Connect with us

မြန်မာ-ENG

ဂါဇာတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် တရုတ်သံတမန် ထပ်မံတိုက်တွန်း

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာနယ်စပ်ဖြတ်ကျော်နေရာတွင် ထရပ်ကားတစ်စီးပေါ်မှ လူသားချင်းစာနာမှုအကူအညီပစ္စည်းများ အောက်သို့ချနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံ သံတမန်က ဩဂုတ် ၇ ရက်၌ ထပ်မံတိုက်တွန်းလိုက်ကြောင်း သိရသည်။
“ဂါဇာကမ်းမြောင်ဒေသမှာ ပဋိပက္ခဖြစ်ပွားနေတာ ရက်ပေါင်း ၃၀၀ ‌ကျော်ရှိနေပြီးတော့ အမျိုးသမီး ၁၀,၀၀၀ ကျော် သေဆုံးပြီး ပါလက်စတိုင်းအမျိုးသမီးနဲ့ မိန်းကလေးငယ် တစ်သန်းကျော်ဟာလည်း ငတ်မွတ်မှုဘေးနဲ့ ရင်ဆိုင်နေရတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းမစ်ရှင် တာဝန်ခံ သိုက်ပင်းက WPS (အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး) ထိန်းသိမ်းရေးကတိကဝတ်များဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေး၌ ပြောကြားခဲ့သည်။
သက်ဆိုင်ရာဘက်အသီးသီးအနေဖြင့် “နိုင်ငံတကာအသိုက်အဝန်း၏ သဘောတူညီချက်အား ထိခိုက်မှုကို တုံ့ပြန်ရန်၊ ဂါဇာတွင် ချက်ချင်းအပစ်အခတ်ရပ်စဲမှု ရရှိရန် လုံခြုံရေးကောင်စီ၏ ဆက်စပ်ဆုံးဖြတ်ချက်များကို “အပြည့်အဝ ထိထိရောက်ရောက်” အကောင်အထည်ဖော်မှု ပူးတွဲမြှင့်တင်ရန်၊ လူသားချင်းစာနာထောက်ထားမှုကပ်ဘေး အဆုံးသတ်ရန်နှင့် ပဋိပက္ခကူးစက်ပျံ့နှံ့မှုကို ထိန်းသိမ်းရန် သိုက်က ထပ်လောင်းပြောခဲ့သည်။
ထို့ပြင် ပဋိပက္ခများ ကာကွယ်၊ ဖြေရှင်းရေး၊ အရပ်သားများအတွက် ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအားလုံးသည် WPS အစီအစဉ်၏ အဓိက မရှိမဖြစ်လိုအပ်ချက်များဖြစ်ကြောင်း သိုက်က မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Chinese envoy reiterates call for immediate ceasefire in Gaza
UNITED NATIONS, Aug. 7 (Xinhua) — A Chinese envoy on Wednesday reiterated the call for an immediate ceasefire in Gaza.
“As we speak, conflict in the Gaza Strip has been going on for over 300 days, with more than 10,000 women killed and over a million Palestinian women and girls facing famine,” said Dai Bing, charge d’affaires of China’s Permanent Mission to the United Nations, at the Security Council briefing on sustaining WPS (women peace and security) commitments.
Dai reiterated the call on all parties to respond to the “overwhelming consensus of the international community” and to jointly promote the “full and effective” implementation of relevant Security Council resolutions to achieve an immediate ceasefire in Gaza, to put an end to the humanitarian catastrophe, and to contain the spillover of the conflict.
In his remarks, the ambassador emphasized that all efforts to prevent and resolve conflicts and to create a peaceful environment for civilians, including women, are key prerequisites for advancing the WPS agenda.
Photo: People unload humanitarian aid from a truck at the Rafah crossing in the southern Gaza Strip, on Nov. 2, 2023. (Photo by Khaled Omar/Xinhua)