Connect with us

Media

တရုတ် အဆင့်မြင့်လျှပ်စစ်ကား EV-maker NIO ၏ အစီး၂၀၀,၀၀၀ မြောက် မော်တော်ယာဉ်ကို ထုတ်လုပ်နိုင်ခဲ့

ဟဲဖေး၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်လျှပ်စစ်ကားထုတ်လုပ်သည့် NIO ၏ အစီးရေ ၂၀၀,၀၀၀ မြောက်မော်တော်ယာဉ်ကို တရုတ်နိုင်ငံအရှေ့ပိုင်း တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ၊ ဟဲဖေး မြို့တော်တွင် အင်္ဂါနေ့က ထုတ်လုပ်ခဲ့ရာ မျှော်မှန်းချက် ပြည့်မြောက်သွားပြီဟု ကုမ္ပဏီ၏ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌ Qin Lihong မှ ပြောကြားခဲ့သည်။

NIO သည် ၎င်း၏ ကားအစီးရေ ၁၀၀,၀၀၀ ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းရည်မှန်းချက် အရေအတွက် ပြီးမြောက်အောင် ကုမ္ပဏီက သုံးနှစ်နီးပါး အချိန်ယူခဲ့ရသည်။ NIO သည် ၎င်း၏ဒုတိယမြောက် စမတ်လျှပ်စစ်ကားအစီးရေ ၁၀၀,၀၀၀ ကို အပြီးသတ်ထုတ်လုပ်ရန် တစ်နှစ်ခန့်သာ အချိန်ယူခဲ့ရသည်။

NIO ဘက်ထရီ လဲလှယ်နေရာပေါင်း ၉၀၀ ကျော်နှင့် အားသွင်းရန်နေရာ ပေါင်း ၇၀၀၀ ကျော်ကို တရုတ်နိုင်ငံတစ်ဝှမ်းတွင် တည်ဆောက်ထားကြောင်း၊ယာဉ်မောင်းများ၏ စိုးရိမ်ပူပန်မှုကို သိသိသာသာ လျော့ပါးစေခဲ့ကြောင်း NIO သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
တရုတ်ကားအမှတ်တံဆိပ်သည်နော်ဝေသို့လည်း ၀င်ရောက်ခဲ့ပြီးယခုနှစ်ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်နှင့်ဒိန်းမတ်စျေးကွက်များတွင် ၀န်ဆောင်မှုများစတင်ပေးလိမ့်မည်ဟု Qin ကပြောကြားခဲ့သည်။

NIO သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်ဈေးကွက်တွင် စွန့်ဦးတီထွင်သူ ဖြစ်ကြောင်း ၊ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်ကို ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံ ရုံးချုပ်ကတော့ ဟဲဖေးမြို့တော်တွင် တည်ရှိသည်။ (Xinhua)

………………………………….

English Version)

Chinese EV-maker NIO’s 200,000th vehicle rolls off production line

Chinese electric carmaker NIO’s 200,000th vehicle rolled off the production line on Tuesday in Hefei, capital of east China’s Anhui Province, according to Qin Lihong, co-founder and president of the company.
NIO manufactured its 100,000th vehicle in April 2021, a milestone event that took the company close to three years to accomplish. It took NIO about a year to complete the production of its second 100,000 smart electric vehicles.
A total of over 900 NIO battery swapping stations and over 7,000 charging piles have been built across China, greatly easing drivers’ range anxiety, NIO sources said.
The Chinese car brand has also entered Norway, and will start to provide services in the markets of Germany, the Netherlands, Sweden and Denmark this year, said Qin.
Founded in November 2014, NIO is a pioneer in China’s premium electric vehicle market, with its global headquarters located in Shanghai and China headquarters in Hefei.

Produced by Xinhua Global Service