Connect with us

INTERNATIONAL ORGANIZATION

ထိုင်းနိုင်ငံ၌ ကူးစက်မှုအသစ်များ မြင့်တက်လာချိန်တွင် COVID-19 ရောဂါသတိပေးချက်အဆင့်အား တိုးမြှင့်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူနေသူ တစ်ဦးအား ဖေဖော်ဝါရီ ၁၇ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံသည် အိုမီခရွန်မျိုးဗီဇပြောင်းပိုး ပျံ့နှံမှု နှင့် ဆက်စပ်နေသည့် ကူးစက်မှုအသစ် ဖြစ်ပွားမှုအရေအတွက်များ မြင့်တက်လာပြီးနောက် COVID-19 ရောဂါသတိပေးချက်အဆင့်အား ဒုတိယအမြင့်ဆုံးအဆင့်သို့ ဖေဖော်ဝါရီ ၂၁ ရက်တွင် တိုးမြှင့်ခဲ့ကြောင်း သိရသည်။ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ရောဂါပျံ့နှံမှုကို ထိန်းချုပ်ရန် လူစုဝေးခြင်းအား ရှောင်ကြဉ်ခြင်း နှင့် စားသောက်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်းအား တားမြစ်သည့် စည်းမျဉ်းများ အပါအဝင် COVID-19 ရောဂါသတိပေးချက်အဆင့်အား အဆင့် ၃ မှ အဆင့် ၄ ထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာနသည် အိုမီခရွန်မျိုးဗီဇပြောင်းပိုး အလျှင်အမြန်ပျံ့နှံမှုကြောင့် လာမည့် ရက်သတ္တပတ် တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း ကူးစက်မှုအသစ် ဖြစ်ပွားမှုအရေအတွက်များ ဆက်လက်မြှင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပြီး ယခုအခါ အိုမီခရွန်မျိုးဗီဇပြောင်းပိုးကူးစက်ဖြစ်ပွားမှုသည် ရောဂါဖြစ်ပွားမှု၏ ၉၀ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားမှုအသစ် ၁၈,၈၈၃ ဦး နှင့် ထပ်မံသေဆုံးသူ ၃၂ ဦး ရှိပြီး စုစုပေါင်း ရောဂါဖြစ်ပွားသူ ၂ ဒသမ ၇၃ သန်းကျော် နှင့် သေဆုံးသူ ၂၂,၆၅၆ ဦးအထိ အသီးသီးမြင့်တက်လာခဲ့ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ထံမှ သိရသည်။

ဝန်ကြီးဌာနက ပြည်သူများအား အထူးသဖြင့် အသက် ၆၀ နှစ်အထက် သို့မဟုတ် ရောဂါအခံရှိသူများအား ကာကွယ်ဆေးထပ်ဆောင်းထိုးနှံမှုအား တက်နိုင်သမျှ အမြန်ဆုံး ထိုးနှံကြရန် အကြံပြုထားသည်။
ဖေဖော်ဝါရီ ၂၀ ရက်အထိ နိုင်ငံလူဦးရေ သန်း ၇၀ နီးပါး၏ ၇၁ ဒသမ ၁ ရာခိုင်နှုန်းသည် အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားပြီး ၂၇ ဒသမ ၅ ရာခိုင်နှုန်းသည် ကာကွယ်ဆေးထပ်ဆောင်းထိုးနှံထားကြောင်း CCSA ထံမှ သိရသည်။ (Xinhua)
#Thailand #COVID-19 #alert #level #ထိုင်းနိုင်ငံ #သတိပေးချက် #အဆင့် #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

…………………………………………
(Chinese Version)

Thailand raises COVID-19 alert level amid rising new infections

BANGKOK, Feb. 21 (Xinhua) — Thailand on Monday raised its COVID-19 alert level to the second-highest tier following a rising number of new infections linked to the spread of the Omicron variant.

The Ministry of Public Health raised the COVID-19 alert level from 3 to 4, a category that includes regulations discouraging dining or drinking at restaurants and avoiding public gatherings to contain the spread of COVID-19.
The ministry expected the number of new infections to keep rising in the coming one or two weeks due to the fast spread of the Omicron variant, which now accounts for more than 90 percent of active cases.

Thailand reported 18,883 new cases and 32 additional fatalities over the past 24 hours, raising the total number of infections and fatalities to more than 2.73 million and 22,656 respectively, according to the Center for COVID-19 Situation Administration (CCSA).

The ministry advised the public to take booster shots as soon as possible, especially those aged above 60 or with underlying diseases.
As of Sunday, 71.1 percent of the country’s nearly 70-million population had been fully-vaccinated, while 27.5 percent had received booster shots, according to the CCSA. Enditem
Photo – Feb. 17, 2022 (Xinhua) — A woman receives a dose of COVID-19 vaccine in Bangkok, Thailand, on Feb. 17, 2022. (Xinhua/Rachen Sageamsak)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.