Connect with us

Media

တရုတ်-ဥရောပ ကုန်စည်ရထားခရီးစဉ်ပေါင်း ၃,၀၀၀ ကျော်ပြေးဆွဲပြီးဖြစ်

ဝူးလူမုချီ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေရှိ Horgos ကုန်တင်စခန်းမှ တရုတ်နိုင်ငံနှင့် ဥရောပ နိုင်ငံများအကြား ဇွန် ၃၀ ရက်အထိ ကုန်ပစ္စည်းတင်ရထား အခေါက်ရေပေါင်း ၃,၀၅၇ ခေါက် ပြေးဆွဲနိုင်ခဲ့ပြီး ကုန်ပစ္စည်းတန်ချိန်‌ပေါင်း ၄.၂၈၇ သန်း သယ်ယူပို့ဆောင်နိုင်ခဲ့ရာ ၎င်းမှာ နှစ်အလိုက်တိုးတက်မှု ၅၂.၅ ရာခိုင်နှုန်းရှိကြောင်း တာဝန်ရှိသူကဆိုသည်။

တရုတ်နိုင်ငံသို့ပြန်လည်ဝင်ရောက်လာသည့်ရထားအရေအတွက်မှာ ၆၉၅ စင်းရှိခဲ့ရာ နှစ်အလိုက် ၁၉၅.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ဒေသခံ ရထားပို့ဆောင်ရေးအာဏာပိုင်များက Alataw ဂိတ်နှင့် Horgos ကုန်စည်စခန်းတို့၌ ကုန်သေတ္တာသိုလှောင်နိုင်မှု ပမာဏအား တိုးမြှင့်ထားပြီး ၂၀၂၀ ပြည့်နှစ်တွင် ထုတ်လုပ်မှုစွမ်းရည်ကို ပိုမိုတိုးတက်အောင်ပြုလုပ်ထားသည်။

ရထားလမ်း၊ အကောက်ခွန်နှင့် နယ်စပ်ထိန်းချုပ်ရေး အာဏာပိုင်များအကြားပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန် လာသည်နှင့်အမျှ နယ်စပ်ဖြတ်ကျော် ကုန်စည် စီးဆင်းမှု ကြာမြင့်ချိန်မှာလည်း ၃.၅ နာရီ မှ ၁ နာရီအထိ လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါကြောင့် ‌ရေကြောင်းနှင့်လေကြောင်း ကုန်စည် သယ်ယူပို့ဆောင်မှုတွင် ဆိုးဝါးစွာ ထိခိုက်မှုများရှိခဲ့ရာ တရုတ်-ဥရောပ ကုန်စည်သယ်ယူပို့ဆောင်ရေးရထားခရီးစဉ်မှာ နိုင်ငံတကာကုန်စည်စီးဆင်းမှုအတွက် အရေးပါသောအခန်းကဏ္ဍတွင်ပါဝင်ခဲ့သည်။ တရုတ်-ဥရောပ ကုန်စည်ရထားသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုမှာ ကပ်ရောဂါ ထိန်းချုပ်ရေးပစ္စည်းများအပါအဝင် ကုန်စည်များစွာ သယ်ယူပို့ဆောင်ရေးတွင်ချောမွေ့မှုရှိစေပြီး ရာသီမရွေးတည်ငြိမ်မှုရှိသည့်ဝန်ဆောင်မှုတစ်ခုဖြစ်ကြောင်းသိရသည်။ (Xinhua)
………………………….
GLOBALink | Xinjiang’s Horgos port sees 3,000 trips by China-Europe freight trains
URUMQI, June 2 (Xinhua) — The number of China-Europe freight trains handled by Horgos port in northwest China’s Xinjiang Uygur Autonomous Region has reached 3,057 as of June 30, with a cargo volume of 4.287 million tons, up 52.5 percent year on year, the port customs has said.

The number of inbound trains has reached 695, seeing an increase of 195.7 percent year on year.
Local railway authorities expanded the capacity of the Alataw Pass and the Horgos Port and optimized the operation of production in 2020.

Through better coordination among railway, customs, border control authorities, the crossing-border time has been reduced to less than one hour from 3.5 hours, the sources said.

As the COVID-19 pandemic greatly affected sea and air transport capacity, the China-Europe freight train service has played a significant role in stabilizing international logistics. The service has ensured the smooth transportation of goods including epidemic control materials, given its stability and all-weather features.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.