Connect with us

Videos

ဘူတာရုံရှိ စက်ရုပ် ရဲဝန်ထမ်း

ဟီနန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဟီနန် ပြည်နယ်ရှိ အစည်ကားဆုံး အရှေ့ ကျန်းကျိုး ဘူတာရုံကြီးတွင် တရုတ်နိုင်ငံ၏ ပထမဆုံး စက်ရုပ် ရဲဝန်ထမ်း တစ်ဦးကို တာဝန်ပေးခဲ့သည်။ ၎င်းမှာ အများပြည်သူကို နှုတ်ဆက်သည့် အပြင် သံသယ ရှိရသူ များကို Scan ဖတ်နိုင်သည့် မျက်နှာပြင် ပါဝင်သည်။ဘူတာထဲတွင် ပစ္စည်းပျောက်ပါကလည်း ရှာဖွေ ပေးနိုင်သကဲ့သို့ သွားလိုသည့်မည့် နေရာ၊ သန့်စင်ခန်း စသည်တို့ကိုလည်း လမ်းညွှန်ပေးနိုင်သည်။ထို့အပြင် ၎င်းက လေထု အရည်အသွေး၊ ရာသီဥတုအခြေအနေနှင့် စိုထိုင်းမှုတို့ကိုပါ စစ်ဆေးပေးနိုင်ပြီး၊ အရေးပေါ် မီးဘေးအန္တရာယ် သတိပေးချက်ကိုလည်း ထုတ်ဖော်ပေးနိုင်သည်။ ထိုစက်ရုပ်ရဲဝန်ထမ်း၏ တာဝန် ထမ်းဆောင်ပုံကို အောက်ပါ video ထဲတွင် စိတ်ဝင်စားဖွယ် မြင်တွေ့နိုင်ပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.