Connect with us

Africa & Middle East

အီရန်-အမေရိကန် “ဒုတိယအကြိမ်ဆွေးနွေးမှု” သတင်း မမှန်ကန်၊ ဆွေးနွေးမှုအလားအလာ မရေရာဟု အီရန်မီဒီယာ ဆို

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မြို့၌ အမေရိကန်-အီရန် ဆွေးနွေးပွဲ သတင်းမီဒီယာစင်တာအား ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အီရန်နှင့် အမေရိကန်အကြား ဆွေးနွေးမှုအလားအလာ မရေရာကြောင်း၊ ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ အီရန်-အမေရိကန် ဒုတိယအကြိမ်ဆွေးနွေးပွဲဆိုင်ရာ သတင်းများက မမှန်ကန်ကြောင်း အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသတင်းအေဂျင်စီ (IRNA) ၏ ဧပြီ ၁၉ ရက် သီးသန့်သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် အဆိုပါ သတင်းမီဒီယာက လူမှုကွန်ရက်မီဒီယာတွင် အီရန်အနေဖြင့် အမေရိကန်နှင့် ဒုတိယအကြိမ်ဆွေးနွေးရန် ငြင်းဆိုခဲ့ကြောင်း စာတစ်ကြောင်းသတင်းတိုတစ်ခု ထုတ်ပြန်ခဲ့သည်။

အမေရိကန်ဘက်က တရားလွန်သော တောင်းဆိုချက်များ၊ လက်တွေ့မကျသော မျှော်မှန်းချက်များကို အဆိုပြုပြီး ရပ်တည်ချက် အဆက်မပြတ် ပြောင်းလဲကာ ရှေ့နောက်မညီဖြစ်နေကြောင်း၊ တစ်ချိန်တည်းတွင်ပင် အီရန်အပေါ် အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက်သည်ဟု ရှုမြင်ရသော ပင်လယ်ပြင်ပိတ်ဆို့မှုများကို ဆက်လက် လုပ်ဆောင်နေသလို ခြိမ်းခြောက်စကားများကို ပြောကြားလျက်ရှိရာ ယနေ့တိုင် ဆွေးနွေးပွဲ တိုးတက်မှုမရှိအောင် အတားအဆီးများ ဖြစ်စေကြောင်း သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ဘက်က ဒုတိယအကြိမ် ဆွေးနွေးမှုဆိုင်ရာ သတင်းများ ထုတ်ပြန်ခြင်းသည် မီဒီယာလှည့်ကွက် သက်သက်သာဖြစ်ပြီး အီရန်အပေါ် ဖိအားပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သတင်းတွင် ထောက်ပြထားသည်။

အီရန် Tasnim သတင်းဌာနက ယင်းနေ့ မနက်အစောပိုင်းတွင် သတင်းဖော်ပြခဲ့ရာ အမေရိကန်နိုင်ငံအနေဖြင့် ပင်လယ်ပြင်ပိတ်ဆို့မှုများကို ဆက်လက်လုပ်ဆောင်နေသရွေ့ ဆွေးနွေးပွဲပြုလုပ်မည် မဟုတ်ဟု အီရန်ဘက်က အလေးထားပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန် မီဒီယာများ ဧပြီ ၁၉ ရက်တွင် အိမ်ဖြူတော် အရာရှိတစ်ဦး၏ စကားကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့ရာ အမေရိကန် ဒုတိယ သမ္မတ ဂျေဒီဗန့်စ် ဦးဆောင်သော အဖွဲ့သည် အစ္စလာမ်မာဘတ်မြို့၌ ကျင်းပမည့် အမေရိကန်-အီရန် ဆွေးနွေးပွဲအသစ်ကို တက်ရောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

—————–
(Chinese Version)
伊朗媒体:伊美“二谈”消息不实 谈判前景不明
新华社德黑兰4月19日电 据伊朗伊斯兰共和国通讯社19日独家报道,伊朗与美国谈判前景不明,有关在巴基斯坦首都伊斯兰堡举行第二轮伊美谈判的消息不实。这家媒体还在社交媒体发布一句话消息,称伊朗拒绝参加与美国的第二轮谈判。
报道说,美方提出过分要求、不切实际的期望,立场不断变化且自相矛盾,同时继续对伊朗实施被视为违反停火协议的海上封锁、发出威胁性言辞,迄今阻碍谈判取得进展。
报道指出,美方发布第二轮谈判相关消息纯属媒体操弄,旨在施压伊朗。
伊朗塔斯尼姆通讯社当天早些时候报道,伊朗方面强调,只要美国持续海上封锁,谈判就不会进行。
美国媒体19日援引白宫官员的话报道称,美国副总统万斯将率团参加在伊斯兰堡举行的美伊新一轮谈判。(完)
1. 这是4月11日在巴基斯坦首都伊斯兰堡拍摄的美伊谈判新闻中心。 新华社发(艾哈迈德·卡迈勒摄)