Connect with us

China

တရုတ်နိုင်ငံ၏ သန့်စင်စွမ်းအင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏမှာ ယခုနှစ် ပထမနှစ်ဝက်တွင် ၁၂.၈ ရာခိုင်နှုန်း တိုးတက်လာ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ ပင်းဟိုင်ဧရိယာရှိ လေစွမ်းအင်ထုတ်လုပ်ရေးနေရာအား ဧပြီ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရေစွမ်းအင်၊ လေစွမ်းအင်နှင့် နေစွမ်းအင် အပါအဝင် သန့်စင်စွမ်းအင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏသည် ၂၀၂၂ ခုနှစ် ပထမ နှစ်ဝက်တွင် လျင်မြန်စွာ တိုးတက်လာရာ ပြီးခဲ့သည့်ကာလတူထက် ၁၂.၈ ရာခိုင်နှုန်းမြင့်တက်လာပြီး ကီလိုဝပ်နာရီ ၁.၂၃၅ ထရီလီယံ အထိ ရှိခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဇန်နဝါရီလမှ ဇွန်လအထိ ဓါတ်အားပေးရေးနှင့်မဟာဓါတ်အားလိုင်းကွန်ရက်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ခဲ့သည်။

မဟာဓါတ်အားလိုင်းကွန်ရက်တွင် ပြီးစီးခဲ့သော ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၁၉၀.၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၂၈.၂၁ ဘီလီယံခန့်)ရှိရာ ပြီးခဲ့သည့်နှစ်ကထက် ၉.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ဇွန်လကုန်တွင် တရုတ်နိုင်ငံ၏ တပ်ဆင်ပြီးစီးခဲ့သော လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုစွမ်းရည်သည် ကီလိုဝပ် ၂.၄၄ ဘီလီယံအထိ ရှိရာ ယခင်နှစ်ကထက် ၈.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua) xhtxs.cn/xMy

………………………
(English Version)
China’s power generation from clean sources up 12.8 pct in H1
2022-07-23 15:27:29 分类: 行业经济
Photo taken on April 13, 2022 shows a wind farm in Binhai New Area, north China’s Tianjin. (Xinhua/Sun Fanyue)
BEIJING, July 23 (Xinhua) — China’s power generation from clean sources including hydro, wind and solar grew rapidly in the first half of 2022, rising 12.8 percent year on year to 1.235 trillion kilowatt-hours, data from the National Energy Administration showed.
From January to June, China hiked investment in power supply and power grid projects.
The completed investment in the power grid network reached 190.5 billion yuan (about 28.21 billion U.S. dollars), up 9.9 percent from a year ago.
By the end of June, China’s installed power-generation capacity had reached 2.44 billion kilowatts, up 8.1 percent from a year earlier, data showed. ■