Media
ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်၏ ဘွန်ဒက်စ်လီဂါ ဆုဖလားအတွက် အဆုံးအဖြတ်ပွဲစဉ်အား လွဲချော်ဖွယ်ရှိ
ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီကိန်းမှာ ၎င်းပါဝင်ကစားသည့် အသင်းတိုင်းတွင် သွင်းဂိုးစံချိန်များကို ဆက်တိုက်တင်ထားသည်။ အသက် ၃၁ နှစ်အရွယ် ဟယ်ရီကိန်းမှာ အင်္ဂလန်အသင်းတွင်ဖြစ်စေ၊ တော့တင်ဟမ်အသင်းတွင် ကစားခဲ့စဉ်ကဖြစ်စေ၊ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းတွင်ဖြစ်စေ မကျိုးပျက်နိုင်သော ဂိုးသွင်းစက်အဖြစ် ထင်ရှားကျော်ကြားသူဖြစ်သည်။
သို့သော် ၎င်း၏ ကစားသမားသက်တမ်း ၁၆ နှစ်အတွင်း ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၅၀၀ ပါဝင်ကစားခဲ့သော်လည်း လက်ရှိအချိန်ထိ အဓိကဆုဖလားတစ်လုံးကို ရယူနိုင်ဖူးခြင်းမရှိသေးပေ။
ဘိုင်ယန်မြူးနစ်အနေဖြင့် ဘွန်ဒက်စ်လီဂါတွင် သုံးပွဲကစားရန် ကျန်ရှိနေချိန်တွင် ရှစ်မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိရာ အမှတ်ပေးဖလား ဆွတ်ခူးနိုင်ရန် အလားအလာ အလွန်ကောင်းနေပြီဖြစ်သည်။ သို့သော် ဟယ်ရီကိန်းမှာ ယခုရာသီတွင် ငါးကြိမ်မြောက် အဝါကတ်ပြသခံခဲ့ရသဖြင့် ဘွန်ဒက်စ်လီဂါ စည်းမျဉ်းအရ တစ်ပွဲပယ်ခံရမည်ဖြစ်သည်။ ဟယ်ရီကိန်းမှာ ဧပြီ ၂၆ ရက်က မိန့်ဇ်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ပထမပိုင်းတွင် အဝါကတ်ပြသခံခဲ့ရခြင်းဖြစ်သည်။ (Xinhua)
………………….
(English Version)
Harry Kane to miss Bayern’s deciding game
Harry Kane continues to set goal-scoring records wherever he plays. Whether with the England national team, Tottenham Hotspur, or Bayern Munich, the 31-year-old has built a reputation as an indestructible goal-scoring machine.
Yet a tragic note shadows his career: despite over 16 years and 500 professional matches, he has not won a major trophy.
The Bavarians hold an eight-point lead with three matches left, making the league title likely. However, Kane’s progress hit a snag as he received his fifth yellow card of the season, resulting in a one-game suspension under Bundesliga rules. He was booked for holding on to the ball in the first half of Bayern’s 3-0 win over Mainz on Saturday.