Africa & Middle East
ယီမင်ရှိ ဟူသီအဖွဲ့က အစ္စရေး၏ အဓိကလေဆိပ်အား ၂၄ နာရီအတွင်း နှစ်ကြိမ် တိုက်ခိုက်

ဆန်နား၊ ဂျေရုဆလမ်၊ မေ ၁၅ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့အနီးရှိ ဘန်ဂူရီယွန် လေဆိပ်အား ပစ်မှတ်ထား၍ ဒုံးကျည်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့က မေ ၁၄ ရက်၌ ပြောကြားခဲ့ပြီး ယင်းသည် ၂၄ နာရီအတွင်း ဒုတိယအကြိမ် တိုက်ခိုက်မှုလည်းဖြစ်သည်။
ဟူသီအဖွဲ့အနေဖြင့် အဆိုပါလေဆိပ်ကို ပစ်မှတ်ထားလျက် မေ ၁၃ ရက် နှောင်းပိုင်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် မေ ၁၄ ရက် အစောပိုင်းကလည်း ယင်းနေရာကိုပင် အလားတူတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ဟူသီအဖွဲ့၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆရီယာက ဗီဒီယိုမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အစ္စရေးကာကွယ်ရေးတပ် (IDF) ကမူ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၁ မိနစ်တွင် ယီမင်နိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်ကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံ အလယ်ပိုင်းနှင့် ဂျေရုဆလမ်မြို့တို့တွင် စမတ်ဖုန်း အက်ပလီကေးရှင်းမှတစ်ဆင့် မြို့ခံများအား သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း၊ ထို့နောက် မိနစ်ပိုင်းအကြာတွင် အဓိကအားဖြင့် ဂျေရုဆလမ်မြို့နှင့် ပင်လယ်သေ အနီးတစ်ဝိုက် အပါအဝင် ယင်းဒေသရှိ နေရာအချို့၌ လေကြောင်းတိုက်ခိုက်မှု သတိပေးဥဩသံများ ထွက်ပေါ်လာခဲ့ပြီး ဒေသခံများက အပြေးအလွှား အကာအကွယ်ယူခဲ့ရကြောင်း သိရသည်။
မေ ၁၃ ရက် ညပိုင်းက ယခင်ပစ်ခတ်ခဲ့သည့် ဒုံးကျည်ကိုလည်း ကြားဖြတ်ပစ်ချခဲ့သည်ဟု IDF က ဆိုသည်။ ဘန်ဂူရီယွန် လေဆိပ်မှာ အစ္စရေးနိုင်ငံ၏ အကြီးဆုံးလေဆိပ် ဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းသွားလာမှု ဗဟိုချက်လည်းဖြစ်သည်။ ယခင်ကလည်း ဟူသီအဖွဲ့က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကြောင့် ထိုလေဆိပ်၏ လည်ပတ်မှုများကို ရပ်ဆိုင်းခဲ့ရသည်။
ထိုသို့ တိုက်ခိုက်မှုများမှာ ဂါဇာဒေသ၌ အစ္စရေး၏ စစ်ဆင်ရေးလုပ်ဆောင်မှုများ ရပ်တန့်သွားအောင် ဖိအားပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆရီယာက ပြောကြားခဲ့ပြီး ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ကတိပြုခဲ့သည်။
သီးခြားဖြစ်စဉ်အနေဖြင့် မေ ၁၃ ရက် ညပိုင်းက ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံ တောင်ပိုင်းသို့ ဒုံးကျည်သုံးစင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုံးကျည်များအနက် ဒုံးကျည်နှစ်စင်းအား ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ကျန်ဒုံးကျည်တစ်စင်းမှာမူ ကွင်းပြင်ပေါ်သို့ ကျရောက်ခဲ့သည်ဟု IDF က ဆိုသည်။ ထိုဖြစ်စဉ်၌ အမျိုးသမီးတစ်ဦး အကာအကွယ်ယူစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး၏ အရေးပေါ် ကူညီစောင့်ရှောက်ရေးဌာနဖြစ်သော Magen David Adom (MDA) က ဆိုသည်။
အစ္စရေးအနေဖြင့် ဂါဇာဒေသတွင် မတ် ၁၈ ရက်၌ စစ်ဆင်ရေး ပြန်လည်စတင်ခဲ့ချိန်မှစ၍ ဟူသီအဖွဲ့က အစ္စရေးနယ်မြေထဲသို့ ပဲ့ထိန်းဒုံးကျည် အစင်း ၃၀ ခန့်နှင့် ဒရုန်းအမြောက်အမြားဖြင့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟူသီလက်နက်ကိုင်အဖွဲ့နှင့် အမေရိကန်အကြား အပစ်အခတ်ရပ်စဲရေးအတွက် မေ ၆ ရက်၌ သဘောတူညီမှု ရရှိခဲ့သော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှုများ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ အစ္စရေးအနေဖြင့် ဂါဇာတွင် စစ်ဆင်ရေးလုပ်ဆောင်မှုများနှင့် ဂါဇာအား ဝန်းရံပိတ်ဆို့ထားမှုကို မရပ်တန့်သရွေ့ အစ္စရေးအား ပစ်မှတ်ထား၍ ဆက်လက်တိုက်ခိုက်သွားမည်ဟု ဟူသီခေါင်းဆောင်များက ပြောကြားထားသည်။ (Xinhua)
……………………..
(English Version)
Yemen’s Houthis target Israel’s main airport twice within 24 hours
SANAA/JERUSALEM, May 14 (Xinhua) — Yemen’s Houthi group said on Wednesday that it had launched another missile targeting Israel’s Ben Gurion Airport near Tel Aviv, marking the second such attempt within 24 hours.
Houthi military spokesperson Yahya Sarea, speaking in a video statement, said the group had fired the missile early Wednesday, following a similar launch late Tuesday aimed at the same location.
The Israel Defense Forces (IDF) said it intercepted the missile fired from Yemen at 7:41 a.m. local time (0441 GMT). An alert was issued via a smartphone app to residents in central Israel and Jerusalem. Minutes later, air raid sirens sounded in parts of the region, mainly around Jerusalem and the Dead Sea, prompting residents to seek shelter.
The earlier missile, launched Tuesday night, was also intercepted, according to the IDF. Ben Gurion is Israel’s largest airport and main international hub. Previous Houthi missile attacks have forced the airport to halt operations.
Sarea said the attacks were intended to pressure Israel to halt its military operations in the Gaza Strip. He pledged to continue the missile strikes.
Separately, three rockets were fired from the Gaza Strip toward southern Israel on Tuesday night. The IDF said two were intercepted, and one landed in open terrain. Israel’s emergency service, Magen David Adom (MDA), said a woman was injured while heading to a shelter.
Since Israel resumed its military campaign in Gaza on March 18, the Houthis have launched around 30 ballistic missiles and dozens of drones toward Israeli territory, according to Israeli media.
The renewed attacks come despite a ceasefire agreement between the Houthis and Washington, reached with Omani mediation on May 6. Houthi leaders have said they will continue targeting Israel until its operations in Gaza end and the blockade on the enclave is lifted. ■
English Caption
This video grab shows smoke rising after a missile hit Ben Gurion International Airport in Tel Aviv, Israel, May 4, 2025. (Xinhua)