Connect with us

Media

ဂရိနိုင်ငံတွင် တောမီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွား

အေသင်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် ပြီးခဲ့သည့်တနင်္လာနေ့တွင် သေဆုံးသူ ၂ ဦးရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် တောမီးလောင်ကျွမ်းမှုဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။

ဂရိနိုင်ငံအလယ်ပိုင်း ဖော်ကီဒါ ဒေသတွင် တောမီးလောင်ကျွမ်းမှုအနီး မြေတူးစက်မောင်းနှင်သူတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဆေးရုံမှထုတ်ပြန်သည်။
အသက် ၇၀နှစ်အရွယ် ရှိ အဆိုပါအမျိုးသားသည် ထိုဒေသတွင်မီးအတားအဆီးများကို မြေတူးစက်ဖြင့် ကူညီတားဆီပေးနေစဉ် မီတာ ၃၀ အနက်ရှိ ချောက်ကမ်းပါးထဲသို့ပြုတ်ကျသေဆုံးသွားရခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း မြောက်ပိုင်းတွင်လောင်ကျွမ်းနေသည့်တောမီးများအကြား စေတနာ့ဝန်ထမ်းတစ်ဦးသည် လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်ပိမိကာသေဆုံးခဲ့ရသည်။
ထို့အပြင် စေတနာ့ဝန်ထမ်းမီးသတ်သမားနှစ်ဦးကိုလည်း အေသင်မြို့ရှိဆေးရုံသို့အရေးပေါ်ပို့ဆောင်ထားရပြီး တနင်္လာနေ့အထိ အရေးပေါ်အခြေအနေတွင်ရှိနေဆဲဖြစ်သည်။

“ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျေးရွာပေါင်း၁၄၁ ရွာနှင့် ရပ်ကွက်များ မှာ ရွှေ့ပြောင်းနေထိုင်မှု ၆၃ ခုအထိရှိခဲ့ပါတယ်။ ကိုယ့်ရဲ့ အိုးအိမ်တွေပိုင်ဆိုင်မှုတွေ မီးလောင်ကျွမ်းကုန်လို့ ပူဆွေးဝမ်းနည်းဖြစ်နေကြတဲ့ ပြည်သူတွေရဲ့ခံစားချက်တွေကိုလည်းမိမိအနေနဲ့နားလည်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့အသက်တွေကယ်ဖို့ ထက်ပိုပြီး ဦးစားပေးလုပ်ဆောင်ရမယ့်ကိစ္စ မရှိပါဘူး” ဟု ဂရိနိုင်ငံဝန်ကြီးချုပ် Kyriakos Mitsotakis က ERT ထုတ်လွှင့်ရေးအစီအစဉ်တွင် တိုက်ရိုက်မိန့်ခွန်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ် Mitsotakis က ထောက်ပံ့ကူညီရေးအဖြစ် အက်တီကာနှင့်အဲဗီရာကျွန်းတဝိုက် မီးဘေးသင့်ကာ အိုးအိမ်စည်းစိမ်းပျက်ဆီးဆုံးရှုံးခဲ့ကြသူများအတွက် ယူရို သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၅၈၇ သန်း) အား ထောက်ပံ့ပေးအပ်သွားမည်ဟုကြေညာခဲ့သည်။

သြဂုတ် ၁ ရက်မှ ၈ ရက်အထိ ပင်လယ်ကမ်းခြေရှိ အဲဗီရာကျွန်းတစ်ဝိုက် မီးဘေးသင့်ပြီးရွှေ့ပြောင်းခဲ့ရသည့် ဒေသခံများနှင့် ခရီးသွားဧည့်သည်စုစုပေါင်း ၂,၇၇၀ ဦးရှိကြောင်း ဂရိကမ်းခြေစောင့်တပ်ကထုတ်ပြန်သည်။ပြီးခဲ့သည့်သောကြာနေ့တွင် ကမ်းခြေစောင့်တပ်မှ ဖယ်ရီကူးတို့ယာဉ်များ၊ ပုဂ္ဂလိကပိုင်လှေများဖြင့်ပြည်သူပေါင်း ၁,၄၀၀ အားဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။ (Xinhua)

……………………….
(English Version)

GLOBALink | Greek PM announces support measures as wildfires kill 2

ATHENS, Aug. 11 (Xinhua) –The death toll from the raging wildfires in Greece rose to two on Monday as devastating blazes continue to wreak havoc across the country.

A bulldozer driver was killed close to where a fire was raging in Fokida region in central Greece on Monday, the hospital where he was transferred to said.

The 70-year-old was assisting with a bulldozer to set up firebreaks in the area when the track fell over a precipice with a depth of 30 meters.

Last week, another volunteer lost his life in the wildfires in the northern suburbs of Athens, hit by an electricity pylon.
Meanwhile, two volunteer firefighters, who were rushed to a hospital in Athens on Friday, remained in critical condition as of Monday.

“In the past few days, 63 organized evacuations took place in 141 villages and settlements. I completely understand the pain of our citizens who saw their homes or property burning,” Greek Prime Minister Kyriakos Mitsotakis said in an address broadcast live on public broadcaster ERT Monday evening, noting that the priority was “to save lives.”

Mitsotakis announced that a supplementary support package of 500 million euros (587 million U.S. dollars) will be distributed to people who have lost homes and property in the fire-stricken areas of Attica and Evia island.

According to the Greek Coast Guard, a total of 2,770 residents and tourists were evacuated by sea from the fire-stricken areas of Evia island from Aug. 1 to 8.
On Friday, coast guard vessels assisted by ferries and private boats transferred 1,400 people to safe zones.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.