Connect with us

Media

တရုတ်ပြည်တွင်းဖြစ်ဥမင်တူးစက်ဖြင့် ဝူဟန့်မြို့တွင် ဥမင်တိုးချဲ့ခြင်းစီမံကိန်းအကောင်အထည်ဖော်

ဝူဟန့်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့ ဟဲပင်းလမ်းတွင် တောင်ဘက် ဥမင်တိုးချဲ့ခြင်းစီမံကိန်းအား တရုတ်ပြည်တွင်းထုတ် ဥမင်တူးစက်ယန္တရားကြီးကို အသုံးပြုကာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အကောင်အထည်ဖော်ခဲ့ကြောင်းသိရသည်။
ဟဲပင်းဟုအမည်ပေးထားသည့် အဆိုပါယန္တရားကြီးသည် တရုတ်နိုင်ငံရှိ ဥမင်တူးစက်အမျိုးအစားများထဲတွင် အကြီးဆုံးအချင်းရှိသည့် ဥမင်တူးစက်ကြီးဖြစ်ပြီး ၁၆.၀၃ မီတာ အကျယ်အဝန်းရှိသည်။
ထပ်မံတိုးချဲ့မည့် ဥမင်စီမံကိန်းမှာ စုစုပေါင်း အရှည် ၃,၀၄၂.၅ မီတာရှိပြီး နှစ်လမ်းမောင်း ၆ လမ်းသွား ပြေးဆွဲရန်လျာထားသည်။
အဆိုပါ ဥမင်တိုးချဲ့ခြင်းလုပ်ငန်းအား ၂၀၂၃ ခုနှစ်တွင် အပြီးသတ်ကာ အများပြည်သူ အသုံးပြုရန်ဖွင့်လှစ်နိုင်မည်ဟုသိရသည်။
စီမံကိန်းတာဝန်ခံ Zhang Jianyong က “ ဒီစီမံကိန်းမှာ အဓိက ဂရုစိုက်ဖို့လိုတာ ကတော့ အပေါ်မှာ ရှေးဟောင်းအမွေအနှစ်အဆောက်အဦတွေရှိပြီးအောက်မှာရုပ်ကြွင်းတွေရှိနေတာပါပဲ။ ဥမင်က အဆောက်အဦအဟောင်းပေါင်း ၅၀၀ ကျော်လောက်ကို ဖြတ်ပြီး‌ဖောက်ရမှာပါ ၊ အဲဒီဒေသမှာနေထိုင်ကြသူတွေအများစုကလည်းလူသိများထင်ရှားကြသူတွေချည်းပါပဲ။ ယဉ်ကျေးမှုအမွေအနှစ်နေရာဆိုတော့ ထိန်းသိမ်းရမှာဖြစ်သလို ဥမင်ကြီးပြီးရင်ရှေးဟောင်းအမွေအနှစ် အပန်းဖြေဥယျာဉ်တစ်ခုကိုလည်း တည်ဆောက်သွားမှာပါ ၊ ဒါကြောင့်စီမံကိန်းမှာ ထိန်းချုပ်‌‌ရေးအကူ သိပ်ပြီးတော့လိုအပ်တဲ့အပြင် ဆောက်လုပ်ရေးလိုအပ်ချက်များစွာကလည်း ပုံမှန်ထက်ပိုမိုများပြားတာဖြစ်ပါတယ်” ဟုဆိုသည်။ (Xinhua)
………………………………..
(English Version)

Homemade shield machine used in China’s Wuhan tunnel extension project
A homemade shield machine starts operation in Heping Avenue south extension tunnel project on Sunday in the Chinese central city of Wuhan.
The shield machine, named “Heping,” has one of the largest excavation diameters of of its kind in China, reaching 16.03 meters. It will be used to tunnel from the Wushengmen ruins area to the Yellow Crane Tower South Road.
The extension will measure a total of 3,042.5 meters and will have six lanes in both directions.
The south extension of Heping Avenue is expected to be completed and open to traffic in 2023.