Connect with us

Science & Technology

Shenzhou-12 က အာကာသပင်မခန်းမှ ခွဲထွက်

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်အာကာသယာဉ်မှူးများဖြစ်သော နွဲ့ဟိုင်စိန့် (Nie Haisheng) ၊ လျိုပေါ်မင် (Liu Boming) နှင့် ထန်းဟုန်ပေါ (Tang Hongbo) တို့အား တင်ဆောင်ထားသော Shenzhou-12 အာကာသယာဉ်သည် စက်တင်ဘာ ၁၆ ရက် (ပေကျင်းစံတော်ချိန်) နံနက် ၈:၅၆ နာရီက Tianhe အာကာသစခန်း ပင်မခန်းမှ ခွဲထွက်သွားခဲ့ကြောင်း သိရသည်။၎င်း အာကာသယာဉ်မှူး ၃ ဦးသည် ပင်မခန်းတွင် ရက်ပေါင်း ၉၀ ကြာ နေထိုင်ကာ အလုပ်လုပ်ကိုင်ခဲ့ပြီး တရုတ် အာကာသယာဉ်မှူးများအနက် အာကာသတွင် အရှည်ကြာဆုံးနေထိုင်ခြင်းလည်း ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသောအာကာသအေဂျင်စီ (CMSA) အရ သိရသည်။

အာကာသယာဉ်မခွဲထွက်မီ အာကာသယာဉ်မှူးများသည် မြေပြင်ရှိ သိပ္ပံ-နည်းပညာဝန်ထမ်းများမှ ပံ့ပိုးပေးခြင်းဖြင့် ပင်မခန်းနှင့် Tianzhou-2 ကုန်တင်အာကာသယာဉ် ပေါင်းစပ်ခြင်းအခြေအနေ ဆောင်ရွက်ခြင်း၊ သုတေသန အချက်အလက်များအား အမျိုးအစားခွဲခြင်းနှင့် ဒေါင်းလုတ်ပြုလုပ်ခြင်း (downloading) နှင့် ဂြိုဟ်ပတ်လမ်းကြောင်းတွင် ထိန်းသိမ်းထားသော အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းခြင်း စသည့် မြောက်များစွာသော လုပ်ငန်းများ ပြီးစီးခဲ့သည်။

အဆိုပါ တရုတ် အာကာသယာဉ်မှူး ၃ ဦးကို Shenzhou-12 အာကာသယာဉ်နှင့်အတူ အာကာသအတွင်းသို့ စေလွှတ်ခဲ့ပြီး ဇွန် ၁၇ ရက်တွင် Tianhe ပင်မခန်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရက်ပေါင်း ၉၀ အတွင်း အာကာသဝတ်စုံဖြင့် အာကာသယာဉ်အပြင်ဘက်လုပ်ငန်းဆောင်ရွက်ခြင်းကို နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Shenzhou-12 separates from space station core module

BEIJING, Sept. 16 (Xinhua) — The spacecraft Shenzhou-12, which is carrying Chinese astronauts Nie Haisheng, Liu Boming and Tang Hongbo, separated from the space station core module Tianhe at 8:56 a.m. Thursday (Beijing Time).

The three astronauts have lived and worked in Tianhe for 90 days, the longest stay in space by Chinese astronauts, according to the China Manned Space Agency (CMSA).
Prior to the separation, the astronauts had completed various works, such as setting the status of the combination of the core module and the Tianzhou-2 cargo craft, sorting and downloading experiment data, and clearing and transferring supplies kept in orbit, with support from sci-tech staff on the ground, the CMSA said.

The three Chinese astronauts were sent into space onboard the Shenzhou-12 spaceship and entered Tianhe on June 17. The crew carried out extravehicular activities twice over the past 90 days. Enditem
Photo : Screen image captured at Beijing Aerospace Control Center in Beijing, capital of China, June 17, 2021 shows three Chinese astronauts onboard the Shenzhou-12 spaceship saluting after entering the space station core module Tianhe. (Xinhua/Jin Liwang)