Connect with us

Media

ရေလွှဲဆည် ၌ သင်္ဘောများ ဖြတ်သန်းသွားလာရန် ဒေါင်လိုက်ရေလမ်းကြောင်းလွှဲပြောင်းမှုစတင်အသုံးပြု

ကွေ့ကျိုး၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးရှိ Goupitan ရေအားလျှပ်စစ်စီမံကိန်းတွင်တည်ဆောက်ထားသည့် ရေလွှဲဆည် တွင် တန် ၅၀၀ အလေးချိန်ရှိ ကုန်တင်သင်္ဘော တစ်စင်းသည် ဒေါင်လိုက်ရေလမ်းကြောင်းလွှဲပြောင်းမှုဖြင့် ဖြတ်သန်းမောင်းနှင်ခဲ့သည်။

၁၉၉ မီတာ အမြင့်တွင် တည်ဆောက်ထားသည့် ဒေါင်လိုက် ရေလမ်းကြောင်းလွှဲပြောင်းရေး စနစ်တွင် ရေလမ်းကြောင်း ၃ ဆင့်ရှိပြီး ၂.၃ ကီလိုမီတာအရှည်ရှိသည်။

ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းရှိ ရေလွှဲဆည် အတွင်း သင်္ဘောများ ဖြတ်သန်းသွားလာရန်အတွက် ရေလမ်းကြောင်းလွှဲပြောင်းခြင်းစနစ်ကို ပြီးခဲ့သည့် အင်္ဂါနေ့က စတင်ခဲ့သည်။ ဒေါင်လိုက် ရေလမ်းကြောင်းလွှဲပြောင်းအဆင့် ၃ ဆင့်မှာအမြင့် ၇၉ မီတာ၊၁၂၇ မီတာနှင့် ၄၉ မီတာ အသီးသီးရှိသည်။ Goupitan ရေအားလျှပ်စစ်စီမံကိန်း သည် ယန်ဇီမြစ်၏ အဓိက မြစ်လက်တက်ကြီးတစ်ခုဖြစ်သည့် ဝူကျန်းမြစ်ပေါ်တွင် တည်ဆောက်ထားသော အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………………
GLOBALink | Hydropower station in China’s Guizhou adopts vertical lifts to transfer ships
The Goupitan hydropower station navigation project began its trial operation in China’s Guizhou on Tuesday.

The project adopts three vertical ship lifts linked by two intermediate channels to transfer ships.

The water level from upstream to downstream can reach 199 meters, while the waterway is 2.3 kilometers long.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.