Connect with us

Media

စက်ရုပ်များကဆောက်လုပ်သောအိမ်

ကွမ်တုန်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဆောက်လုပ်ရေးလုပ်သားအဖွဲ့သစ်တစ်ဖွဲ့ဖြင့် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့အားလုံးသည် ဆေးသုတ်ခြင်း၊ တိုင်းတာခြင်းနှင့်သန့်ရှင်းရေးအလုပ်များ အထိ ကြိုးစားလုပ်ဆောင်နေကြသည်။ သို့ရာတွင်၎င်းတို့သည် ပုံမှန်ဆောက်လုပ်ရေးလုပ်သားများနှင့် အသွင်သဏ္ဍာန် ကွဲပြားလျက်ရှိသည်။ သေချာသည့်အချက်တစ်ချက်မှာ ၎င်းတို့သည် လူသားများ မဟုတ်ကြချေ။

နောက်ဆုံးပေါ်နည်းပညာများကိုအသုံးပြုတီထွင်ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး စက်ရုပ်များကို တရုတ်နိုင်ငံ တောင်ပိုင်းကွမ်တုန်းပြည်နယ် ဖိုရှမ်းမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အသုံးပြုလျက်ရှိသည်။

ဖိုရှမ်းမြို့ရှိလူနေအိမ်ရာထဲ၌ စက်ရုပ်များသည် လွန်စွာအလုပ်ကြိုးစားလုပ်ဆောင်လျက်ရှိသည်။ အကွာအဝေးတိုင်းတာခြင်းမှသည် သန့်ရှင်းရေးနှင့် ထုထောင်းလုပ်ကိုင်ရသည့်အလုပ်အဆုံး ဆောက်လုပ်ရေး အလုပ်အမျိုးအစားမျိုးစုံအတွက် ထိုစက်ရုပ်များအားတာဝန်ချထားခြင်းဖြစ်သည်။

ပန်းရောင်စက်ရုပ်ငယ်လေးသည် သန့်ရှင်းရေးလုပ်ဆောင်မည့် စက်ရုပ်လေးဖြစ်သည်။ အိမ်သုံးဖုန်စုပ်စက် နှင့်လုပ်ဆောင်ချက်တူညီသော်လည်း ထိုစက်ရုပ်လေးသည် ပိုမိုကြီးမားပြီး နည်းပညာပိုင်းအရ ပိုမိုခေတ်မီဆန်းသစ်သည်။ လေဆာစနစ်နှင့်ရေဒါစနစ်ပေါင်းစပ်ထားသည့် လီဒါစနစ်၊ နှုန်းလွန်အသံလှိုင်းဆင်ဆာစနစ်နှင့် ထိခိုက်မှုအားရှောင်ရှားနိုင်သည့်ထောင့်ချိုး များတပ်ဆင်ထားပြီး အလိုအလျောက်စနစ်သုံးကာသန့်ရှင်းရေးလုပ်ဆောင်နိုင်သည်။ ထို့အပြင် ကြီးမားသည့် ဆောက်လုပ်ရေးစွန့်ပစ်ပစ္စည်းများနှင့်ထိတွေ့မိပါက အလင်းရောင်အချက်ပြပေးနိုင်သည်။

လုပ်ငန်းခွင်၌ အသုံးပြုသည့် တိုင်းတာရေးစက်ရုပ် ၌ ပုံရိပ်ယောင်စနစ်သုံး ပေတံနှင့် ထောင့်ချိုးတိုင်းစက်ဝိုင်းခြမ်းများ ကိုထည့်သွင်းထားကာအလိုအလျောက်တွက်ချက်ပြီးတိုင်းတာနိုင်သည်။ AI အသိဉာဏ်နည်းပညာကိုထည့်သွင်းထားခြင်းကြောင့် ရလဒ်မှာထိရောက်မှုရှိပြီး အခန်းတစ်ခန်းလုံးကိုအချိန် ၂မိနစ်မှ ၃ မိနစ်အတွင်းတိုင်းတာနိုင်သည့်အပြင်  တိကျသည့် မှတ်တမ်းများကိုလည်းပြန်ထုတ်ပေးနိုင်သည်။ ထိုစက်ရုပ်ဖြင့်တိုင်းတာခြင်းသည် လုပ်သားများနှင့်လုပ်ဆောင်ခြင်းထက် နှစ်ဆခန့်ပိုမိုတိကျမှုရှိသည်။

ထို့အတူ အချောကိုင်စက်ရုပ်သည် ကွန်ကရစ်နံရံများနှင့်ခေါင်မိုးများကိုချောမွေ့စေရန် နှင့်တိကျမှုရှိစေရန် အကူအညီပေးသည်။ မျက်နှာပြင်ချောမွေ့ကောင်းမွန်စေရန်လုပ်ဆောင်ပေးပြီးနောက်တစ်ဆင့် အချောသတ်လုပ်ငန်းများအတွက် မျက်နှာပြင်များကိုကျစ်လစ်မှုရှိစေရန်လုပ်ဆောင်ပေးသည်။

ထိုစက်ရုပ်များအားလုံးကို Bright Dream Robotics Company မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ လုပ်ငန်းမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးစက်ရုပ်အမျိုးအစား ပေါင်း ၁၈ ခု ကိုထုတ်လုပ်ထားပြီး  နိုင်ငံတစ်ဝန်းရှိ စီမံကိန်းပေါင်း ၁၂၀ ကျော်တွင်အသုံးပြုလျက်ရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးစက်ရုပ်များအား စမ်းသပ်အသုံးပြုခြင်းဖြင့် ထုတ်လုပ်မှုစွမ်းအင်တိုးတက်လာခြင်း၊ အရည်အသွေးပိုမိုမြင့်မားလာခြင်းနှင့်အတူ ဘေးကင်းလုံခြုံမှုလည်းတိုးတက်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်းသိရသည်။ (Xinhua)

………………….

(English Version)

Robot-built house, would you live in it?

A building site in China has a new team of workers, and they are all hard at work: polishing, measuring, even cleaning up. But they look a bit different to your average construction workers. For one thing, they aren’t even human!