ပေကျင်း၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS နိုင်ငံများ စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ဇွန် ၂၂ ရက်က ဗွီဒီယိုဖြင့် တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် သမ္မတရှီကျင့်ဖိန်က လက်ရှိကမ္ဘာသည် နှစ်တစ်ရာ အပြောင်းအလဲနှင့်ရာစုနှစ်ကပ်ရောဂါ ရောယှက်လျက်ရှိပြီး လုံခြုံရေးကဏ္ဍစိန်ခေါ်မှုအမျိုးမျိုး မပြတ်ဖြစ်ပေါ်နေရာ ကမ္ဘာ့စီးပွားရေးပြန်လည်ရှင်သန်ရေး...
ဖနွမ်းပင်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်အကျိုးပြုလျက်ရှိသလို ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြီးမားစွာ အထောက်အကူဖြစ်စေကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Tea Banh က ဇွန်...
ကုလသမဂ္ဂ ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇွန် ၂၂ ရက် နံနက်အစောပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ၌ ဖြစ်ပွားေသော ငလျင်လှုပ်ခတ်မှုအတွင်း အသက်သေဆုံးခဲ့ရသူများအတွက် အထူးကြေကွဲဝမ်းနည်းရကြောင်းကို ယင်းနေမှာပင် ထုတ်ဖော်ပြောကြားခဲ့သည်။ “ လူရာနဲ့ချီပြီး အသက်သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့ပါတယ် ၊ အဲဒီအသေအပျောက်စာရင်းဟာ ဆက်ပြီး...
အန်ကာရာ ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်က သတင်းသမား ခါရှိုခီသေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆော်ဒီအာရေးဗျနိုင်ငံ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆော်လ်မန်အယ်လ်ဆော့သည် ပထမဆုံးအကြိမ်အလည်အပတ်ခရီးစဉ်အဖြစ် တူရကီနိုင်ငံမြို့တော် အန်ကာရာမြို့သို့ ၂၀၂၂ ခုနှစ် ဇွန် ၂၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။ တူရကီနိုင်ငံသမ္မတရိဒ်ဆက်တေရစ်အာဒိုဂန်က ဆော်ဒီအိမ်ရှေ့စံမင်းသားကို ဂုဏ်ပြုတပ်ဖွဲ့ဖြင့်...
ကရာကက်စ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံအား အမေရိကန်နိုင်ငံ၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများသည် “ငွေညှစ်ခြိမ်းခြောက်သောဆောင်ရွက်မှု’’ နှင့်တူညီနေကြောင်း ဒုတိယသမ္မတ Delcy Rodriguez က ဇွန် ၁၇ ရက် တွင် ပြောကြားခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ် နိုင်ထက်စီးနင်းဆောင်ရွက်မှု သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှု ၅၀၂...
ပေကျင်း၊ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရအွန်လိုင်းပုံစံကျင်းပသော ၂၅ ကြိမ်မြောက်စိန့်ပီတာစဘာ့ခ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဇွန် ၁၇ ရက်တွင် တက်ရောက်၍မိန့်ခွန်းပြောကြားခဲ့သည်။ ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခုအတွင်းအကြီးမားဆုံးပြောင်းလဲမှုနှင့်အတူ မမြင်တွေ့နိုင်သောကပ်ရောဂါအား ရင်ဆိုင်နေရကြောင်း၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအခြေအနေကျဆင်းမှုကို ရင်ဆိုင်နေရကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၂၀၃၀ ပြည့်နှစ် လုပ်ငန်းစဉ်အတွက် အကောင်အထည်ဖော်ဆောင်ရန် မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများကို...
ရင်ချွမ်း ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) သဲထိန်းချုပ်ကာရံရေး ကြိုးပမ်းအားထုတ်မှုများ၌ နှစ်မြုပ်ထားသော မျိုးဆက်သုံးဆက်ကြောင့်ပင် ကျယ်ပြောလှေသာ Maowusu ကန္တာရ၏ အနောက်တောင်ဘက်စွန်း Lingwu မြို့ရှိ Baijitan အမျိုးသားဂေဟဗေဒကြိုးဝိုင်းတွင် ဟက်တာပေါင်း ၄၂,၀၀၀ ကျယ်ဝန်းသော အိုအေစစ်လေးတစ်ခု ဖန်တီးဖြစ်ပေါ်လာခဲ့သည်။ ယခုအခါ ယင်းအိုအေစစ်သည် တရုတ်နိုင်ငံ...
ဟာရာရီ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa က ဇင်ဘာဘွေရှိ အကြီးဆုံး လီသီယမ်သတ္တုတွင်း Bikita အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဇွန် ၁၇ ရက်က ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်ကုမ္ပဏီ Sinomine Resource Group သည် ယခုနှစ် ဇန်နဝါရီတွင်...
ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) လက်ရှိတွင် ကျယ်ပြန့်သော ထွန်းသစ်စစျေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် BRICS ပူးပေါင်းဆောင်ရွက်မှုအတွင်း ပါဝင်လိုသော ဆန္ဒပိုမိုပြင်းပြလာရာ BRICS ပူးပေါင်းဆောင်ရွက်မှု ထပ်ဆင့်တိုး နက်ရှိုင်းခြင်း၏ အရေးပါမှုက ပိုမိုပေါ်လွင်လာသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။...
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းဆရာမ...