Connect with us

Media

ကျောက်မီးသွေးမိုင်းတွင်းလုံခြုံရေးကို စစ်ဆေးပေးမည့် Wall-E စက်ရုပ်လေး

ဆန်းရှီး၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

တရုတ်စွမ်းအင် ကုမ္ပဏီ Jinneng Holding Group က တရုတ်နိုင်ငံမြောက်ပိုင်းဆန်းရှီးပြည်နယ်ရှိ မြေအောက် ကျောက်မီးသွေးတူးဖော်ရေးမိုင်းတွင်းလုံခြုံရေးနှင့် အန္တရာယ်ရှိသည့်ဓါတ်ငွေ့များထွက်ရှိမှုရှိမရှိကို ပုံမှန်စစ်ဆေးပေးရန် စက်ရုပ်တစ်ရုပ် အသုံးပြုကာဆောင်ရွက်စေကြောင်းသိရသည်။

ထိုစက်ရုပ်လေးကို Pixar မှ ထွက်ရှိထားသည့် Wall-E အမည်ရှိ စက်ရုပ် အန်နီမေးရှင်းရုပ်ရှင်အား မှီငြမ်းကာ Wall-E ဟုပင် အမည်ပေးထားသည်။

စက်ရုပ်လေးမှာ မိုင်းတွင်း၌ တစ်စက္ကန့်လျှင် ၁.၅ မီတာဖြင့်အမြန်ဆုံးသွားလာနိုင်ပြီး အချိန် ၂ နာရီခန့် မရပ်မနား လှည့်လည်သွားလာနိုင်သည်။၎င်းကို အဝေးထိန်းစနစ်ဖြင့်ထိန်းချုပ်စေခိုင်းနိုင် ပြီး လုပ်ငန်းခွင် ပတ်ဝန်းကျင်ဆိုင်ရာလေ့လာစူးစမ်းခြင်းနှင့် အသံနှင့် အရုပ်များအားမှတ်တမ်းတင်ထားရှိနိုင်ခြင်းတို့အပါအဝင် မိုင်းတွင်းစစ်ဆေးရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ကြောင်းသိရသည်။ (Xinhua)
————————————
(English Version)

GLOBALink | “Wall-E”-like robot helps check safety at coal mine in China
Chinese energy company Jinneng Holding Group is employing a robot to carry out regular inspections for dangerous gas in an underground coal mining area in north China’s Shanxi Province.
The robot is nicknamed “Wall-E” as it resembles the title character of Pixar’s animated movie of the same name.

It can walk at a maximum speed of 1.5 meters per second in the mine shaft, with a continuous walking time of no less than two hours.
Through remote control, the robot can carry out a series of work including on-site environmental detection and capture audio and video.
Produced by Xinhua Global Service