Connect with us

China

တောင်တရုတ်ပင်လယ် မြောက်ဘက်ရေပြင်တွင် မောင်းသူမဲ့သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းရှာဖွေရေးစမ်းသပ်မှုများ လုပ်ဆောင်

တောင်တရုတ်ပင်လယ် မြောက်ပိုင်းရေပြင်တွင် “Xiangyanghong 10” သင်္ဘောက “မောင်းသူမဲ့ ယာဉ်ပျံငယ်အုပ်စု” သိပ္ပံသုတေသနလုပ်ငန်း ဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Xiangyanghong ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
တောင်တရုတ်ပင်လယ် မြောက်ဘက်ရေပြင်၌ မကြာသေးမီရက်များအတွင်း “Xiangyanghong 10” သင်္ဘောပေါ်ရှိ အမျိုးအစားစုံလင်သော ဒရုန်းများ၊ ရေမျက်နှာပြင်ပေါ်သွားမောင်းသူမဲ့ရေယာဉ်များနှင့် ရေအောက်သွား မောင်းသူမဲ့ယာဉ်များ ပါဝင်သည့် သိပ္ပံပညာရပ်ဆိုင်ရာ စမ်းသပ်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

Southern University of Science and Technology အောက်ရှိ သမုဒ္ဒရာသုတေသနဆိုင်ရာ အဆင့်မြင့်အင်စတီကျု ဦးဆောင်သော “ဆန်းသစ်တီထွင်မှုရှိသော ဉာဏ်ရည်ပေါင်းစပ်မှုစနစ်များဖြင့် စူးစမ်းလေ့လာခြင်း” အစီအစဉ်က သုတေသနအင်စတီကျုများ၊ အဆင့်မြင့်နည်းပညာကုမ္ပဏီများနှင့် သိပ္ပံပညာရပ်ဆိုင်ရာ အထင်ကရအဖွဲ့အစည်းများနှင့်အတူပူးပေါင်းလျက် မောင်းသူမဲ့ သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးကိရိယာများ၏ တီထွင်ဆန်းသစ်မှု၊ ပေါင်းစည်းမှုနှင့် ဉာဏ်ရည်ရှိမှုတို့ကို အချိန်နှင့်တစ်ပြေးညီ အကဲဖြတ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

တောင်တရုတ်ပင်လယ် မြောက်ပိုင်းရေပြင်တွင် “Dolphin 3” ရေမျက်နှာပြင်ပေါ်သွား ကယ်ဆယ်ရေးစက်ရုပ် စမ်းသပ်မှု လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် မြောက်ပိုင်းရေပြင်တွင် “Xiangyanghong 10” သင်္ဘောမှ အပူလှိုင်းအာရုံခံ စောင့်ကြည့်ရေး မောင်းသူမဲ့ယာဉ်ပျံ (UAV) ပျံတက်သွားသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် မြောက်ပိုင်းရေပြင်တွင် မောင်းသူမဲ့စစ်တမ်းကောက်ယူရေးရေယာဉ်က သိပ္ပံသုတေသနလုပ်ငန်း ဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Unmanned scientific exploration tests carried out in northern waters of South China Sea

XIANGYANGHONG 10, July 11 (Xinhua) — Chinese researchers successfully carried out scientific tests involving various types of drones, unmanned surface vessels, and autonomous underwater vehicles aboard the “Xiangyanghong 10” in the northern waters of the South China Sea in recent days.
The “Innovative Integrated Intelligent Systems Expedition,” led by the Advanced Institute for Ocean Research under Southern University of Science and Technology, in collaboration with multiple research institutes, high-tech companies, and science popularization organizations, conducted real-time assessments of the innovation, integration, and intelligence of these unmanned scientific exploration devices.
Photo 1: The “Xiangyanghong 10” conducts “Unmanned Swarm” scientific research in the northern waters of the South China Sea, July 8, 2025. (Xinhua/Zhang Jiansong)
Photo 2: The “Dolphin 3” surface rescue robot conducts test in the northern waters of the South China Sea, July 9, 2025. (Xinhua/Zhang Jiansong)
Photo 3: A thermal-imaging surveillance unmanned aerial vehicle (UAV) takes off from the “Xiangyanghong 10” to conduct scientific research in the northern waters of the South China Sea, July 8, 2025. (Xinhua/Zhang Jiansong)
Photo 4: An unmanned survey vessel conducts scientific research in the northern waters of the South China Sea, July 9, 2025. (Xinhua/Zhang Jiansong)