Connect with us

Culture & Entertainment

တိဘက်ရှိ ပုတ္တလနန်းတော်၌ ရှေးဟောင်း ပေစာ၊ပရပိုဒ်စာ ၁.၁ သန်းကျော် စုဆောင်းသိမ်းဆည်းထား

တရုတ်နိုင်ငံ တိဘက်ဒေသရှိ ပုတ္တလနန်းတော်၌ ရှေးဟောင်းကျမ်းစာပရပိုဒ်များကို လေ့လာနေသူများအားတွေ့ရစဉ်(ဆင်ဟွာ) ပုံစာ- တရုတ်နိုင်ငံ တိဘက်ဒေသရှိ ပုတ္တလနန်းတော် နှင့် လာဆာမြို့မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

လာဆာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပုတ္တလနန်းတော်၌ ပြီးခဲ့သော ၃ နှစ်တာကာလအတွင်း ရှေးဟောင်းစာပေကျမ်းဂန် ပေစာ ၊ ပရပိုဒ်စာ ၁.၁ သန်းကျော် စုဆောင်းသိမ်းဆည်းထားပြီး ဖြစ်ကြောင်း သိရသည်။၂၀၁၈ ခုနှစ် နှောင်းပိုင်းမှစတင်ကာ ၁၀ နှစ် စီမံကိန်းစတင်ခဲ့ရာတွင် ပထမအဆင့်ပြီးမြောက်သွားပြီးနောက် အဆိုပါ ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်၍ ဒေသတွင်း ရှေးဟောင်းအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေးညီလာခံတစ်ခု၌ ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်း ၁၀ နှစ်စီမံကိန်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ယွမ်သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၄၇ သန်း) ရှိမည်ဖြစ်ပြီး နန်းတော်အတွင်းရှိ ရှေးဟောင်းစာပေကျမ်းဂန်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်လုပ်ဆောင်သော စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ပုတ္တလနန်းတော်သည် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လာဆာမြို့၌ တည်ရှိပြီး ၇ ရာစုတွင် တိဘက်ဘုရင် Songtsen Gampo က တည်ဆောက်ခဲ့ကာ ၁၇ ရာစုတွင် တိုးချဲ့ပြင်ဆင်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ တိဘက်ဒေသရှိ ပုတ္တလနန်းတော်၌ ရှေးဟောင်းကျမ်းစာပရပိုဒ်များကို လေ့လာနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)
ပုံစာ- တရုတ်နိုင်ငံ တိဘက်ဒေသရှိ ပုတ္တလနန်းတော် နှင့် လာဆာမြို့မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ယင်းနန်းတော်သည် ၁၉၉၄ ခုနှစ်တွင် ယူနက်စကို(UNESCO)ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ဂုဏ်ပြုထည့်သွင်းခံရပြီး ဆင်းတုတော်များ ၊ ပန်းချီကားများ နှင့် နံရံဆေးရေးပန်းချီများအပါအဝင် အဖိုးမဖြတ်နိုင်သော စာပေကျမ်းဂန်များ ၊ သမိုင်းဝင် ပေစာပရပိုဒ်များ နှင့် အဖိုးတန် ဓာတ်တော်မွေတော်များကို စုဆောင်းသိမ်းဆည်းထားရာနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တိဘက်ဒေသရှိ ပုတ္တလနန်းတော်၌ ရှေးဟောင်းကျမ်းစာပရပိုဒ်များကို လေ့လာနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)
ပုံစာ- တရုတ်နိုင်ငံ တိဘက်ဒေသရှိ ပုတ္တလနန်းတော် နှင့် လာဆာမြို့မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ပုတ္တလနန်းတော်၌ တရုတ် ၊ တိဘက် ၊ မန်ချူး ၊ မွန်ဂိုလီးယား နှင့် တက္ကသဘာသာစကားများဖြင့် ရေးသားထားသော ရှေးဟောင်းပေစာပရပိုဒ်စာ နှင့် စာရွက်စာတမ်းများ ထောင်ပေါင်းများစွာကိုလည်း စုဆောင်းသိမ်းဆည်းထားကြောင်း သိရသည်။(Xinhua)
—————————
(English Version)
Over 1.1 mln folios of ancient texts archived at Tibet’s Potala Palace
More than 1.1 million folios of 3,281 ancient books and documents have been archived over the past three years at the Potala Palace in southwest China’s Tibet Autonomous Region.
The progress was announced at a relics protection conference in the region, following completion of the first phase of a 10-year project that began in late 2018. It aims to protect ancient texts at the palace, with a total investment worth 300 million yuan (about 47 million U.S. dollars).
The Potala Palace, located in the regional capital of Lhasa, was built by Tibetan King Songtsen Gampo in the seventh century and expanded in the 17th century.
The Palace was included on the UNESCO World Heritage List in 1994 and holds a collection of invaluable scriptures, historical documents, and precious relics, including statues, paintings and frescoes.
The Palace collection includes tens of thousands of ancient books and documents in Chinese, Tibetan, Manchu, Mongolian and Sanskrit.