Connect with us

WORLD

ထိုင်းနိုင်ငံတွင် COVID-19 လူနာသစ် ၁၄၃ ဦး နှင့် ထပ်မံသေဆုံးသူ ၂ ဦးရှိ

ထိုင်းနိုင်ငံ စမွတ်ဆာခွန်၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ကျန်းမာရေးဝန်ထမ်းများက ရွှေ့ပြောင်းလုပ်သားများထံမှ နှာခေါင်းတို့ဖက်နမူနာများ ရယူနေစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၄၃ ဦး နှင့် ထပ်မံသေဆုံးသူ ၂ ဦးရှိကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ(CCSA) က ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် အတည်ပြုခဲ့သည်။

ယင်းလူနာသစ်များအနက် ၁၃၂ ဦးမှာ ပြည်တွင်း ကူးစက်မှုများဖြစ်ပြီး ကျန် ၁၁ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသော ကူးစက်မှုဖြစ်ကြောင်း CCSA ပြောရေးဆိုခွင့်ရှိသူ Apisamai Srirangsan ကဆိုသည်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ကျန်းမာရေးဝန်ထမ်းများက ရွှေ့ပြောင်းလုပ်သားများထံမှ နှာခေါင်းတို့ဖက်နမူနာများ ရယူနေစဉ်(ဆင်ဟွာ) 

ထိုင်းနိုင်ငံ စမွတ်ဆာခွန်၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ကျန်းမာရေးဝန်ထမ်းများက ရွှေ့ပြောင်းလုပ်သားများထံမှ နှာခေါင်းတို့ဖက်နမူနာများ ရယူနေစဉ်(ဆင်ဟွာ) 

ထိုင်းနိုင်ငံ စမွတ်ဆာခွန်၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ကျန်းမာရေးဝန်ထမ်းများက ရွှေ့ပြောင်းလုပ်သားများထံမှ နှာခေါင်းတို့ဖက်နမူနာများ ရယူနေစဉ်(ဆင်ဟွာ) 

ထိုင်းနိုင်ငံ စမွတ်ဆာခွန်၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ကျန်းမာရေးဝန်ထမ်းများက ရွှေ့ပြောင်းလုပ်သားများထံမှ နှာခေါင်းတို့ဖက်နမူနာများ ရယူနေစဉ်(ဆင်ဟွာ) 
စမွတ်ဆာခွန်ခရိုင်တွင် ကူးစက်မှု ၆၉ ဦး ရှိပြီး နောက်ထပ် ၅၀ ဦးမှာ Pathum Thani ခရိုင်မှ ဖြစ်ကြောင်း Apisamai ကဆက်လက်ပြောကြားခဲ့သည်။

ကိုဗစ်ရောဂါဖြင့် ထပ်မံသေဆုံးသူနှစ်ဦးမှာ စမွတ်ဆာခွန်တွင်နေထိုင်သည့် အသက် ၇၈ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦး နှင့် ကျန်တစ်ဦးမှာ Ubon Ratchathani တွင်နေထိုင်သူ အသက် ၆၂ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် လက်ရှိအချိန်ထိ COVID-19 ရောဂါအတည်ပြုလူနာပေါင်း ၂၄,၇၁၄ ဦးရှိပြီး ယင်းတို့အနက် ၂၂,၀၆၇ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း နှင့် အခြား ၂,၆၄၇ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသော ကူးစက်မှုများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရောဂါလုံးဝသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၂၂,၈၈၃ ဦး ရှိပြီး လူနာ ၁,၇၄၉ ဦးမှာ ဆေးရုံများတွင် ဆေးကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————-
(English Version)
Thailand reports 143 new COVID-19 cases, 2 more deaths
BANGKOK, Feb. 15 (Xinhua) — Thailand on Monday confirmed 143 cases of coronavirus infection and two fatalities, according to Center for the COVID-19 Situation Administration (CCSA).
Of the new cases, 132 were domestic ones and 11 others referred to imported infections, the CCSA spokeswoman Apisamai Srirangsan said.
Sixty-nine of the local cases reported in Samut Sakhon province and another 50 were in Pathum Thani province, Apisamai added.
The two new fatalities were a 78-year-old Thai male in Samut Sakhon and a 62-year-old Thai male in Ubon Ratchathani, raising the death toll to 82, she said.
Thailand has so far confirmed 24,714 cases of infection, 22,067 of which were reported as domestic while 2,647 others referred to those who had returned from abroad.
So far, 22,883 patients have fully recovered and been released from hospitals while 1,749 others are currently hospitalized. Enditem

Photo caption – Health workers collect a swab from migrant workers for a COVID-19 test in Samut Sakhon province, Thailand, on Dec. 22, 2020.