မော်စကို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရုရှား၊ အမေရိကန်နှင့် နေတိုးတို့ကြား မကြာသေးမီက ပြုလုပ်ခဲ့သော လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုမှာ အောင်မြင်ခဲ့ခြင်းမရှိကြောင်း၊ ၎င်းတို့အသီးသီးက အချို့သော အခြေခံကိစ္စရပ်များတွင် ပြင်းထန်သော ကွဲပြားမှုများရှိနေသည်ဟု ရုရှားသမ္မတ၏ ပြန်ကြားရေးဝန်ကြီး Dmitry Peskov က ဇန်နဝါရီ ၁၃ ရက်တွင်...
နျူ-ဆူလ်တန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ယနေ့မှစပြီး ကာဇက်စတန်မှ ရုပ်သိမ်းသွားမည်ဖြစ်ပြီး စစ်တပ်ရုပ်သိမ်းမှု ၁၀ ရက်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း CSTO အထွေထွေအတွင်းရေးမှူးချုပ် Stanislav Zasက ဇန်နဝါရီ ၁၃ ရက် အဲလ်မတ်တီမြို့တွင် ကြေညာခဲ့သည်။ ယင်းနေ့က အဲလ်မတ်တီမြို့တွင်...
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နှင့် အိန္ဒိယစစ်တပ်များသည် ဇန်နဝါရီ ၁၄ ရက်က Moldo/Chushule တွေ့ဆုံဆွေးနွေးမှုကျင်းပရာနေရာ၏ တရုတ်နိုင်ငံဘက်ခြမ်းတွင် ၁၄ ကြိမ်မြောက် တပ်မှူးအဆင့် ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း၊ နှစ်နိုင်ငံ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။...
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ သတ်မှတ်ထားသောသွင်းကုန်များအပေါ် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်အရ ကတိပြုထားသည့်အတိုင်း စည်းကြပ်ခွန်ကောက်ခံသည့်နှုန်းထားကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ သတ်မှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ အကောက်ခွန်စည်းကြပ်မှုကော်မရှင်က ဇန်နဝါရီ ၁၃ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ တောင်ကိုရီးယားနိုင်ငံအတွက်...
ဟာပင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာပင်းမြို့တွင် Sun Island နိုင်ငံတကာ နှင်းရုပ်တုအနုပညာပြပွဲ၌ နှင်းရုပ်တု ထုဆစ်ခြင်းပြိုင်ပွဲအား ဇန်နဝါရီ ၁၁ ရက်က ဖွင့်လှစ်ခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ အဖွဲ့ပေါင်း ၁၉ ဖွဲ့မှ ပြိုင်ပွဲဝင် ၆၀ နီးပါး...
ရှီးအန်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ် အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်၏ မြို့တော်ဖြစ်သည့် ရှီးအန်းမြို့ ၌ ကပ်ရောဂါ တဖန်ပြန်လည်ကူးစက်မှုများရှိခဲ့ရာ မြို့လုံးကျွတ် လော့ဒေါင်းချခြင်းနှင့် အစုလိုက် နျူကလစ်အက်ဆစ်စစ်ဆေးခြင်းကဲ့သို့သော တင်းကျပ်သည့် ကိုင်တွယ်ဖြေရှင်းမှုများကြောင့် တစ်လ အကြာတွင် COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုအားအခြေခံအားဖြင့် ရပ်တန့်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။...
ဟိုင်ခို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း အပူပိုင်း ကျွန်းပြည်နယ်ဖြစ်သော ဟိုင်နန်တွင် ၂၀၂၁ ခုနှစ်အတွင်း ပြည်တွင်းနှင့် ပြည်ပ ခရီးသွားဧည့်သည်ပေါင်း ၈၁ သန်းကျော် ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် ၂၅.၅ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ကြောင်း ယင်းပမာဏမှာ ၂၀၁၉ ခုနှစ်က ရှိခဲ့သည့်အရေအတွက်၏...
ကိုလံဘို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) COVID-19 တိုက်ဖျက်ရေးအတွက် ကျန်းမာရေးဌာနသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများလှူဒါန်းပေးသည့် အတွက် တရုတ်နိုင်ငံအား သီရိလင်္ကာနိုင်ငံက ဇန်နဝါရီ ၁၂ ရက်ချီးကျူးဂုဏ်ပြုခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ပေကျင်းမြို့တွင် ၂၀၂၂ ခုနှစ်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပရန်အဆင်သင့်ဖြစ်နေပါပြီ။ တရုတ်နိုင်ငံကလည်း အဆင်သင့်ဖြစ်နေပါပြီ။ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် အိုလံပစ်အားကစားပြိုင်ပွဲအတွက် ပေကျင်းမြို့၌ပြင်ဆင်ထားရှိမှုများအား လေ့လာကြည့်ရှုနိုင်ပါသည်။ (Xinhua) ………………………… (English Version) GLOBALink | 2022 Winter Olympics, Beijing is ready!...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ပြည်သူများအနေဖြင့် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကာကွယ်ရန် COVID-19 ရောဂါ တိုက်ဖျက်ရေး အားဖြည့်ကာကွယ်ဆေး ထိုးနှံကြရန် တရုတ်နိုင်ငံမှ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက တိုက်တွန်းပြောကြားခဲ့သည်။