Connect with us

China

အာဖရိကပြည်သူများ အကျိုးစီးပွားအတွက် မည်သူက စစ်မှန်စွာ ရှေ့ရှုသလဲဆိုသည်မှာ အာဖရိကပြည်သူများ၏စိတ်ထဲတွင် ချိန်ခွင်လျှာရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ဂျီးရီးယားနိုင်ငံ Lagos ရှိ Lagos-Ibadan ရထားလမ်း Mobolaji Johnson ရထားဘူတာတွင် ရပ်ထားသော ရထားများအား ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အာဖရိကတိုက် နိုင်ငံ ၂၅ နိုင်ငံမှ မူဝါဒချမှတ်သူ ၁,၀၀၀ ကျော်အား ဆန္ဒမဲကောက်ယူရာတွင် အာဖရိကနိုင်ငံများ၌ အခြေခံအဆောက်အအုံ စသည့် စီမံကိန်းများ မွမ်းမံတည်ဆောက်သည့် လျင်မြန်မှုနှင့်ယုံကြည်မှုက ယေဘုယျအားဖြင့် တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂနိုင်ငံများထက် များပြားမှုရှိနေသည်ဟု ကင်ညာပညာရှင်အဖွဲ့ “ဒေသဖြတ်ကျော်စီးပွားရေးကွန်ရက်ဝက်ဘ်ဆိုက်”၏ ဇူလိုင် ၁၉ ရက် ထုတ်ပြန်သည့် အစီရင်ခံစာက ဖော်ပြထားကြောင်း သတင်းများက ဖော်ပြထားသည်။

ထို့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက မည်သည်မှာ စစ်မှန်သော အရည်အသွေးမြင့် ဖြစ်သည်၊ မည်သူသည် အာဖရိကပြည်သူများ၏အကျိုးစီးပွားကို တိုးပွားအောင် စစ်မှန်စွာ အားထုတ်ခြင်း ဖြစ်သည်ဆိုခြင်းမှာ အာဖရိကပြည်သူများ၏ စိတ်ထဲ၌ ချိန်ခွင်လျှာရှိကြောင်း ဇူလိုင် ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မှတ်ချက်ပြု ပြောကြားခဲ့သည်။

အခြေခံအဆောက်အအုံ ခေတ်နောက်ကျခြင်းသည် အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး အကျပ်အတည်း၏အကြောင်းရင်းတစ်ခု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အစဉ်အမြဲ တတ်နိုင်သည့်အတိုင်းအတာအတွင်းတွင် အာဖရိကနိုင်ငံများနှင့်နည်းလမ်းအသွယ်သွယ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အာဖရိကနိုင်ငံများက အခြေခံအဆောက်အအုံအဆင့်မြှင့်တင်ရေး၊ အာဖရိက ကိုယ်တိုင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဖော်ဆောင်ပေးလျက်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။

အချို့အင်အားစုများက တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို အပုပ်ချရန် “အရည်အသွေးမြင့် အခြေခံအဆောက်အအုံ” အနက်ကို အသွင်ပြောင်းနေသော်လည်း မည်သည်က စစ်မှန်သော အရည်အသွေးမြင့်မှု၊ မည်သူသည် အာဖရိကပြည်သူများ၏ အကျိုးစီးပွားကို စစ်မှန်စွာ ရှေ့ရှုသလဲဆိုသည်မှာ အာဖရိက ပြည်သူများ၏စိတ်ထဲ၌ ချိန်ခွင်လျှာရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အာဖရိကသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့ဇာတ်ခုံကြီး ဖြစ်သင့်တယ်၊ နိုင်ငံအသီးသီးက အာဖရိကရဲ့ အချုပ်အခြာအာဏာကို လေးစားသင့်ပြီး အာဖရိအသံကို နားထောင်ကာ မိမိရဲ့အားသာချက်တွေနဲ့ အာဖရိကပြည်သူတွေအတွက် လက်တွေ့ကျပြီးကောင်းမွန်တဲ့ ကိစ္စတွေ လုပ်ပေးသင့်တယ်လို့ တရုတ်နိုင်ငံအနေနဲ့ အစဉ်အမြဲ ယူဆပါတယ်”ဟု ဝမ်ဝန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………
African people have fair judgement on who can deliver high-quality infrastructure in Africa and is earnestly committed to improving their well-being: Chinese official xhtxs.cn/xKO

汪文斌:谁真正致力于增进非洲人民福祉,非洲人民心中自有一杆秤
2022-07-22 18:51:08 分类: 政治法律
据报道,肯尼亚智库“跨地区经济网络”7月19日发布报告说,对来自25个非洲国家逾1000名政策制定者开展的民调显示,中国在非洲国家修建基础设施等项目的速度和可靠性均高于欧盟。对此,外交部发言人汪文斌22日在例行记者会上说,什么是真正的高质量,谁真正致力于增进非洲人民福祉,非洲人民心中自有一杆秤。
汪文斌说,基础设施滞后是制约非洲发展的瓶颈之一。中方一直在力所能及范围内,通过多种方式同非洲国家开展合作,帮助非洲国家提升基础设施水平,为非洲实现自主可持续发展做出贡献。中非合作论坛成立以来,中国企业已经在非洲建设了超过1万公里铁路、近10万公里公路、近千座桥梁、近百个港口,还有大量医院和学校。一些势力抹黑中非合作,兜售所谓“高质量基础设施”概念,但什么是真正的高质量,谁真正致力于增进非洲人民福祉,非洲人民心中自有一杆秤。
“中方始终认为,非洲应该是国际合作的大舞台,各国应当在尊重非方主权、倾听非洲声音的前提下,发挥各自优势,为非洲人民办更多好事实事。”汪文斌说。(记者孙楠)

1. Trains park on the track at the Mobolaji Johnson Railway Station of the Lagos-Ibadan railway in Lagos, Nigeria, on June 10, 2021, when Nigeria officially started the full commercial operation of a China-assisted railway linking the southwestern cities of Lagos and Ibadan to ease public transportation and fuel goods movement in the west African country. (Photo by Emma Houston/Xinhua)