ကာနေလ်ခရီလ်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ဂီနီနိုင်ငံ အီဘိုလာရောဂါ အတည်ပြုလူနာ (၁၅)ဦးအထိ တိုးမြင့်လာပြီး ၎င်းတို့အနက်(၅)ဦး သေဆုံးခဲ့ကြောင်း N’Zerekoreပြည်နယ် ဆေးရုံအကြီးအကဲAdama Kabaက ဖေဖော်ဝါရီ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်များက နိုင်ဂျီးရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း Ngozi Okonjo-Iweala အား ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ် ခန့်အပ်မှုကို ဖေဖော်ဝါရီ ၁၅ ရက်က သဘောတူခဲ့ကြောင်း WTO ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကူဝိတ်စီးတီး ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် ဖေဖော်ဝါရီ ၁၅ ရက်အချိန်ထိ COVID-19 ကပ်ရောဂါသည် ဆက်လက်ပြန့်ပွားနေပြီး ပါလက်စတိုင်း က ပိတ်ဆို့မှုအမိန့်ကြေညာချက်ကို သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ကြောင်း နှင့် အစ္စရေး နှင့် တူရကီ...
ပါရီ၊ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်က COVID-19 ရောဂါတိုက်ဖျက်ရေးစစ်ပွဲ အောင်မြင်မှုရရှိရန် ကမ္ဘာကြီးအတွက် တရုတ် နှင့် ရုရှားနိုင်ငံတို့ မှ ထုတ်လုပ်သော ကာကွယ်ဆေးများ လိုအပ်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
မာလာဘို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အီကွေတာဂီနီနိုင်ငံ သမ္မတ Teodoro Obiang Nguema Mbasogo သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုကို ဖေဖော်ဝါရီ ၁၅ ရက်က ခံယူခဲ့ကြောင်း အီကွေတာဂီနီ ဒီမိုကရက်တစ်ပါတီ (PDGE) ၏ တရားဝင်ဝက်ဘ်ဆိုက်အရ...
ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား ဒုတိယအကြိမ်စွပ်စွဲပြစ်တင်ရန် အထက်လွှတ်တော် ဆီးနိုတ်၌ မဲခွဲရာတွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် နှစ်ရက်အကြာ အမေရိကန်နိုင်ငံ လွှတ်တော်ဥက္ကဌ နန်စီပလိုစီက ကက်ပီတိုလွှတ်တော်အဆောက်အဦ၌ ဇန်နဝါရီ ၆ ရက်က ဖြစ်ပွားခဲ့သော အလွန်အမင်းစိုးရိမ်စရာကောင်းသည့် အဓိကရုဏ်းဖြစ်ပွားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် “ ၉/၁၁ –...
ဘန်ကောက်၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၄၃ ဦး နှင့် ထပ်မံသေဆုံးသူ ၂ ဦးရှိကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ(CCSA) က ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုခဲ့သည်။
ဖူကူရှီးမား၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားစီရင်စု၌ ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် နာရီအနည်းငယ်အကြာ တနင်္ဂနွေနေ့ နံနက်ပိုင်းက အဝေးပြေးလမ်းမများပေါ်တွင် လမ်းသွားလမ်းလာ မော်တော်ယာဉ်များ မရှိသလောက် နည်းပါးသွားခဲ့သလို မြေပြိုမှုများကြောင့် အချို့သော လမ်းပိုင်းများကိုလည်း ပိတ်ထားခဲ့ရသည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် အီရန်နှင့်ထိစပ်နေသည့် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က လောင်စာဆီတင်ကား ဒါဇင်နှင့်ချီ၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Tolo သတင်းရုပ်သံ၏ ဖေဖော်ဝါရီ ၁၄ ရက် သတင်းများအရ သိရသည်။
တီဟီရန်၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ စစ်တပ်က အကွာအဝေး ကီလိုမီတာ ၃၀၀ အထိ ရောက်ရှိနိုင်သည့် စမတ်ဒုံးကျည်သစ် တစ်မျိုးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ် မြေပြင်တပ်ဖွဲ့မှူးကြီး Kiomars Heidari က ဆိုသည်။ မြေပြင်တပ်ဖွဲ့ ဒုံးကျည်ဌာနစိပ်များမှ အလွန်တိကျပြီး...