တွင်သိရှိထားသောအကျိုးဖြစ်ထွန်းနိုင်ခြေသည်သိရှိထားပြီဖြစ်သောအန္တရာယ်ဖြစ်နိုင်ခြေထက်များကြောင်းဆိုသည်။ နယူးဇီလန်နိုင်ငံတွင်လာမည့်အပတ်တနင်္လာနေ့မှစ၍အများသုံးဘတ်စ်ကားစီးသူများအနေဖြင့်ပါးစပ်နှာခေါင်းစည်းတပ်ရမည်ဖြစ်ကြောင်းနယူးဇီလန်နိုင်ငံအစိုးရကဩဂုတ်၂၄ရက်တွင်ကြေညာခဲ့သည်။၎င်းမှာCOVID-19ရောဂါဖြစ်ပွားသည့်အချိန်ကာလတွင်ပထမဆုံးအကြိမ်အဖြစ်အများပြည်သူသွားလာရာနေရာတွင်နှာခေါင်းစည်းမဖြစ်မနေတပ်စဉ်ရန်နယူးဇီလန်အစိုးရကအမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်အပတ်တွင်အာဖရိကတိုက်၏နေ့စဉ်အသစ်ထပ်တိုးလူနာအရေအတွက်သည်ပျမ်းမျှအားဖြင့်၁၀,၃၄၄ဦးရှိပြီးထိုမတိုင်မီအပတ်တွင်နေ့စဉ်ပျမ်းမျှ၁၁,၄၉၄ဦးရှိကြောင်း၊၎င်းမှာအာဖရိကတိုက်တွင်အသစ်ထပ်တိုးလူနာအရေအတွက်လျော့ကျလာခြင်းဖြစ်ရာအာဖရိကတိုက်၏ကပ်ရောဂါထိန်းချုပ်ရေးအတွက်မျှော်လင့်ချက်အချို့ပင်ဖြစ်ကြောင်းအာဖရိကရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာညွှန်ကြားရေးမှူးJohn Nkengasong ကဩဂုတ်၂၃ရက်တွင်ပြောကြားခဲ့သည်။ (Xinhua)
နေပြည်တော်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ပုဂ္ဂလိကပိုင် ပုံနှိပ်မီဒီယာများ အွန်လိုင်း မီဒီယာ အသစ်သို့ အသွင် ကူးပြောင်းရာတွင် ကြုံတွေ့ရမည့် အခက်အခဲများ ၊ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်ရေး ပြန်ကြားရေး ဝန်ကြီးဌာနက ကူညီရန် အဆင်သင့် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက...