Connect with us

Media

တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ ၂၀၂၁ ခုနှစ်တွင် ၈.၁ ရာခိုင်နှုန်းအထိတိုးတက်လာ

ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင်ကပ်ရောဂါတဖန်ပြန်လည်ဖြစ်ပွားမှုများနှင့်ပြည်ပ နိုင်ငံရေးအခြေအနေရှုပ်ထွေးမှုများကဲ့သို့သောစိန်ခေါ်မှုများကြားမှပင် စီးပွားရေးကဏ္ဍ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရသိရသည်။
နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ တစ်နှစ်ပြီးတစ်နှစ် ၈.၁ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ရာ ပြီးခဲ့သည့်နှစ်တွင် ယွမ် ၁၁၄.၃၇ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၈ ထရီလီယံခန့်) အထိရောက်ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှထုတ်ပြန်ခဲ့သည်။

ယင်းမှာ အစိုးရ မှ ဦးတည်ထားသည့် “၆ ရာခိုင်နှုန်း” အထက်ကျော်လွန် ခဲ့ပြီး နှစ်နှစ်တာ ပျမ်းမျှတိုးတက်မှုနှုန်းမှာ ၅.၁ ရာခိုင်နှုန်းရှိကြောင်း ကိန်းဂဏန်းအချက်အလက်များ အရသိရသည်။
အမျိုးသားစာရင်းအင်းဗြူရိုအကြီးအကဲဖြစ်သူ Ning Jizhe က
“ကျွန်တော်တို့ရဲ့တွက်ချက်မှုအရ၂၀၂၁ ခုနှစ်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP က ၁၁၄.၃၇ ထရီလီယမ် ယွမ်ရှိပါတယ်၊ ဒါဟာ ပြီးခဲ့တဲ့နှစ် နဲ့ ဈေးတသတ်မတ်တည်းကျချိန် ရဲ့ ၈.၁ ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ပါတယ် ။နှစ် နှစ်တာ ပျမ်းမျှ တိုးတက်မှုနှုန်းမှာ ၅.၁ ရာခိုင်နှုန်းရှိပါတယ်။
ပထမ လေးလပတ်ကာလမှာ GDP ဟာ ၁၈.၃ ရာခိုင်နှုန်း၊ ဒုတိယ လေးလပတ်မှာ ၇.၉ ရာခိုင်နှုန်း၊ တတိယလေးလပတ်မှာ ၄.၉ ရာခိုင်နှုန်းနဲ့ စတုတ္ထလေးလပတ်မှာ ၄ ရာခိုင်နှုန်းအသီးသီးရှိပါတယ်” ဟုဆိုသည်။

၄လပတ်အတွင်းနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုရာခိုင်နှုန်းမှာ နှစ်အလိုက် ၄ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ပြည်ပ အခြေအနေရှုပ်ထွေးမှုများကြီးထွားစဉ် ဝယ်လိုအားကျဆင်းမှု၊ ထောက်ပံ့ရေးပြတ်လတ်မှုနှင့် မျှော်မှန်းထားသည့်ပမာဏရောက်ရှိရန်ခက်ခဲမှုစသည့် ဖိအား၃ ခုအားရင်ဆိုင်နိုင်ရဖွယ်ရှိမည်ဟု သတိပေးထားသည်ကြားမှပင်တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် တည်ငြိမ်စွာပြန်လည်နာလန်ထူလာနိုင်ခဲ့ပြီးကမ္ဘာ့ပေါ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ကပ်ရောဂါထိန်းချုပ်မှု ကိုထိပ်တန်းမှ အောင်မြင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကြောင်း NBS က ဆိုသည်။ (Xinhua)

………………………………
(English Version)

GLOBALink | China’s GDP expands 8.1 pct in 2021
BEIJING, Jan. 17 (Xinhua) — China’s economy posted stable growth in 2021 despite challenges including epidemic resurgences and a complicated external environment, official data showed Monday.
The country’s gross domestic product (GDP) expanded 8.1 percent year on year to 114.37 trillion yuan (about 18 trillion U.S. dollars) last year, the National Bureau of Statistics (NBS) said.
The pace was well above the government target of “above 6 percent,” and put the two-year average growth at 5.1 percent, the data showed.
In the fourth quarter, the country’s GDP expanded 4 percent year on year.
China’s economy has continued stable recovery in 2021, leading the world in both economic development and epidemic control, the NBS said, while warning of the triple pressure of demand contraction, supply shocks and weakening expectations amid an increasingly complicated external environment.

Produced by Xinhua Global Service