Connect with us

Media

တရုတ်နိုင်ငံ ရှင်းကျန်းဒေသတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ တန်ချိန် ၁ ဘီလီယံ ထွက်ရှိနိုင်သော ရေနံသိုက်တူးဖော်တွေ့ရှိ

ဝူးလူမုချီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဓါတ်ငွေ့ထုတ်လုပ်ငန်းတစ်ခုဖြစ်သည့် PetroChina ၏ လုပ်ငန်းခွဲ Tarim ရေနံတူးဖော်ရေးလုပ်ငန်းသည် ရေနံနှင့်သဘာဝဓါတ်ငွေ့ တန်ချိန် ၁ ဘီလီယံ အထိထွက်ရှိနိုင်သော ရေနံသိုက် အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သောကြာနေ့က သတင်းထုတ်ပြန်သည်။ယခုတွေ့ရှိမှုမှာ Tarim ချိုင့်ဝန်းတစ်လျှောက်တွင် ပြီးခဲ့သည့် ဆယ်နှစ်တာကာလအတွင်းအကြီးဆုံးရှာဖွေ တွေ့ရှိသည့် ရေနံ နှင့် သဘာဝဓာတ်ငွေ့ သိုက်ကြီး တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်တည်ရှိသည့် Tarim ချိုင့်ဝန်းသည် တရုတ်နိုင်ငံတွင် ရေနံပေါကြွယ်ဝစွာထွက်ရှိသည့် ဒေသတစ်ခုဖြစ်သည်။ သို့ရာတွင် မြေအနေအထားကြမ်းတမ်းရှုပ်ထွေးမှုကြောင့် ရေနံတူးဖော်ရှာဖွေရေးလုပ်ဆောင်ရာတွင်လည်း အခက်ခဲဆုံးဒေသများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်းသိရသည်။ (Xinhua)
#Oilandgasfield #PetroChina #TarimOilfield #TarimBasin #Xinjiang #China #Myanmar #Xinhua #Xinhuamyanmar #ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက် #ရှင်းကျန်း #တရုတ် #မြန်မာ #ဆင်ဟွာ #ဆင်ဟွာမြန်မာ
——————————————————
(English Version)

GLOBALink | 1-billion-tonne oil, gas area discovered in Tarim oilfield in Xinjiang, China
URUMQI, June 19 (Xinhua) — The Tarim oilfield branch of PetroChina, China’s largest oil and gas producer, said Friday they had discovered a new ultra-deep oil and gas area with reserves of 1 billion tonnes.

The new area is the largest petroleum discovery in the Tarim Basin in the last ten years, the company said.

Located in northwest China’s Xinjiang Uygur Autonomous Region, Tarim Basin is a major petroliferous basin in China. It is one of the most difficult to explore due to its harsh ground environment and complicated underground conditions.

Produced by Xinhua Global Service