Connect with us

Media

တရုတ်အာကာသစခန်းသို့ လူလိုက်ပါ အာကာသခရီးစဉ်နှင့်ပတ်သက်သော အကျဉ်းချုပ်အချက်အလက်များ တင်ပြခြင်း

ကန်းစု၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းကန်းစုပြည်နယ်၊ ကျိုချွမ်အာကာသလွှတ်တင်ရေးစခန်းတွင် ဇွန် ၁၇ ရက်က တရုတ်နိုင်ငံ၏ Shenzhou-12 အာကာသ ခရီးစဉ်တွင်လိုက်ပါသွားကြမည့် အာကာသယာဉ်မှူးများ သည် ခရီးစဉ်မတိုင်မီ ပြည်သူများနှင့်တွေ့ဆုံနှုတ်ဆက်ပွဲပြုလုပ်ခဲ့သည်။
အာကာသယာဉ်မှူးများဖြစ်ကြသည့် နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်၊ ထန်းဟုန်ပေါတို့ (၃)ဦးသည် တရုတ်အာကာသစခန်း တည်ဆောက်ရန်အတွက် အာကာသစခန်း ပင်မခန်းတွင် ၃ လကြာနေထိုင်သွားကြမည် ဖြစ်သည်။

ယခုခရီးစဉ်သည် တရုတ်နိုင်ငံမှ အာကာသထဲသို့ လူလိုက်ပါခြင်း စေလွှတ်သည့် သတ္တမမြောက်ခရီးစဉ်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အာကာသစခန်းတည်ဆောက်ရေးနေရာသို့ လူလိုက်ပါသွားသည့် ပထမဆုံးအကြိမ် ဖြစ်သည်။

ထို့အပြင် ယခုခရီးစဉ်သည် ၅ နှစ်ခန့်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်လွှတ်တင်သည့် တရုတ်နိုင်ငံ၏ လူလိုက်ပါသည့် အာကာသခရီးစဉ် တစ်ခုဖြစ်သည်။

အာကာသယာဉ်မှူး ၃ဦး သည် အာကာသ၌ အချိန်အကြာဆုံးနေထိုင်မည့် စံချိန်သစ်တစ်ရပ်ကို တင်နိုင်ရန် ရည်ရွယ်ထားသည်။
ယခုခရီးစဉ်သည် ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံမှလွှတ်တင်ခဲ့သည့် Shenzhou-11 အာကာသယာဉ်မှူးများ၏ အာကာသပေါ်၌ ၃၃ ရက်ကြာနေထိုင်ခဲ့သည့် စံချိန်ထက်ကျော်လွန်မည်ဖြစ်သည်။

Shenzhou-12 အာကာသယာဉ်သည် အလျင်မြန်ဆုံး အလိုအလျောက် ဆင်းသက်သည့်စနစ်ဖြင့် ဂြိုဟ်ပတ်လမ်းရှိ အာကာသစခန်း၏ ထျန်းဟဲ ပင်မစခန်းသို့ ဆိုက်ကပ် ရောက်ရှိမည်ဖြစ်သည်။

အာကာသယာဉ်အား Long March -2F သယ်ဆောင်ရေး ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် မနက် ၉ နာရီ ၂၂ မိနစ်တွင် လွှတ်တင်ခဲ့သည်။
လွှတ်တင်ပြီးနောက် ၅၇၃ စက္ကန့်အကြာတွင် Shenzhou-12 သည် Long March -2Fမှ ခွဲထွက်ပြီး သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းသို့ဝင်ရောက်သွားခဲ့သည်။

ပေကျင်းအာကာသယာဉ် ထိန်းချုပ်ရေးစင်တာ၏ အစီရင်ခံစာများအရ Long March -2F Y12 ဒုံးကျည်သည် Shenzhou-12 လူလိုက်ပါသွားသည့် အာကာသယာဉ်အားကြိုတင်သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းအတွင်းပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။

ဂြိုဟ်ပတ်လမ်းသို့အရောက်တွင် အာကာသယာဉ်၌တပ်ဆင်ထားသော ခေါက်ထားသည့် ဆိုလာပြားများလည်း အလိုအလျှောက် အောင်မြင်စွာပွင့်ထွက်လာခဲ့သည်။ တရုတ်နိုင်ငံက Shenzhou-12 လူလိုက်ပါသည့် အာကာသခရီးစဉ် အောင်မြင်စွာလွှတ်တင်နိုင်ကြောင်း ကို ဇွန် ၁၇ ရက်မှာပင် CMSA တာဝန်ရှိသူက ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.