Connect with us

Media

တူရကီနိုင်ငံတွင် သမိုင်းဝင်အမွေအနှစ်ပစ္စည်း ၄၁၅ ခု မှောင်ခိုရောင်းဝယ်မှုအား ဖော်ထုတ် ဖမ်းဆီး

အစ္စတန်ဘူလ်၊ ဇွန်၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အစ္စတန်ဘူလ်မြို့တွင် တူရကီရဲတပ်ဖွဲ့သည် သမိုင်းဝင်အမွေအနှစ်ပစ္စည်း ၄၁၅ ခုအား မှောင်ခိုရောင်းဝယ်မှုပြုလုပ်သည့် ဖြစ်စဉ်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ယင်းအမှုနှင့်ပတ်သက်သည့် သံသယရှိသူခြောက် ဦး ကိုလည်း ဖမ်းဆီးထားကြောင်း Ihlas သတင်းအေဂျင်စီက တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

အစ္စတန်ဘူလ် မှောင်ခိုတားဆီးရေးအဖွဲ့ သည် သံသယရှိသည့်မှောင်ခိုသမားများအားဖမ်းဆီးရန် မြို့အတွင်းရှိ နေရာ ၄ခုတွင် ရှာဖွေရေး လုပ်ဆောင်ခဲ့သည်။ မှောင်ခိုသမားများသည် ပြတိုက်များတွင်ပြသထားသည့် အမွေအနှစ်ပစ္စည်းများအားခိုးယူကာ ရောင်းချရန်ကြံစည်ခဲ့ခြင်းဖြစ်သည်။ ယခုသိမ်းဆည်းရမိသည့်အမွေအနှစ်ပစ္စည်းများကို အစ္စတန်ဘူလ်မြို့အတွင်းရှိ သက်ဆိုင်ရာပြတိုက်အသီးသီးသို့ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)
…………………………
415 smuggled historical artifacts seized in Turkey’s Istanbul

ISTANBUL, June 7 (Xinhua) — Turkish police seized 415 smuggled historical artifacts in Turkey’s biggest city, Istanbul, and detained six suspects, Ihlas news agency reported Monday.

Istanbul’s anti-smuggling units recently received a tip-off that many historical artifacts were illegally collected and would be sold to various museums, according to Ihlas.

Following the technical and physical follow-up and intelligence studies, the units have launched operations in four addresses across the city and detained the suspected smugglers, it said.

The seized artifacts included pieces of historical coins from the Ottoman, Seljuk, and Byzantine periods, some bronze figures in various sizes, statuettes describing ancient sports activities such as wrestling and discus throwing.

Additionally, an eagle statue embroidered on a bull’s head symbolizing Zeus, some bronze kitchen utensils, and several spearheads has been found during the searches conducted at the addresses.
Ihlas noted that the seized artifacts will be delivered to the related museums in Istanbul. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.