နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက တရားဝင်ဖွင့်လှစ်ခဲ့သည်။
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံတွင် အစ္စရေးစစ်တပ် တည်ရှိမှုသည် “အကန့်အသတ်နှင့် ယာယီ”ဖြစ်ပြီး ရည်ရွယ်ချက်မှာ ဆီးရီးယားနိုင်ငံ ရုန်းရင်းဆန်ခတ်ကာလအတွင်း အစ္စရေးနိုင်ငံ ဘေးကင်းရေး သေချာစေရန် ဖြစ်ကြောင်း အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က ပြောကြားခဲ့သည်။
ကျီလင်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျီလင်ပြည်နယ်ရှိ ရေကန်အပန်းဖြေနေရာသို့ နိုင်ငံခြားသတင်းသမားအဖွဲ့တစ်ဖွဲ့ မကြာသေးမီက လာရောက်ခဲ့သည်။ ၎င်းတို့အနက် အများစုအတွက်မှာ ဆီးနှင်းနှင့် နှင်းလျှောစီးခြင်းက ပထမဆုံး အတွေ့အကြုံဖြစ်ကြောင်း သိရသည်။ (Xinhua) #China #Jilin #Skiing #Experience #တရုတ်နိုင်ငံ #ကျီလင်ပြည်နယ် #နှင်းလျှောစီး...
ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး သဲကန္တာရနှင့် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ရွေ့လျားသဲကန္တာရ ဖြစ်သည့် ထာခက်လားမာကန်းသဲကန္တာရသည် ကီလိုမီတာ ၃,၀၄၆ ရှည်လျားသော သဲသောင်ပြင်အား တားဆီးထားသည့် အစိမ်းရောင်ရပ်ဝန်းဖြင့် အလုံးစုံ ဖုံးလွှမ်းကာရံထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua) ———————– GLOBALink |...
ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တွင် ညအချိန်၌ ပြင်းထန်သော သေနတ်သံများကို ကြားခဲ့ရပြီး ယင်းမြို့မှ ထွက်ခွာလာသော မော်တော်ကားများကြောင့် လမ်းမများပေါ်တွင် များပြားလှသည့် ယာဥ်အသွားအလာများကို မြင်တွေ့ခဲ့ရကြောင်း သိရသည်။ ထိုအတောအတွင်း သူပုန်များသည် ဒမတ်စကပ်စ်မြို့တွင်းသို့ ဒီဇင်ဘာ ၈ ရက် ဒေသစံတော်ချိန် နံနက်အရုဏ်တက်ချိန်၌ ဝင်ရောက်လာခဲ့သည်ဟု အတိုက်အခံ တက်ကြွလှုပ်ရှားသူများက...
တရုတ်နိုင်ငံ၏ Norinco International ကုမ္ပဏီက တည်ဆောက်ထားသော ခရိုအေရှားနိုင်ငံ၏ အကြီးဆုံး Senj Wind Farm လေအားလျှပ်စစ်စက်ရုံအား အောင်မြင်စွာ လည်ပတ်လျက်ရှိသည်မှာ ၃ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဒေသခံ မိတ်ဖက်များက တရုတ်နိုင်ငံမှ အဖွဲ့အား ယုံကြည်အားထားရပြီး ကျွမ်းကျင်ပညာရှင်ပီသကြောင်း ချီးကျူးပြောဆိုကာ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း...
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Notre-Dame de Paris ဘုရားရှိခိုးကျောင်းမှာ မီးဘေးသင့်မှုကြောင့် အကြီးအကျယ် ပျက်စီးခဲ့ပြီးနောက် ၅ နှစ်အကြာတွင် ပြန်လည်မွမ်းမံ တည်ဆောက်ထားသော အဆိုပါ ဘုရားရှိခိုးကျောင်းအား ဒီဇင်ဘာ ၇ ရက်က တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zp7 #France...
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ (2024 Myanmar International Textile and Machinery Fair) အား ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ပြုလုပ်ကာ...
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ခန်းမတစ်ခုအတွင်း အဖြူရောင်တီရှပ်များဝတ်ဆင်ထားသော ရန်ကုန်တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၏ မျက်နှာထက်ဝယ် ဂုဏ်ယူဝမ်းမြောက်မှုများ ပြည့်နှက်နေကာ တရုတ်ဘဏ်မှပေးအပ်သော ပညာသင်ဆုစာအိတ်များကို ကိုယ်စီကိုင်ဆောင်ထားကြသည်။
တောင်ကိုရီးယားနိုင်ငံ၏ အာဏာရ ပြည်သူ့အင်အားပါတီမှ လွှတ်တော်အမတ်များက ထောက်ခံခြင်းမရှိသည့်အတွက် ဒီဇင်ဘာ ၇ ရက်က သမ္မတ ယွန်းဆက်ယိုအား တောင်ကိုရီးယား လွှတ်တော်၌ စွပ်စွဲပြစ်တင်သည့်အဆိုကို အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။ သမ္မတယွန်း၏ ဇနီး ပါဝင်ပတ်သက်နေသော အရှုပ်တော်ပုံများအား စုံစမ်းစစ်ဆေးမည့် အဆိုမူကြမ်းအား ကန့်ကွက်မဲပေးပြီးနောက် အာဏာရပါတီ လွှတ်တော်အမတ် ၁၀၈ ဦးအနက် အများစုသည်...