Connect with us

China

ဘဏ္ဍာရေးကဏ္ဍ၏ အဓိကနယ်ပယ်များ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထုတ်ပြန်

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအား ဘဏ္ဍာရေးကဏ္ဍ ခိုင်မာအားကောင်းသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့်တင်ကာ နည်းပညာဘဏ္ဍာရေး၊ အစိမ်းရောင်ဘဏ္ဍာရေး၊ ဘက်စုံဘဏ္ဍာရေး၊ ပင်စင်ဘဏ္ဍာရေးနှင့် ဒစ်ဂျစ်တယ်ဘဏ္ဍာရေး စသည့် အဓိက နယ်ပယ်ငါးခုတွင် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်မည့် လမ်းညွှန်ချက်များကို နိုင်ငံတော်ကောင်စီ အထွေထွေရေးရာရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ လမ်းညွှန်ချက်များက ပကတိစီးပွားရေး အခြေအနေကို ပံ့ပိုးပေးသော ငွေကြေးဝန်ဆောင်မှုများ၏ ပဓာနကျသော အခန်းကဏ္ဍကို အလေးထားဖော်ပြလျက် ဘဏ္ဍာရေးမူဝါဒများနှင့် နည်းပညာ၊ စက်မှုလုပ်ငန်း၊ အခွန်စည်းကြပ်မှု၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကြား ပေါင်းစပ်ညှိနှိုင်းမှု ခိုင်ခိုင်မာမာ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။
အဓိကကျသော အမျိုးသားအဆင့် မဟာဗျူဟာများ၊ အဓိက ကဏ္ဍများနှင့် စီးပွားရေးစနစ်အတွင်း ကွင်းဆက်အားနည်းမှုများကို အားဖြည့်ပံ့ပိုးရန် အရည်အသွေးမြင့် ငွေကြေးဝန်ဆောင်မှုများ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အတူ ပြည်တွင်းအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် စီမံထားသော အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားများ ပျိုးထောင်မှုကိုလည်း မြှင့်တင်သွားမည်ဖြစ်ကြောင်း အဆိုပါ လမ်းညွှန်ချက်များအရ သိရသည်။
အဓိကကျသော အမျိုးသားအဆင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ စီမံဆောင်ရွက်ချက်များ၊ နည်းပညာဗဟိုပြု အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာရေးအရ ပံ့ပိုးမှုကို ခိုင်ခိုင်မာမာလုပ်ဆောင်နေသလို အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ကာဗွန်လျော့နည်းရေး အသွင်ကူးပြောင်းမှုအတွက် ဘဏ္ဍာ‌ရေးအရ ပံ့ပိုးမှုရာ၌ ပေါင်းစပ်ညှိနှိုင်းလျက်ရှိသည်ကို ယင်းလမ်းညွှန်ချက်များက မီးမောင်းထိုးပြလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1FJ

………………..
(English Version)
China’s state council issues guidelines on advancing key areas in financial sector
BEIJING, March 5 (Xinhua) — The General Office of the State Council has issued guidelines to accelerate efforts to build China into a country with a strong financial sector and promote development in five major areas, namely, technology finance, green finance, inclusive finance, pension finance and digital finance.
Emphasizing the fundamental role of financial services in supporting the real economy, the guidelines called for strengthening coordination between financial policies and measures related to technology, industry, taxation and fiscal matters.
High-quality financial services will be provided to support major national strategies, key sectors and weaker links in the economy.
Efforts will be enhanced to cultivate new quality productive forces tailored to local conditions, according to the guidelines.
The guidelines underscored strengthening financial support for major national scientific and technological initiatives and tech-focused small and medium-sized enterprises while coordinating financial support for green development and the low-carbon transition. xhtxs.cn/1FJ