Connect with us

Economy

ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် လူဝင်ရောက်မှုနှုန်းလျှော့ချမှုနှင့်အတူ ရှန်ဟိုင်း ဒစ်စနေးအပန်းဖြေဥယျာဉ် ဖွင့်လှစ်လည်ပတ်လျက်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းဒစ်စနေးလန်းအတွင်း သွားလာနေသူများအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း ဒစ်စနေးအပန်းဖြေဥယျာဉ်အား မြို့တော်ဆိုင်ရာ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လိုအပ်ချက်များအား ထပ်မံအကောင်အထည်ဖော်ရန် လူဝင်ရောက်မှုလျှော့ချခြင်းဖြင့် ဖွင့်လှစ်လည်ပတ်သွားမည်ဖြစ်ကြောင်း မတ် ၁၁ ရက်က ကြေညာခဲ့သည်။

ရှန်ဟိုင်း ဒစ်စနေးတွင် ရှန်ဟိုင်းဒစ်စနေးလန်း (Shanghai Disneyland) ၊ ဒစ်စနေးအပြင်အဆင်ဖြင့် ဟိုတယ်များ၊ ဒစ်စနေးမြို့နှင့် Wishing Star ဥယျာဉ်တို့ ပါဝင်သည်။

မတ် ၁၂ ရက်မှစ၍ ရှန်ဟိုင်းဒစ်စနေးလန်း၏ ဆွဲဆောင်မှုများနှင့် ပြပွဲအများစုကို လူဝင်ရောက်မှု လျှော့ချခြင်းဖြင့် ဖွင့်လှစ်လည်ပတ်သွားမည်ဖြစ်ပြီး ဇာတ်ရုံပြပွဲများကိုမူ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရသည်။

ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဆောင်ရွက်ချက်များကိုလည်း တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်သလို သရုပ်ဆောင်အဖွဲ့ဝင်များအားလုံးကိုလည်း ပုံမှန် nucleic acid စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။

ထို့ပြင် မတ် ၁၃ ရက်မှစ၍ လာရောက်လည်ပတ်သူများအနေဖြင့် အပန်းဖြေဥယျာဉ်အတွင်းသို့ မဝင်ရောက်မီ ၂၄ နာရီအတွင်း စစ်ဆေးထားသည့် ရောဂါမရှိကြောင်း nucleic acid ဆေးစစ်ချက်များကို ပြသရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဝင်ရောက်လည်ပတ်သည့်တစ်ချိန်လုံးတွင်လည်း နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လူချင်းခပ်ခွာခွာနေခြင်းများလည်း လိုအပ်မည်ဖြစ်ကြောင်း အပန်းဖြေဥယျာဉ်က ဆိုသည်။

ရှန်ဟိုင်းမြို့တွင် မတ် ၁၀ ရက်က ရောဂါအတည်ပြုလူနာအသစ် ၁၁ ဦးနှင့် ရောဂါလက္ခဏာမပြသူ ဒေသခံ ၆၄ ဦးရှိကြောင်း၊ နောက်ဆုံး ရောဂါဖြစ်ပွားမှုတွင် ဒေသခံအစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုများ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………

Shanghai Disney Resort to operate with reduced capacity for epidemic control
Source: XinhuaEditor: huaxia2022-03-12 01:34:15

SHANGHAI, March 11 (Xinhua) — Shanghai Disney Resort announced on Friday that it will operate with reduced capacity to further implement COVID-19 epidemic control and prevention requirements of the municipality.

Shanghai Disney Resort consists of Shanghai Disneyland, two themed hotels, Disneytown, and Wishing Star Park.

Starting from Saturday, the majority of Shanghai Disneyland’s attractions and shows will operate at reduced capacity, while its theatre shows will be temporarily suspended.

Onsite epidemic control and prevention measures will be tightened, as all cast members will be required to undergo regular nucleic acid tests.

Starting from Sunday, its visitors will also be required to present negative nucleic acid test results taken within 24 hours prior to the entry. Mask-wearing and social distancing will be required during their entire visit, said the resort.

On Thursday, Shanghai registered 11 new local confirmed cases and 64 local asymptomatic carriers of the coronavirus. The city has reported a cluster of local infections amid the latest outbreak. ■
Photo : People walk into Shanghai Disneyland in east China’s Shanghai, Nov. 3, 2021. (Xinhua/Ding Ting)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.