Connect with us

Europe

ကနေဒါက ယူကရိန်းတွင် သံရုံးပြန်လည်ဖွင့်လှစ်ရန် စီစဉ်

ယူကရိန်းနိုင်ငံ ကိဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်၌ ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအား ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အစိုးရက မကြာမီ ယူကရိန်းနိုင်ငံ၌ သံရုံးပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Melanie Joly က ပြောကြားခဲ့သည်ဟု ဒေသတွင်း မီဒီယာက ဧပြီ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

Joly က လာမည့်ရက်များ၊ လာမည့်သီတင်းပတ်များအတွင်း ထိုသို့ပြုလုပ်ရန်ရှိကြောင်း ၎င်း၏ ရည်ရွယ်ချက်ကို ဧပြီ ၂၈ ရက်က ပြည်ပရေးရာနှင့် နိုင်ငံတကာကုန်သွယ်ရေး ဆီးနိတ်ကော်မတီမတိုင်မီ ပြောကြားခဲ့ကြောင်း CTV သတင်းအရ သိရသည်။

“အဲဒီမှာ ဝန်ထမ်းတွေအတွက် စိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်ရဲ့လားဆိုတာ သေချာအောင် လုပ်ဖို့လိုပါသေးတယ်။ ပြီးတော့ အခြား ကျွန်မတို့ရဲ့ Five Eyes လုပ်ဖော်ဆောင်ဖက်တွေနဲ့ မိတ်ဖက်တွေက ဘာတွေလုပ်နေသလဲဆိုတာကိုလည်း စောင့်ကြည့်နေပါတယ်” ဟု Joly ၏ ပြောကြားချက်အား ကိုးကား၍ သတင်းက ဖော်ပြထားသည်။

ကနေဒါနိုင်ငံသည် ဖေဖော်ဝါရီ ၁၂ ရက်က ကိဗ်မြို့ရှိ သံရုံးကို ပိတ်ခဲ့ပြီး သံတမန်ဝန်ထမ်းများကို နိုင်ငံအနောက်ဘက် Lviv မြို့သို့ ပြောင်းရွှေ့ထားခဲ့သည်။ နောက်ပိုင်း၌ ဝန်ထမ်းများအားလုံးကို ပိုလန်နိုင်ငံသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ဗြိိတိန်နိုင်ငံအနေဖြင့် ယခုသီတင်းပတ်တွင် ယူကရိန်းနိုင်ငံရှိ မြေပြင်သံတမန်ရေးရာကို ပြန်လည်ဖော်ဆောင်ရန် စီစဉ်ထားကြောင်း ဧပြီ ၂၂ ရက်က ပြောခဲ့သည်။ အမေရိကန်၊ ပြင်သစ်နှင့် အီတလီ စသည့်နိုင်ငံများကလည်း အလားတူ အစီအစဉ်များ ကြေညာခဲ့ကြောင်း CTV က သတင်းဖော်ပြထားသည်။ (Xinhua)

………………………………..
(English Version)
Canada plans to reopen embassy in Ukraine
2022-04-29 07:11:59 Category:Politics, Law
OTTAWA, April 28 (Xinhua) — Canadian Foreign Affairs Minister Melanie Joly said the Canadian government plans to reopen its embassy in Ukraine soon, local media reported Thursday.
According to the CTV report, Joly said before the Senate foreign affairs and international trade committee on Thursday that her objective is to do so in the coming days, coming weeks.
“We just need to make sure that there is a secure environment for staff and also we’re looking at what our other Five Eyes colleagues and allies are doing,” Joly was quoted as saying.
Canada closed its embassy in Kiev on Feb. 12 and relocated diplomatic staff to the western city of Lviv. All staff members were later moved to Poland.
Last Friday, British Prime Minister Boris Johnson said Britain planned to revive its on-the-ground diplomacy in Ukraine this week. The United States, France and Italy have announced similar plans, CTV reported. Enditem
Photo : Vehicles travel past the Independence Square in Kiev, Ukraine, Feb. 24, 2022. (Xinhua/Li Dongxu)