Connect with us

Media

တရုတ်နိုင်ငံမှ အယ်လ်ဂျီးရီယားနိုင်ငံအတွက် တည်ဆောက်ပေးသည့် ဇိမ်ခံသင်္ဘောကြီး စတင် ခရီးနှင်

ကွမ်ကျိုး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယားနိုင်ငံအတွက် တရုတ်နိုင်ငံမှ ပထမဆုံး တည်ဆောက်ပေးသည့် အပျော်စီးဇိမ်ခံသင်္ဘောကြီးသည် ဇူလိုင် ၁၅ ရက်က အယ်လ်ဂျီးရီးယားဆိပ်ကမ်းသို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

အဆိုပါ ကားတင်သင်္ဘောကြီးကို Guangzhou Shipyard International Co., Ltd. နှင့် China Shipbuilding Trading Co., Ltd. တို့က အယ်လ်ဂျီးရီးယား အစိုးရပိုင်ကုမ္ပဏီ Entreprise Nationale de Transport Maritime de Voyageurs (ENTMV) အတွက် ပူးတွဲတည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းသင်္ဘောသည် ခရီးသည် ၁,၈၀၀ နှင့် ကားအစီး ၆၀၀ အထိ တင်ဆောင်နိုင်ပြီး ရေမိုင် ၂၄ knots အမြန်နှုန်းဖြင့် ခုတ်မောင်းနိုင်ကြောင်း သိရသည်။

အယ်လ်ဂျီးရီးယား ပုံစံဒီဇိုင်းပေါင်းစပ်ထည့်သွင်းထားသော ယင်းသင်္ဘောတွင် စားသောက်ဆိုင်၊ အမိုးဖွင့်အပန်းဖြေနေရာ၊ အခွန်ကင်းလွတ်သည့် စတိုးဆိုင်နှင့် ဘားများ အပါအဝင် ကဏ္ဍမျိုးစုံနှင့် အထပ်ပေါင်း ၁၂ ထပ် ပါရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
GLOBALink | First Chinese-built cruise ferry for Algeria sets sail
GUANGZHOU, July 23 (Xinhua) — The first Chinese-built luxury cruise ferry for Algeria set sail for the port of Algiers on July 15.
The roll-on-roll-off ferry was co-built by Guangzhou Shipyard International Co., Ltd. and China Shipbuilding Trading Co., Ltd. for the Algerian state-owned company Entreprise Nationale de Transport Maritime de Voyageurs (ENTMV).
It can carry up to 1,800 passengers and 600 cars and travel at speeds of up to 24 knots.
The vessel, which incorporates elements of Algerian design, has 12 decks with various sections, including restaurants, open-air amusement areas, duty-free stores, and bars.
Produced by Xinhua News Agency