Connect with us

Media

ရေအားလျှပ်စစ်ပမာဏများစွာထုတ်လုပ်နိုင်သည့် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးရေအားလျှပ်စစ်စက်ရုံသစ်ကြီး စတင်လည်ပတ်မည်

ကူမင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယန်ဇီမြစ်အပေါ်ပိုင်း ကျင်းရှ မြစ်တွင် တည်ဆောက်ထားသည့် လျှပ်စစ်ပမာဏများစွာထုတ်လုပ်နိုင်သည့် ရေအား လျှပ်စစ်စက်ရုံသစ်ကြီးတစ်ရုံသည် စတင်လည်ပတ်မည်တော့ ဖြစ်ကြောင်းသိရသည်။

Baihetan ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံ အနောက်တောင်ဘက်တွင်တည်ရှိသည်။ ရေအားလျှပ်စစ်ထုတ်လုပ်ရေးယူနစ်ပေါင်း ၁၆ ခုရှိကာ ယူနစ်တစ်ခုတွင် လျှပ်စစ်ကီလိုဝပ်ပေါင်း၁သန်း ထုတ်လုပ်နိုင် သောကြောင့် ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံအမျိုးအစားဖြစ်ပြီး စုစုပေါင်း ကီလိုဝပ် ၁၆သန်းအထိ ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ရေလှောင်တမံ၏ နံရံကို နှစ်ထပ်ခုံး အကာသဏ္ဍာန် အလွန်မြင့်မားစွာတည်ဆောက်ထားသည်။တမံ၏ အမြင့် မှာ ၂၈၉ မီတာရှိကာ အခုံးအကာ ပတ်လည် အလျားမှာ ၇၀၉ မီတာရှိသည်။

Baihetan ရေအားလျှပ်စစ်စီမံကိန်း တွင် ယခုနှစ် ဧပြီလ၌ ရေများအား စတင်သိုလှောင်ခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင်တည်ဆောက်ထားသော မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စီမံကိန်းပြီးနောက် ဒုတိယမြောက် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ် ပြီး မြစ်ကျဉ်းသုံးသွယ်ရေကာတာ တည်ဆောက်ရေးကော်ပိုရေးရှင်းမှ ယခု စီမံကိန်းအားဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

………………………….
(English Version)

GLOBALink | China’s new mega hydropower station to start operation
KUNMING, June 27 (Xinhua) — China’s new mega hydropower station on the Jinsha River, an upper section of the Yangtze, is expected to start operation on Monday.

With a total installed capacity of 16 million kilowatts, the Baihetan hydropower station in southwest China is equipped with 16 hydro-generating units, each having a capacity of one million kilowatts, the largest in the world.
The dam is an ultra-high double-curvature arch dam with a maximum height of 289 meters and an arc length of 709 meters.

The Baihetan hydropower station started to store water at the dam in April this year.
Baihetan is the second-largest hydropower station in China in terms of installed capacity, second only to the Three Gorges Dam project in the central province of Hubei. The project has been undertaken by the China Three Gorges Corporation.Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.