China
တရုတ်နိုင်ငံက ငါးနှစ်တာအသွင်ကူးပြောင်းမှုကာလအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အောင်မြင်မှုများကို အခိုင်အမာဆောင်ရွက်ခဲ့ကြောင်း အစီရင်ခံက ဖော်ပြ

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ဆင်းရဲနွမ်းပါးမှု အလုံးစုံပပျောက်ရေး ပြီးပြည့်စုံသော အောင်ပွဲတစ်ရပ်အား အလေးအနက်ကြေညာခဲ့သည့်နောက်ပိုင်း ငါးနှစ်တာအသွင်ကူးပြောင်းမှုကာလအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အောင်မြင်မှုများအား အခိုင်အမာ တိုးချဲ့ရေး ကြိုးပမ်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း ဇူလိုင် ၁၁ ရက်၌ ထုတ်ပြန်သော တတ်သိပညာရှင်အဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။
“ပြည်သူများ ပိုမိုကောင်းမွန်သော လူနေမှုဘဝရရှိရေး ကြိုးပမ်းဆောင်ရွက်ခြင်း – တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအောင်မြင်မှု အခိုင်အမာ တိုးချဲ့ဆောင်ရွက်ရာတွင် လက်တွေ့နှင့် သီအိုရီပိုင်း ဆန်းသစ်တီထွင်မှုများ” ဟု အမည်ပေးထားသော အစီရင်ခံစာကို ဆင်ဟွာ သတင်းအေဂျင်စီ၏ အဆင့်မြင့် တတ်သိပညာရှင်အဖွဲ့ Xinhua Institute က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဆင်းရဲနွမ်းပါးမှု တိုက်ပွဲ အောင်မြင်မှုရရှိပြီးနောက် တရုတ်နိုင်ငံသည် ကျေးလက်ဒေသ ပြန်လည်နိုးထရှင်သန်လာမှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အောင်မြင်မှုများ အခိုင်အမာတိုးချဲ့ရန် ငါးနှစ်တာ အသွင်ကူးပြောင်းရေးကာလကို ချမှတ်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ၊ စီးပွားရေးလေဆန်မှုများနှင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များ ကြီးထွားလာခြင်း စသည့် ရှုပ်ထွေးသော စိန်ခေါ်မှုများအား တုံ့ပြန်ရာတွင် တရုတ်နိုင်ငံသည် ကျဲ့ကျန်းပြည်နယ်၏ “အစိမ်းရောင် ကျေးလက်ဒေသပြန်လည်နိုးထရှင်သန်ရေး အစီအစဉ်” မှ အတွေ့အကြုံများ မြှင့်တင်ခြင်း၊ ဒေသဆိုင်ရာ မညီမျှမှုနှင့် မဖွံ့ဖြိုးမှုအား ကိုင်တွယ်ဖြေရှင်းရန် အရှေ့-အနောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းခြင်း၊ မြို့ပြ၊ ကျေးလက်နှင့် အခြားဒေသအသီးသီးအကြား ကွာဟချက်ကျဉ်းမြောင်းစေရေး စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ခြင်းဖြင့် မြို့ပြ-ကျေးလက် ကွဲပြားမှုကို ပေါင်းကူးပေးနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်သည် ငါးနှစ်တာအသွင်ကူးပြောင်းမှုကာလ၏ နောက်ဆုံးနှစ်ဖြစ်သည်။ ယင်းကာလတစ်လျှောက် တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ရောက်ရှိမည့်အခြေအနေများအား ကာကွယ်ရန် အခြေခံလိုင်းကို အခိုင်အမာ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာက ဆိုသည်။
ယင်းအချက်မှာ အလုပ်အကိုင်ခန့်အပ်မှုနှင့် ဝင်ငွေရရှိမှုတို့တွင် ထင်ရှားပေါ်လွင်နေပေသည်။ ဥပမာအားဖြင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများမှ လူဦးရေ ၃၃.၀၅ သန်းသည် အလုပ်အကိုင်များ ရရှိခဲ့ကြပြီး ယင်းကိန်းဂဏန်းမှာ လေးနှစ်ဆက်တိုက် သန်း ၃၀ အထက်၌ ဆက်တိုက်ရှိနေခြင်းဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/45U
……………………………………..
(English Version)
China consolidates poverty alleviation achievements in five-year transitional period: report
BEIJING, July 11 (Xinhua) — China has made continuous efforts to consolidate and expand its poverty alleviation achievements in a five-year transitional period after the country, in February 2021, solemnly declared a complete victory in eradicating absolute poverty, a think tank report said on Friday.
The report, titled “Striving for a Better Life for the People: China’s Practical and Theoretical Innovations in Consolidating and Expanding Poverty Alleviation Achievement,” was released by Xinhua Institute, a national high-level think tank of Xinhua News Agency.
According to the report, following its victory in the battle against poverty, China set a five-year transitional period to consolidate and expand the achievements as part of the efforts to promote rural revitalization.
In response to complex challenges such as the COVID-19 pandemic, economic headwinds and growing global development disparities, China has worked to bridge the urban-rural divide by promoting the experiences from Zhejiang’s “Green Rural Revival Program” and deepening east-west collaboration to address regional imbalances and underdevelopment, making sustained efforts to narrow the gap between urban and rural areas as well as among different regions, the report noted.
The year 2025 marks the final year of the five-year transitional period. Throughout this period, China has firmly upheld the bottom line of preventing any large-scale relapse into poverty, it said.
This has been manifested in employment and income. For instance, as of the end of 2024, 33.05 million individuals from formerly impoverished households were engaged in employment, a figure that has remained steadily above 30 million for four consecutive years, according to the report. xhtxs.cn/45U
Photo: An aerial drone photo taken on July 9, 2025 shows a view of Zhuqiao Village in Jinxi County of Fuzhou, east China’s Jiangxi Province. (Xinhua/Liu Jinhai)