Connect with us

Media

ကွမ်တုန်းပြည်နယ်တွင် Lupit မုန်တိုင်းကြောင့် လူပေါင်း ၃၃,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

ကွမ်ကျိုး၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုန်းပြည်နယ် ရှိ ကမ်းရိုးတန်းဒေသတွင် ယခုနှစ်၏ ၉ လုံးမြောက်တိုင်ဖွန်းမုန်တိုင်း Lupit တိုက်ခတ်မှုကြောင့်ပြီးခဲ့သည့်ကြာသပတေးနေ့ နံနက်က မြေပြိုမှုများဖြစ်ပွားခဲ့သည်။ မြေပြိုကျမှုမဖြစ်မီဒေသခံပေါင်း ၃၃,၀၀၀ ကျော်အား ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့်တွင် ဘေးလွတ်ရာသို့‌နေရာရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းမှာ Nan’ao စီရင်စု Shantou မြို့ကမ်းရိုးတမ်းအား မနက် ၁၁ နာရီ မိနစ် ၂၀ ခန့် တွင် ဝင်ရောက်ခဲ့ပြီးဗဟိုချက်နေရာ၌ လေတိုက်နှုန်းတစ်စက္ကန့်လျှင် ၂၄ မီတာ ရှိခဲ့ကြောင်း ကွမ်တုန်းပြည်နယ် မိုးလေဝသ စောင့်ကြည့်လေ့လာရေးဌာနက သတင်းထုတ်ပြန်သည်။

ပြည်နယ်အတွင်း ပင်လယ်ရှုခင်းကြည့်ရှုအပန်းဖြေရန် နှင့် ကမ်းခြေနေရာပေါင်း ၄၃ ခုအား ပိတ်ထားကြောင်း ပြည်နယ်အရေးပေါ်ထိန်းချုပ်ရေးဌာနမှ သတင်းထုတ်ပြန်သည်။

ငါးဖမ်းလှေ ၃,၅၀၀ စင်း ဆိပ်ကမ်းများသို့ချက်ချင်းပြန်စေပြီး လူပေါင်း ၆,၂၀၀ အား အန္တရာယ်ကင်းစေရန် ကမ်းရိုးတန်းမှဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြောင်း ၊ကမ်းလွန်လုပ်ငန်းများအားလုံးကိုလည်း ရပ်နားထားကြောင်းသိရသည်။

မုန်တိုင်း Lupit ကြောင့် လာမည့် ၃ ရက်အတွင်း လေပြင်းများနှင့် မိုးသည်းထန်စွာဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်းခန့်မှန်းထားသည်။ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်အရှေ့တောင်ပိုင်း၊ ဖူကျန့်ပြည်နယ်အရှေ့ပိုင်း၊ ကွမ်တုန်းပြည်နယ် နေရာအနှံ့အပြား နှင့် ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အရှေ့တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာဆက်လက်ရွာသွန်းနိုင်ကြောင်းခန့်မှန်းထားသည်။(Xinhua)

……………………………
(English Version)

GLOBALink | Over 33,000 evacuated as Typhoon Lupit makes landfall in China’s Guangdong

GUANGZHOU, Aug. 5 (Xinhua) — More than 33,000 residents have been evacuated to safe places as of 4:00 p.m. Wednesday as Typhoon Lupit, the ninth one this year, made landfall on Thursday morning in coastal areas of south China’s Guangdong Province.

The typhoon landed at around 11:20 a.m. in the coastal waters off Nan’ao County, Shantou City, packing winds of up to 24 meters per second at its center, according to the meteorological observatory of Guangdong Province.

The province has also shut down 43 seaside scenic spots and bathing beaches, the provincial emergency management department said.
More than 3,500 fishing boats have returned to ports and over 6,200 people, engaged in mariculture in offshore waters, have gone ashore to avoid danger.

Gales and rainfall brought by Lupit will continue in the next three days. Heavy rain is expected to lash the southeastern part of Zhejiang, the eastern part of Fujian, most of Guangdong and the southeastern part of Guangxi Zhuang Autonomous Region.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.