Connect with us

Media

တူရကီနိုင်ငံ၌ မဟာအလက်ဇန္ဒား ဦးခေါင်းပုံတူရုပ်တု တူးဖော်တွေ့ရှိ

အစ္စတန်ဘူလ် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ ပင်လယ်နက်ဒေသအနောက်ပိုင်းတွင် မဟာအလက်ဇန္ဒားဟု လူသိများသည့် မက်ဆီဒိုးနီးယားနိုင်ငံ၏ တတိယမြောက် အလက်ဇန္ဒားဘုရင်၏ ဦးခေါင်းပုံတူ စကျင်ကျောက်ရုပ်တုတစ်ခုအား တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသန္တရတာဝန်ရှိသူများက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဦးခေါင်းပုံတူ စကျင်ကျောက်ရုပ်တုအား Duzce ပြည်နယ်အတွင်းရှိ Prusias ad Hypium ရှေးဟောင်း ပြဇာတ်ရုံ၌ တူးဖော်မှုများ ဆောင်ရွက်နေစဉ်အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသန္တရမြူနီစပယ်က ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းဦးခေါင်းပုံတူရုပ်တုအား ဆန်းစစ်မှုများနှင့်ပြသမှုများ ပြုလုပ်ရန် Duzce Konuralp ပြတိုက်သို့ ပို့ဆောင်ထားကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
ဦးခေါင်းထိပ်မှ လည်ပင်းအထိ ၂၃ စင်တီမီတာရှိသည့် အလက်ဇန္ဒားဦးခေါင်း ရုပ်တုသည် အေဒီ ၂ ရာစုအချိန်က ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………..
(English Version)
Portrait of Alexander the Great’s head unearthed in Türkiye
A marble portrait of the head of King Alexander III of Macedon, known as Alexander the Great, was unearthed in the western Black Sea region of Türkiye, local authorities said Thursday.
The finding came during the ongoing excavations at the Prusias ad Hypium Ancient Theater in the province of Duzce, said the local municipality on its website.
It added that the piece was delivered to the Duzce Konuralp Museum to be examined and displayed.
Meanwhile, the museum stated that the Alexander head, measuring 23 cm from the top of the head to the neck, is dated back to the 2nd century AD.
Xinhua News Agency correspondents reporting from Istanbul, Türkiye.(XHTV)