Connect with us

Europe

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ၏ ခွဲထွက်နယ်မြေများကို သီးခြားလွတ်လပ်နိုင်ငံများအဖြစ် အသိအမှတ်ပြုပြီးနောက် ဘိုင်ဒန်ကလည်း သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးရန်ရှိ

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံက သီးခြားလွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုလိုက်သည့် ယူကရိန်းရှိ ဒေသနှစ်ခုတွင် စီးပွားရေးလုပ်ကိုင်နေကြသော အမေရိကန်နိုင်ငံသားများအား တားမြစ်သည့် အမိန့်ဒီဂရီတစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးသွားမည်ဟု အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ Jen Psaki က ဖေဖော်ဝါရီ ၂၁ ရက်၌ ပြောကြားခဲ့သည်။“သမ္မတ ဘိုင်ဒန်က ယူကရိန်းရဲ့ DNR နဲ့ LNR လို့ခေါ်တဲ့ ဒေသတွေအတွင်း သို့မဟုတ် အဲဒီဒေသတွေမှ သို့မဟုတ် အဲဒီဒေသတွေထံကို သွားရောက် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနဲ့ ငွေကြေးလုပ်ငန်း ဆောင်ရွက်မှုအသစ်တွေကို တားမြစ်သွားမယ့် အမိန့်ညွှန်ကြားချက်တစ်ခုကို မကြာမီ ထုတ်ပြန်သွားပါလိမ့်မယ်” ဟု Psaki က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ Lugansk ပြည်သူ့သမ္မတနိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့သမ္မတနိုင်ငံ (DPR) တို့ကို ရုရှားဘာသာစကား အတိုကောက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး ပြည်သူ့သမ္မတနိုင်ငံများအဖြစ် ကိုယ်တိုင်ကြေညာထားသည့် Lugansk နှင့် Donetsk နိုင်ငံနှစ်ခုသည် ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ မြင့်တက်လာချိန်တွင် ယင်းဒေသများရှိ အစိုးရဆန့်ကျင်ရေး စစ်သွေးကြွအုပ်စုများက ထူထောင်ခဲ့ခြင်း ဖြစ်သည်။

“ဒီသမ္မတအမိန့်ညွှန်ကြားချက်က ယူကရိန်းရှိ အဲဒီဒေသတွေမှာ လုပ်ငန်းလည်ပတ်ဖို့ ဆုံးဖြတ်ထားတဲ့ ဘယ်လိုလူမျိုးကိုမဆို ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ အာဏာပံ့ပိုးပေးပါလိမ့်မယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတို့က အသေးစိတ်အချက်အလက်တွေကို မကြာခင်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီကနေ့ ရုရှားရဲ့ နိုင်ငံတကာ ကတိကဝတ်တွေကို ချိုးဖောက်တာနဲ့ ဆက်စပ်တဲ့ ထပ်တိုးဆောင်ရွက်ချက်တွေကိုလည်း မကြာမီ ကြေညာသွားဖို့ရှိပါတယ်” ဟု Psaki က ပြောကြားခဲ့သည်။

၎င်းအမိန့်ညွှန်ကြားချက်သည် အကယ်၍ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား ကျူးကျော်ခဲ့ပါက အမေရိကန်က ရုရှားအပေါ် သတ်မှတ်ရန် ပြင်ဆင်ထားသော စီးပွားရေးပိတ်ဆို့မှုများနှင့် သီးခြားစီဖြစ်ကြောင်း ပြန်ကြားရေးအရာရှိက ဆိုသည်။ “ကျွန်မတို့အနေနဲ့ ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားရဲ့ အရှိန်မြှင့်တင်လာမှုတွေကို ယူကရိန်းအပါအဝင် မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ဆက်လက် အနီးကပ်ညှိနှိုင်းဆွေးနွေးနေပါတယ်”

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က DNR နှင့် LNR တို့အား သီးခြားလွတ်လပ်ပြီး အချုပ်အခြာပိုင်နိုင်ငံများ အဖြစ် အသိအမှတ်ပြုသည့် အမိန့်ဒီဂရီတစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာပြီးနောက် အိမ်ဖြူတော်၏ ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဥရောပသမဂ္ဂကလည်း ၎င်း၏ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ ကြေညာထားကြောင်း သိရသည်။ (Xinhua)

…………………………………………
Biden to issue executive order after Russia recognizes independence of Ukraine’s breakaway territories
Source: Xinhua
Editor: huaxia
2022-02-22 06:02:58
WASHINGTON, Feb. 21 (Xinhua) — White House press secretary Jen Psaki said Monday that U.S. President Joe Biden will soon sign an executive order banning Americans from doing business in the two Ukrainian regions that Russia has recognized as independent states.
“President Biden will soon issue an Executive Order that will prohibit new investment, trade, and financing by U.S. persons to, from, or in the so-called DNR and LNR regions of Ukraine,” Psaki said in the statement, using the Russian abbreviation of the “Donetsk People’s Republic” and the “Lugansk People’s Republic,” two self-declared republics founded by anti-government militia groups in Ukraine’s Donetsk and Lugansk oblasts during the height of the armed conflicts in eastern Ukraine in 2014.
“This E.O. will also provide authority to impose sanctions on any person determined to operate in those areas of Ukraine,” said Psaki. “The Departments of State and Treasury will have additional details shortly. We will also soon announce additional measures related to today’s blatant violation of Russia’s international commitments.”
The press secretary said the executive order is separate from the economic sanctions the United States is preparing to impose on Russia if it invades Ukraine. “We are continuing to closely consult with Allies and partners, including Ukraine, on next steps and on Russia’s ongoing escalation along the border with Ukraine.”
The White House’s statement came shortly after Russian President Vladimir Putin announced that he had signed a decree recognizing the DNR and the LNR as independent and sovereign states. The European Union also announced its sanctions. ■
Photo : Russian President Vladimir Putin and U.S. President Joe Biden (Xinhua)