Connect with us

Media

တရုတ်နိုင်ငံ ၏ အသစ်ထပ်မံထုတ်လုပ်သည့် ပြည်တွင်းဖြစ်မြေအောက်ရထား စတင်ပြေးဆွဲမည်

ချင်းသောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ်မြေအောက်ရထားတစ်စင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က စတင်ပြေးဆွဲခဲ့ရာ ၎င်းမှာ နိုင်ငံ၏ မြို့ပြ ရထားသယ်ယူပို့ဆောင်ရေးအတွက် ခြေလှမ်းသစ်တစ်ရပ်ဖြစ်လာခဲ့သည်။ယင်းမြေအောက်ရထားကို CRRC Qingdao Sifang Co.,Ltd မှ ထုတ်လုပ်ခြင်းဖြစ်ပြီး တစ်ဦးတည်းမူပိုင်ခွင့်ရရှိထားကာ အစိတ်အပိုင်း ၈၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံ၌ပင်ထုတ်လုပ်ထားသည်။

ယင်းရထားသည် တရုတ်နိုင်ငံအလယ်ပိုင်း Xuchang မြို့နှင့် Henan ပြည်နယ် Zhengzhou Xinzheng နိုင်ငံတကာ လေဆိပ် ကို ပြေးဆွဲမောင်းနှင်မည်ဖြစ်ပြီး တစ်နာရီလျှင် ၁၂၀ ကီလိုမီတာအမြန်နှုန်းဖြင့် အလိုအလျောက်မောင်းနှင်ပေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် လက်ရှိ ပြေးဆွဲနေသည့် မြေအောက်ရထားများ၏ အစိတ်အပိုင်းများသည် ကွဲပြားသည့် စံချိန်စံညွှန်းများရှိနေခြင်းကြောင့် ထိန်းသိမ်းပြုပြင်မှုကုန်ကျစရိတ်မြင့်မားသည်။

ယခု အသစ်ထုတ်လုပ်သည့် မြေအောက်ရထားမှာ ပြည်တွင်းဖြစ်နည်းပညာများနှင့် စံချိန်စံညွှန်းမြင့်မားစွာထုတ်လုပ်ရန် ၊ မြေအောက်ရထားတွဲများ၏ သက်တမ်းကို ပိုမိုခံနိုင်ရည်ရှိစေရန်နှင့် မြို့ပြ ရထားသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စဉ်ဆက်မပြတ် လိုအပ်သည့် အစိတ်အပိုင်းများအား ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်သည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းသိရသည်။ (Xinhua)
————————————-
China takes step towards standardized urban rail with newly developed subway train
QINGDAO, June 29 (Xinhua) — China unveiled on Monday a self-developed subway train, taking the country’s first step towards a national standardized urban rail transit.

The subway train developed by CRRC Qingdao Sifang Co., Ltd. possesses independent intellectual property rights, with over 85 percent of its components fully made in China.

Running between central China’s Xuchang city and Zhengzhou Xinzheng International Airport in Henan Province, the train has a design speed of 120 km/h and can operate autonomously.

Most current subway trains in China equip components made to different standards, resulting in higher maintenance costs.

The new train is part of a project that aims to promote a standardize system with self-developed technologies, to extend the life cycle of subway train units and provide equipment support for sustainable urban rail transit.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.