Connect with us

International Organizations

ယူကရိန်းအရေးကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် တရုတ်ကိုယ်စားလှယ်တိုက်တွန်း

ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ် Zhang Jun က နယူးယောက်မြို့ ကုလဌာနချုပ်၌ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်သည့် ဘက်စုံနျူကလီးယားစမ်းသပ်မှုတားဆီးရေး(CTBT) လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhang Jun က ယူကရိန်းအရေးအား “ ကြောင်းကျိုးဆီလျော်သောဖြေရှင်းမှုများ” လုပ်ဆောင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများအလုံးကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။“ သံတမန်နည်းလမ်းနဲ့အဖြေရှာဖို့အတွက် ကြိုးပမ်းအားထုတ်မှုတိုင်းကို ကျွန်တော်တို့ ကြိုဆိုပါတယ်၊ ထောက်ခံအားပေးပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ညှိနှိုင်းဆောင်ရွက်ဖို့ တောင်းဆိုပါတယ်။ တန်းတူညီမျှမှု နဲ့ အပြန်အလှန်လေးစားမှုကိုအခြေခံတဲ့ တစ်ဖက်နဲ့တစ်ဖက်စိုးရိမ်ပူပန်ဖွယ် ကိစ္စရပ်တွေအပေါ် ကြောင်းကျိူးဆီလျော်စွာအဖြေရှာကြဖို့ပဲဖြစ်ပါတယ်” ဟု ယူကရိန်းအရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးတွင် တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhang က တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ယူကရိန်းမှာ နောက်ဆုံးဖြစ်ပေါ်တိုးတက်တဲ့အခြေအနေကို တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေပါတယ် ၊ ပြီးခဲ့တဲ့ လုံခြုံရေးကောင်စီအစည်းအဝေး နှစ်ခုမှာ ကျွန်တော်တို့ ပြောခဲ့တဲ့ ရပ်တည်ချက်အတိုင်းပဲ အပြည့်အဝ ဆုတ်ကိုင်ထားပါတယ်။”ဟု Zhang က ပြောကြားခဲ့သည်။ထို့ပြင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် တည်တည်ငြိမ်ငြိမ်ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး တင်းမာမှုများကို ပိုမိုမြင့်တက်စေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

လက်ရှိယူကရိန်းနိုင်ငံအခြေအနေသည် “ ရှုပ်ထွေးမှုပေါင်းများစွာရဲ့ အကျိုးရလဒ်တစ်ခုဖြစ်နေတာပါ” ဟု တရုတ်သံတမန်က မီးမောင်းထိုးပြခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ယင်းကိစ္စရပ်၏ အားသာချက်များအပေါ် မိမိ၏ ကိုယ်ပိုင်ရပ်တည်ချက်နဲ့အညီ အစဉ်အမြဲကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။ “သက်ဆိုင်ရာနိုင်ငံများအားလုံးအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်ပါ အခြေခံစည်းမျဉ်းစည်းကမ်းများ နှင့် ရည်ရွယ်ချက်များနှင့်အညီ ငြိမ်းချမ်းသောနည်းလမ်းဖြင့် နိုင်ငံတကာအငြင်းပွားမှုကို ဖြေရှင်းသင့်သည်ဟု ကျွန်တော်တို့ ယုံကြည်ကြောင်း” ၎င်းက ဆိုသည်။

အဆိုပါလုံခြုံရေးကောင်စီအစည်းအဝေးကို ယူကရိန်း (ကိဗ်) ၊ အမေရိကန် ၊ ဥရောပ ငါးနိုင်ငံ နှင့် မက္ကဆီကိုနိုင်ငံတို့၏ တောင်းဆိုချက်အရ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံများအဖြစ် Lugansk ပြည်သူ့သမ္မတနိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့သမ္မတနိုင်ငံ (DPR)တို့ကို အသိအမှတ်ပြုကြောင်း အမိန့်ဒီဂရီ နှစ်ရပ်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)
Chinese envoy urges diplomacy to resolve Ukraine issue

UNITED NATIONS, Feb. 21 (Xinhua) — China’s permanent representative to the United Nations, Zhang Jun, on Monday called on all parties concerned to seek “reasonable solutions” to the Ukraine issue.

“We welcome and encourage every effort for a diplomatic solution, and call on all parties concerned to continue dialogue and consultation, and seek reasonable solutions to address each other’s concerns on the basis of equality and mutual respect,” Zhang told the Security Council emergency meeting on Ukraine.
“China has been paying close attention to the latest development of the situation in Ukraine. We have fully elaborated on our position at the previous two meetings of the Security Council,” said Zhang, noting that all parties concerned must exercise restraint and avoid any action that may fuel tensions.

The envoy underlined that the current situation in Ukraine “is a result of many complex factors. China always makes its own position according to the merits of the matter itself. We believe that all countries should solve international disputes by peaceful means in line with the purposes and principles of the UN Charter.”

The meeting was held at the request of Kiev, the United States, five European nations and Mexico.
Russian President Vladimir Putin on Monday signed two decrees recognizing “the Lugansk People’s Republic” and “the Donetsk People’s Republic” as independent and sovereign states. Enditem

Photo- zhang Jun, China’s permanent representative to the United Nations, speaks at a Security Council meeting on the Comprehensive Nuclear-Test-Ban Treaty (CTBT) at the UN headquarters in New York, Sept. 27, 2021.