China
စက်ရုပ်ဖြင့် မှန်ပြောင်းထည့်ခွဲစိတ်မှု လုပ်ဆောင်ခြင်း
ထျန်းကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
၃၂ ကြိမ်မြောက် တရုတ်နိုင်ငံတစ်ဝန်း အကျိတ်ကာကွယ်ကုသရေး အသိပညာပေးသီတင်းပတ်ကာလတွင် သတင်းထောက်သည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆေးတက္ကသိုလ် အကျိတ်ဆေးရုံသို့ သွားရောက်၍ da Vinci ခွဲစိတ်ကုသမှုစက်ရုပ်ဖြင့် လုပ်ဆောင်သော မှန်ပြောင်းထည့်ခွဲစိတ်မှုကို အနီးကပ်လေ့လာခဲ့သည်။
ဆေးရုံခွဲစိတ်ခန်းအတွင်း၌ ဆရာဝန်သည် ထိန်းချုပ်မှုစက်ရှေ့တွင်ထိုင်ကာ ရုပ်ထွက် ကြည်လင်ပြတ်သားမှု မြင့်မားသော တီဗီမျက်နှာပြင်အား မပြတ်စောင့်ကြည့်ပြီး လက်နှစ်ဖက်သည်လည်း ထိန်းချုပ်ရေးလက်ကိုင်ကို သွက်လက်စွာထိန်းချုပ်၍ ကုတင်နံဘေးရှိစက်ရုပ်လက်တံဖြင့် လူနာခန္ဓာကိုယ်အတွင်း၌ တိကျစွာခွဲစိတ်ကုသမှု လုပ်ဆောင်ခဲ့သည်။
သမားရိုးကျခွဲစိတ်ကုသမှုနှင့် နှိုင်းယှဉ်ပါက da Vinci ခွဲစိတ်ကုသမှုစက်ရုပ်သည် လူသားမျက်လုံးနှင့် လက်တို့၏ ကန့်သတ်ချက်ကို ထိုးဖောက်ကျော်လွှားနိုင်ခဲ့သည်။ ၎င်းတွင်တပ်ဆင်ထားသော ရုပ်ထွက်ကြည်လင်ပြတ်သားမှုမြင့်မားသည့် တီဗီမျက်နှာပြင်သည် ခွဲစိတ်ကုသမှုမြင်ကွင်းကို အဆများစွာချဲ့ပြပေးနိုင်သဖြင့် ရောဂါဖြစ်ပွားသည့်နေရာ၊ သွေးကြော၊ အာရုံကြော စသည်တို့ကို ရှင်းလင်းစွာဖော်ပြနိုင်သည်။ သွက်လက်သည့် စက်ရုပ်လက်တံသည် လူလက်ထက်သာလွန်သော လှုပ်ရှားနိုင်စွမ်းရှိကာ ရင်ခေါင်း၊ ဝမ်းတွင်း စသည့် ကျဉ်းမြောင်းသော ခွဲစိတ်ကုသရန်နေရာများ၌ လွတ်လပ်စွာလှုပ်ရှားနိုင်ပြီး တစ်ချိန်တည်းတွင် လူလက်၏ အနည်းငယ်တုန်တတ်မှုကိုလည်း အလိုအလျောက်ဖယ်ရှားပေးကာ တိကျစွာဖြတ်တောက်မှုကို လုပ်ဆောင်နိုင်သည်။
လတ်တလောနှစ်ပိုင်းတွင် ထျန်းကျင်းဆေးတက္ကသိုလ် အကျိတ်ဆေးရုံသည် မှန်ပြောင်းထည့်၍ ခွဲစိတ်နည်းကဏ္ဍအား အဆက်မပြတ် ထဲထဲဝင်ဝင်လုပ်ဆောင်ခဲ့ရာ လက်ရှိဆေးရုံတွင် da Vinci ခွဲစိတ်ကုသမှုစက်ရုပ် ၃ လုံးရှိပြီး စုစုပေါင်း ခွဲစိတ်ကုသမှုအကြိမ်ရေတစ်သောင်းကျော် လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ နယ်ပယ်စုံအားလွှမ်းခြုံထားသည့် မှန်ပြောင်းထည့်၍ တိကျစွာ ခွဲစိတ်ကုသမှုစနစ်ကို တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆေးတက္ကသိုလ် အကျိတ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက လူနာအား ခွဲစိတ်ကုသမှု လုပ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဆေးတက္ကသိုလ် အကျိတ်ဆေးရုံမှ အစာရေပြွန်အကျိတ် မှန်ပြောင်းထည့်ခွဲစိတ်မှုဌာန ဌာနမှူး ကျန်းဟုန်ကျင်က da Vinci ခွဲစိတ်ကုသမှုစက်ရုပ်အား ထိန်းချုပ်လုပ်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


—————————
(Chinese Version)
看“机器人”做肿瘤微创手术
新华社照片,天津,2026年4月20日
在第32个全国肿瘤防治宣传周期间,记者来到天津医科大学肿瘤医院,近距离感受一场由达芬奇手术机器人完成的肿瘤微创手术。
在医院手术室,医生端坐于操控台前,双眼紧盯高清成像屏幕,双手灵活操控手柄,通过床旁机械臂,在患者体内完成精准操作。
相较于传统手术,达芬奇手术机器人突破了肉眼与人手的局限,搭载的高清成像系统可将手术视野放大数倍,让病灶、血管、神经等清晰呈现;灵活的机械臂拥有超越人手的活动度,能在胸腔、腹腔等狭小手术空间内自由操作,同时自动滤除手部细微震颤,实现精准切除。
据了解,近年来,天津医科大学肿瘤医院持续深耕微创外科领域,医院现有3台达芬奇手术机器人,累计完成手术超万台,已构建起覆盖多学科的精准微创治疗体系。
图说1:4月19日,天津医科大学肿瘤医院的医护人员在进行术前准备工作。新华社记者 李然 摄
图说2:4月19日,天津医科大学肿瘤医院的医护人员在给病人做手术。 新华社记者 李然 摄
图说3:4月19日,天津医科大学肿瘤医院食管肿瘤微创外科主任姜宏景在操控达芬奇手术机器人。新华社记者 李然 摄
