Connect with us

China

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ လေယာဉ်များပြန်လည်အသုံးပြုရေးစီမံကိန်း Airbus ကြေညာ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ဟန်ဂေရီနိုင်ငံ၏ Wizz Air ထံ လွှဲပြောင်းပေးအပ်မည့် A321neo လေယာဉ်ကို ၂၀၂၃ ခုနှစ် ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ အဓိက လေကြောင်းလုပ်ငန်းအချက်အချာဖြစ်သော ချိန်တူးမြို့တွင် Airbus Lifecycle Services Centre (ALSC) ဟု အမည်ပေးထားသည့် Airbus ၏ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ လေယာဉ်များပြန်လည်အသုံးပြုရေးစီမံကိန်းကို ဇန်နဝါရီ ၂၄ ရက်က ထုတ်ဖော်ကြေညာခဲ့ကြောင်း သိရသည်။
အကျယ်အဝန်း ၆၀ ဟက်တာရှိသော အဆိုပါ ALSC သည် အဆင့်မြင့်လေယာဉ်အမျိုးအစားများစွာကို ကိုင်တွယ်ဆောင်ရွက်နိုင်စွမ်းရှိပြီး အနားပေးထားသော လေယာဉ်များမှ ပြန်လည်အသုံးပြုနိုင်သည့် အစိတ်အပိုင်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ဖြန့်ချိရေးချန်နယ်များ ပံ့ပိုးကူညီပေးနိုင်စွမ်းရှိကြောင်း သိရသည်။

စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏာ ယွမ် ၆ ဘီလီယံ (အမေရိကန်ဒေါ် ၈၄၄.၅၅ သန်းခန့်) ရှိသော ထိုစီမံကိန်းသည် လေယာဉ်အစိတ်အပိုင်းများနှင့် ကိရိယာများကို ပြန်လည်အသုံးပြုနိုင်မှုနှုန်းကို မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
“ALSC ဖွင့်လှစ်ခြင်းက တရုတ်နိုင်ငံနှင့် ဥရောပကြား နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုတွင် ထင်ရှားမှုအသစ် ဖြစ်လာမည်ဟု Airbus ဒုတိယ အမှုဆောင်ဥက္ကဋ္ဌနှင့် Airbus China ၏ စီအီးအို George Xu က ပြောခဲ့သည်။

ထို့ပြင် ချိန်တူးမြို့သည် လေကြောင်းလုပ်ငန်းတွင် လျင်မြန်သောဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် ချိန်တူးမြို့တွင် အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ခုက ခရီးသည်ခရီးစဉ် ၇၄.၉၂ သန်းကျော် ရှိခဲ့ပြီး စုစုပေါင်း ကုန်စည်နှင့် ချောစာပို့ဆောင်မှုစုစုပေါင်းမှာ တန်ချိန် ၇၇၁,၀၀၀ ရှိခဲ့ကြောင်း စီချွမ်းပြည်နယ် လေဆိပ်လုပ်ငန်းအုပ်စုကုမ္ပဏီလီမိတက်အရ သိရသည်။

တရုတ်နိုင်ငံသည် ၂၀၄၂ ခုနှစ် နှစ်မကုန်မီတွင် ကမ္ဘာ့အကြီးဆုံး လေကြောင်းဝန်ဆောင်မှုများ ဖြစ်လာမည်ဖြစ်ကာ ဈေးကွက်တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၅၄.၁ ဘီလီယံအထိ မြင့်တက်လာကြောင်း Airbus China က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ခန့်မှန်းခဲ့သည်။ (Xinhua)

………………………………
(English Version)
Airbus launches its first global aircraft recycling project in southwest China
CHENGDU, Jan. 25 (Xinhua) — Airbus unveiled its first global aircraft recycling project, named Airbus Lifecycle Services Centre (ALSC), in Chengdu, a major aviation hub in southwest China, on Wednesday.
Spanning over 60 hectares, ALSC is capable of handling a wide array of mainstream aircraft types and providing global distribution channels for the resale of reusable parts from retired aircraft.
Built with a total investment of 6 billion yuan (about 844.55 million U.S. dollars), the project aims to improve the recycling rate of aircraft components and materials.
“The opening of ALSC will become a new highlight in deepening cooperation between China and Europe,” said George Xu, Airbus executive vice president and Airbus China CEO.
Chengdu is striving for rapid development of its aviation industry. In 2023, two international airports in the city recorded more than 74.92 million passenger trips and a total cargo and mail throughput of 771,000 tonnes, according to the Sichuan Province Airport Group Co., Ltd.
China will become the world’s largest aviation services market by 2042, with its market value climbing to 54.1 billion U.S. dollars, Airbus China forecast in December 2023.
Photo: This photo taken on June 27, 2023 shows the A321neo aircraft delivered to Hungary’s Wizz Air in north China’s Tianjin. (Xinhua)