Connect with us

China

တရုတ်လျှပ်စစ်ကားများအား ဥရောပသမဂ္ဂ၏ စည်းကြပ်ခွန်သတ်မှတ်မှုက ဝေဖန်ကန့်ကွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေ

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ပြုလုပ်သည့် IAA MOBILITY 2023 ဟု တရားဝင်သိရှိကြသော ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မော်တော်ကားပြပွဲအတွင်း BYD ပြခန်း၌ လာရောက်ကြည့်ရှုနေသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား (EV) များအား ငါးနှစ်တာ စည်းကြပ်ခွန်များ သတ်မှတ်ရန် ဥရောပသမဂ္ဂ (အီးယူ) က ယတိပြတ် ဆုံးဖြတ်ခဲ့ခြင်းက ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများကို ဖြစ်ပေါ်စေကာ တရုတ်နိုင်ငံကလည်း ယင်းသည် မတရားသော၊ ကျိုးကြောင်းဆီလျော်မှုမရှိသော၊ ဓမ္မဓိဋ္ဌာန်မကျသော လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အထောက်အပံ့ရယူမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှလာသော လျှပ်စစ်ကားများအား စည်းကြပ်ခွန်များ သတ်မှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် များစွာစိတ်မကောင်းဖြစ်မိကြောင်း တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းကိုယ်စား စက်ယန္တရားနှင့် အီလက်ထရွန်နစ်ထုတ်ကုန်များ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းဆိုင်ရာ တရုတ်ကုန်သည်ကြီးများအသင်း (CCCME) က အောက်တိုဘာ ၃၀ ရက်၌ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းစည်းကြပ်ခွန်များသည် အောက်တိုဘာ ၃၀ ရက်မှစ၍ ကုမ္ပဏီအသီးသီးအတွက် မတူညီသော နှုန်းထားများဖြင့် သက်ရောက်မည်ဖြစ်ကာ BYD ‌အား ၁၇ ရာခိုင်နှုန်း၊ Geely အား ၁၈.၈ ရာခိုင်နှုန်း၊ SAIC အား ၃၅.၃ ရာခိုင်နှုန်း အသီးသီးသတ်မှတ်လိုက်ခြင်းဖြစ်သည်။ အခြားသော ပူးပေါင်းဆောင်ရွက်မှုရှိသည့် ကုမ္ပဏီများအနေဖြင့် စည်းကြပ်ခွန် ၂၀.၇ ရာခိုင်နှုန်း၊ ပူးပေါင်းဆောင်ရွက်မှုမရှိသည့် ကုမ္ပဏီများအနေဖြင့် စည်းကြပ်ခွန် ၃၅.၃ ရာခိုင်နှုန်း သတ်မှတ်ခံရမည်ဖြစ်ကြောင်း ဥရောပကော်မရှင်၏ အဆိုအရ သိရသည်။
သီးခြား ပြန်လည်သုံးသပ်ရန်အတွက် အထောက်အထားခိုင်လုံစွာ တောင်းဆိုခဲ့ပြီးနောက် တရုတ်နိုင်ငံ၌လည်း ကားများထုတ်လုပ်လျက်ရှိသော အမေရိကန် EV ကားကုမ္ပဏီ Tesla အနေဖြင့် စည်းကြပ်ခွန် ၇.၈ ရာခိုင်နှုန်း ချမှတ်ခံရမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ဆိုသည်။
ဥရောပကော်မရှင်အနေဖြင့် တရုတ်လျှပ်စစ်ကားများအပေါ် စည်းကြပ်ခွန်များ သတ်မှတ်ရေးအတွက် အပြီးသတ်ဆုံးဖြတ်ရာတွင် မှားယွင်းသော တွေ့ရှိချက်များကို ပြင်ဆင်ခြင်းမရှိသည့်အပြင် လုပ်ထုံးလုပ်နည်းမှာလည်း ပွင့်လင်းမြင်သာမှု ကင်းမဲ့လျက်ရှိကြောင်း၊ ယင်းလုပ်ရပ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ သက်ဆိုင်ရာစည်းမျဉ်းများနှင့် အီးယူ၏ အထောက်အပံ့ရယူမှု တိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းများအား အကြီးအကျယ် ချိုးဖောက်လျက်ရှိကြောင်း CCCME က ပြောကြားခဲ့သည်။

တရုတ်မော်တော်ကားထုတ်လုပ်သူများ အဖွဲ့အစည်း (CAAM) ကလည်း အီးယူ၏ ဆုံးဖြတ်ချက်အား လက်မခံကြောင်း အောက်တိုဘာ ၃၀ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် ဓမ္မဓိဋ္ဌာန်မကျသလို တရုတ်ကားကုမ္ပဏီများအတွက် အလွန်အမင်း မျှတမှုမရှိသဖြင့် လက်မခံနိုင်စရာ ဆုံးဖြတ်ချက်ဟု မှတ်ယူကြောင်းလည်း CAAM က ဆိုသည်။
ထိုကဲ့သို့ စည်းကြပ်ခွန်များ သတ်မှတ်ခြင်းက လွတ်လပ်စွာကုန်သွယ်ခြင်းနှင့် တရားမျှတစွာ ယှဉ်ပြိုင်ခြင်း၏ အခြေခံမူဝါဒများကို ချိုးဖောက်နေရုံသာမက တရုတ်နှင့် ဥရောပကားထုတ်လုပ်ရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှု၊ စိမ်းလန်း၍ ကာဗွန်ထွက်ရှိမှုနည်းသော အသွင်ကူးပြောင်းမှုကိုလည်း ထိခိုက်စေသည်ဟု CAAM က အလေးအနက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ပြောခွင့်ရပုဂ္ဂိုလ်ကလည်း တရုတ် EV ကားများအပေါ် ဥရောပကော်မရှင်က ထပ်တိုးစည်းကြပ်ခွန်များ သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းကို သဘောတူလက်ခံခြင်းမရှိကြောင်း အောက်တိုဘာ ၃၀ ရက် အစောပိုင်းက ပြောကြားခဲ့သည်။
တရုတ် EV ကားများအား အထောက်အပံ့ရယူမှု တိုက်ဖျက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုသည် လျော်ကန်မှုမရှိသကဲ့သို့ စည်းမျဉ်းနှင့်မညီသော ကိစ္စရပ်အများအပြား ရှိနေကာ မျှတစွာယှဉ်ပြိုင်ခြင်းဟူ၍ ဟန်ဆောင်ပုံဖျက်ထားသော ကိုယ်ကျိုးစီးပွားကာကွယ်ရေး အစီအမံတစ်ခုသာဖြစ်ကြောင်း တရုတ်နိုင်ငံက အထပ်ထပ်အခါခါ ထောက်ပြပြောဆိုခဲ့ပြီးဖြစ်သည်ဟု MOC က ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ထိုကိစ္စရပ်နှင့် ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားထံ တင်ပြထားပြီးဖြစ်ကာ တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော အစီအမံအားလုံးကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း MOC ပြောခွင့်ရပုဂ္ဂိုလ်က အလေးအနက်ပြောကြားခဲ့သည်။

ဥရောပကော်မရှင်၏ စည်းကြပ်ခွန် ၃၅.၃ ရာခိုင်နှုန်း ချမှတ်ခြင်းခံရသော တရုတ်ကားကုမ္ပဏီ SAIC Motor က ၎င်းတို့အနေဖြင့် အဆိုပါဆုံးဖြတ်ချက်အား ကန့်ကွက်သည့်အနေဖြင့် ဥရောပသမဂ္ဂ တရားရုံး၌ တိုင်ကြားရန် စီစဉ်ထားသည်ဟု ဆိုသည်။
ဥရောပကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်စဉ်အတွင်း အထောက်အပံ့များနှင့် ပတ်သက်၍ စိစစ်ဖော်ထုတ်ရာတွင် အမှားအယွင်းများရှိသကဲ့သို့ SAIC က တင်သွင်းသည့် အဓိကအချက်များ၊ သက်သေအထောက်အထားဖြင့် ရှင်းလင်းတင်ပြမှုများကို လျစ်လျူရှုကာ ကိစ္စအများအပြားတွင် အထောက်အပံ့ရယူမှု နှုန်းထားများကိုလည်း အကြိမ်ကြိမ် မှားယွင်းတွက်ချက်ခဲ့သည်ဟု SAIC ၏ အဆိုအရ သိရသည်။
ထပ်တိုးစည်းကြပ်ခွန်များက ဥရောပမှ ကားဝယ်ယူသူများအတွက် ဈေးနှုန်းမြင့်တက်စေသည့်အပြင် EV ကားများအား တွင်တွင်ကျယ်ကျယ် အသုံးပြုမှုကိုလည်း အဟန့်အတား ဖြစ်စေမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ပါဝါစနစ် အမျိုးမျိုးရှိသည့် ကားမော်ဒယ်သစ်များကို ဥရောပဈေးကွက်ထဲသို့ တင်သွင်းရန် အရှိန်မြှင့်လုပ်ဆောင်ခြင်း၊ MG အမှတ်တံဆိပ် ထုတ်ကုန်များအား ချဲ့ထွင်ခြင်း အပါအဝင် ကုန်သွယ်ရေး အတားအဆီးများအား အလိုက်သင့်တုံ့ပြန်မည့် အစီအစဉ်များကို ဖော်ဆောင်လျက်ရှိကြောင်းလည်း ၎င်းကုမ္ပဏီက ပြောကြားခဲ့သည်။

ဆွေးနွေးညှိနှိုင်းမှု အဆင့်သစ်
အီးယူနှင့် တရုတ်နိုင်ငံတို့သည် စုံစမ်းစစ်ဆေးမှုအတွင်း ဖော်ထုတ်တွေ့ရှိခဲ့သည့် ပြဿနာများအား ကိုင်တွယ်ဖြေရှင်းရာတွင် ထိထိရောက်ရောက်ဖြစ်စေမည့် အခြားရွေးချယ်စရာ နည်းလမ်းဖြစ်သော WTO နှင့် လိုက်လျောညီထွေရှိသည့် နည်းလမ်းများကို ရှာဖွေရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း၊ နှုန်းထားညှိနှိုင်းဖြေရှင်းရေး ဆွေးနွေးမှုများအတွက် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်၌ စည်းကြပ်ခွန် သတ်မှတ်မှုများအား ကြေညာစဉ်အတွင်း ဥရောပကော်မရှင်က ထည့်သွင်းပြောကြားခဲ့သည်။
အီးယူအနေဖြင့် တရုတ်နိုင်ငံထုတ် EV ကားများအတွက် နှုန်းထားညှိနှိုင်းဖြေရှင်းရေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေး အငြင်းပွားမှုများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများဖြင့် ဖြေရှင်းရေးကို အစဉ်အမြဲ ထောက်ခံအားပေးကာ ယင်းသို့ဖြေရှင်းနိုင်ရန်လည်း အစွမ်းကုန်ကြိုးပမ်း‌ခဲ့ကြောင်း MOC ပြောခွင့်ရသူက အလေးအနက်ပြောကြားခဲ့သည်။

လက်ရှိတွင် နှစ်ဖက်လုံးမှ ပညာရှင်အဖွဲ့များက ဆွေးနွေးညှိနှိုင်းမှု အဆင့်သစ်ကို လုပ်ဆောင်လျက်ရှိသည်။ ဥရောပအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြုသဘောဖြင့် လက်တွဲလုပ်ဆောင်ကာ လက်တွေ့ကျကျ ကိုင်တွယ်ဆောင်ရွက်ရေး၊ ဟန်ချက်ထိန်းညှိရေး မူဝါဒများကို ကျင့်သုံးခြင်းဖြင့် နှစ်ဖက် အဓိကအလေးထားစရာ ကိစ္စရပ်များကို အပြန်အလှန် ထည့်သွင်းစဉ်းစားလျက် ကုန်သွယ်ရေး ပဋိပက္ခများ အရှိန်မြင့်တက်မလာအောင် တားဆီးရန် နှစ်ဖက်လုံးက လက်ခံနိုင်သော ဖြေရှင်းနည်းတစ်ရပ် အမြန်ဆုံးရရှိရေးအတွက် ကြိုးပမ်းသွားမည်ဟု မျှော်လင့်ကြောင်းလည်း MOC က ဆိုသည်။
တရုတ်မော်တော်ကားထုတ်လုပ်သူများ အဖွဲ့အစည်း (CAAM) က ကမ္ဘာလုံးဆိုင်ရာ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက် တည်တည်ငြိမ်ငြိမ် လည်ပတ်မှုကို ထိန်းထားနိုင်ရေးအတွက် နှစ်ဖက်လုံးက အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ စက်ယန္တရားနှင့် အီလက်ထရွန်နစ်ထုတ်ကုန်များ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းဆိုင်ရာ တရုတ်ကုန်သည်ကြီးများအသင်း (CCCME) ကလည်း အီးယူအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများကို စိတ်ရင်းမှန်ဖြင့် အစွမ်းကုန် ကိုင်တွယ်လုပ်ဆောင်ကာ နှစ်ဖက်လုံးက လက်ခံနိုင်သော မျှတသည့် ဖြေရှင်းနည်းတစ်ရပ်ကို အမြန်ဆုံးရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


……………………..
(English Version)
China Focus: EU tariffs on Chinese EVs spark widespread opposition
BEIJING, Oct. 30 (Xinhua) — The European Union’s (EU) decision to impose definitive countervailing duties on Chinese-made electric vehicles (EVs) for a period of five years has sparked strong opposition, with China calling the move “unfair, unreasonable and unobjective.”
In a statement on Wednesday, the China Chamber of Commerce for Import and Export of Machinery and Electronic Products (CCCME), on behalf of the Chinese automotive industry, expressed “great regret” over the decision to impose anti-subsidy tariffs on electric vehicles originating in China.
Starting Wednesday, these tariffs will apply with varying rates for different companies: 17 percent for BYD, 18.8 percent for Geely, and 35.3 percent for SAIC. Other cooperating firms will be subject to a 20.7 percent duty, while non-cooperating companies will have a duty rate of 35.3 percent, according to the European Commission.
Following a substantiated request for an individual review, U.S. EV maker Tesla, which also manufactures vehicles in China, will face a duty of 7.8 percent, the commission noted.
The CCCME said the European Commission failed to rectify its “incorrect findings” in the final ruling on the imposition of definitive duties against Chinese EVs, and there was a serious lack of transparency in the procedure, adding that the move seriously violates relevant World Trade Organization (WTO) and EU anti-subsidy rules.
The China Association of Automobile Manufacturers (CAAM) also expressed disagreement with the decision in a statement on Wednesday. The decision, which is not objective and extremely unfair to China’s auto companies, is deemed unacceptable, the CAAM said.
The CAAM stressed that the imposition of tariffs not only violates the fundamental principles of free trade and fair competition, but also undermines cooperation between the Chinese and European automotive industries, as well as green and low-carbon transition.
Earlier on Wednesday, a Ministry of Commerce (MOC) spokesperson said China does not approve of or accept the European Commission’s decision to impose extra tariffs on Chinese EVs.
China has repeatedly pointed out that the EU’s anti-subsidy investigation into Chinese EVs is irrational, fraught with numerous non-compliance issues, and is a protectionist move under the guise of “fair competition,” the MOC said.
China has already appealed to the WTO’s dispute settlement mechanism over the issue, and will continue to take all necessary measures to safeguard the legitimate rights and interests of Chinese enterprises, the MOC spokesperson noted.
Chinese carmaker SAIC Motor, which has been slapped with a duty rate of 35.3 percent by the European Commission, said that it plans to file a lawsuit at the Court of Justice of the European Union challenging the decision.
According to the carmaker, the European Commission made errors in identifying subsidies during its probe, ignored key facts and arguments presented by SAIC, and inaccurately presumed subsidy rates for several items.
The company said that the extra tariffs will only raise costs for European car buyers and impede the widespread adoption of EVs, adding that it is taking steps to adapt to trade barriers, including intensifying efforts to introduce new car models with various power systems to the European market and expanding its product lineup under the MG brand.
NEW PHASE OF CONSULTATIONS
While announcing the imposition of duties on Tuesday, the European Commission said the EU and China are continuing to work toward finding alternative, WTO-compatible solutions that would be effective in addressing the problems identified by the investigation, adding that it remains open to negotiations on price undertakings.
Noting that the EU remains open to continuing discussions on price commitments for Chinese-made EVs, the MOC spokesperson said that China always advocates for resolving trade disputes through dialogue and consultation, and has made every effort to achieve this.
Currently, technical teams from both sides are engaged in a new phase of consultations. It is hoped that the European side will work constructively with China, follow the principles of “pragmatism and balance” and take into account each other’s core concerns, and strive to reach a mutually acceptable solution as soon as possible to avoid an escalation of trade frictions, according to the MOC.
The CAAM voiced the hope that both sides will continue to engage in dialogue and consultations to maintain the steady operations of global automotive industrial and supply chains.
The CCCME, meanwhile, has expressed the hope that the EU would approach the consultations with the utmost sincerity and reach a balanced solution acceptable to both sides as soon as possible. Enditem
English Caption
People visit the BYD booth at the 2023 International Motor Show, officially known as the IAA MOBILITY 2023, in Munich, Germany, Sept. 8, 2023. (Xinhua/Zhang Fan)