Connect with us

Asia

တော်ဝင် ကမ္ဘောဒီးယား တပ်မတော် တည်ထောင်ခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်ကျင်းပ

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယား တော်ဝင်တပ်မတော် တည်ထောင်ခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်၌ ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ တော်ဝင် ကမ္ဘောဒီးယား တပ်မတော် (RCAF) ၏ လက်ရုံးတပ်ဖွဲ့ဖြစ်သော တော်ဝင် ကမ္ဘောဒီးယား တပ်မတော် (RCA) တည်ထောင်ခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဇန်နဝါရီ ၂၄ ရက်က ကျင်းပခဲ့သည်။

မြို့တော် ဖနွမ်းပင်၏ အနောက်ဘက် ဆင်ခြေဖုံးရှိ RCA ရုံးချုပ်တွင် ကျင်းပသော အခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က စစ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်၍ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ဝန်ကြီးချုပ်က ရောက်ရှိလာသည့်အချိန်တွင် စင်မြင့်ပေါ်သို့ မတက်မီ အမိုးဖွင့်ထားသော ဂျစ်ကားကို စီးနင်းခဲ့ကာ တပ်ဖွဲ့ဝင်များအား စစ်ဆေးခဲ့သည်။

အဆိုပါအခမ်းအနားတွင် စစ်ရေးပြချီတက်ပွဲ၊ တိုက်ပွဲဝင်တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ အမြောက်များ၊ ဒုံးကျည်လောင်ချာများနှင့် အခြားလက်နက်များအပြင် စစ်ထရပ်ကားများလည်း ချီတက်ပြသခဲ့ကြသည်။
နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နယ်မြေ ပိုင်နက်ပြည့်စုံမှုနှင့် ပြည်သူကို ကာကွယ်ရန် ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုများအတွက် တပ်မတော်သား ထောင်ပေါင်းများစွာအား ကျေးဇူးတင်ရှိကြောင်း ဟွန်က အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

RCA သည် နိုင်ငံတော်၏ ခက်ခက်ခဲခဲရခဲ့သော ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် ကြီးမားစွာ ပံ့ပိုးကူညီခဲ့ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မရှိမဖြစ်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

RCA ကို ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ RCAF ကို ၁၉၅၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး တော်ဝင်ကမ္ဘောဒီးယားရေတပ်နှင့် တော်ဝင်ကမ္ဘောဒီးယားလေတပ်တို့လည်း ဖွဲ့စည်းထားကြောင်း သိရသည်။ (Xinhua)
—————————-
(English Version)
Royal Cambodian Army marks 25th founding anniversary
PHNOM PENH, Jan. 25 (Xinhua) — Cambodia on Wednesday celebrated the 25th anniversary of the founding of the Royal Cambodian Army (RCA), an arm of the Royal Cambodian Armed Forces (RCAF).
Dressed in full military regalia, Cambodian Prime Minister Hun Manet presided over the ceremony, which was held at the RCA’s headquarters on the western outskirts of the capital Phnom Penh.
Upon his arrival, the prime minister rode in an open camouflaged Jeep to inspect the troops before proceeding to the stage.
At the event, a military parade was staged, demonstrating battle tanks, armored vehicles, artillery, rocket launchers, and other weapons as well as military trucks.

Speaking to thousands of troops at the ceremony, Hun Manet expressed his sincere gratitude to the armed forces for their great sacrifices to defend the country’s independence, sovereignty, territorial integrity and the people.
He said the RCA has also made tremendous contributions to maintaining the kingdom’s hard-won peace, which is the foremost prerequisite for national development.
The RCA was founded in 1999. The RCAF, established in 1953, is also composed of the Royal Cambodian Navy and the Royal Cambodian Air Forces. ■