Connect with us

Media

ရွှံ့အိုင်လူးသည့် တောဆင်များ

ကူမင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တွင် တောဆင်ရိုင်းတစ်အုပ်သည် ဖြတ်သန်းသွားလာစဉ် တွေ့ရသော ရွှံ့အိုင်တစ်ခု၌ မြူးထူးစွာ ရွှံ့လူးနေသည့် ရုပ်သံဖိုင်ကို တင်ဆက်ထားခြင်းဖြစ်ပါသည်။

တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နားစွင့်‌နေကြသည့် တောဆင်ရိုင်းအုပ်သည် ၎င်းတို့နေရပ်မှ ကီလိုမီတာ ၅၀၀ အထိ ခရီးနှင်လာကြခြင်းဖြစ်သည်။

ဆင်အုပ်သည် ရွှေ့ပြောင်းသွားလာရင်း ရွှံ့အိုင်ထဲသို့အရောက်တွင် ပျော်ရွှင်မြူးထူးစွာရွှံ့လူးနေကြခြင်းဖြစ်သည်။ ရွှံ့လူးခြင်းသည် ဆင်များ၏ ခန္ဓာကိုယ်အားသန့်ရှင်းကာ သဘာဝ ခုခံစွမ်းအင်တစ်မျိုးထွက်ရှိလာစေသောကြောင့် ၎င်းတို့အတွက် ရေချိုး သန့်စင်ခြင်းပင်ဖြစ်သည်။

အာဏာပိုင်များက တောဆင်ရိုင်းများအား လိုက်လံစောင့်ရှောက်ရန် နှင့် ၎င်းတို့အား လမ်းကြောင်းအမှန်သို့ ရောက်ရှိရန် ရဲတပ်ဖွဲ့များအားစေလွှတ်ထားပြီး လူနေထူထပ်သည့်ဒေသများသို့ ဝင်ရောက်မှုမရှိ‌စေရန် အစားအသောက်များဖြင့်လမ်းကြောင်း ပြောင်းလဲအောင် စီမံထားရှိကြောင်း သိရသည်။
အာရှတောဆင်ရိုင်းများအား ယူနန်ပြည်နယ်တွင် အများဆုံးတွေ့ရလေ့ရှိပြီး တရုတ်နိုင်ငံ၌ ၎င်းတို့အား
ဦးစားပေးစောင့်ရှောက်ရမည့် တောရိုင်းတိရစ္ဆာန်များအဖြစ်သတ်မှတ်ထားသည်။ ၁၉၈၀ ပြည့်နှစ်များဆီက တောဆင်ရိုင်းများသည် ယူနန်ပြည်နယ်အတွင်း ၁၉၃ ကောင်သာရှိခဲ့ရာမှ ကာကွယ်ရေးအစီအမံများ ကောင်းမွန်မှုကြောင့် လက်ရှိတွင် အကောင်ရေ ၃၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကြောင်းသိရသည်။ (Xinhua)
………………………………..

GLOBALink | Wild elephant calf enjoys “mud spa” in China’s Yunnan
KUNMING, June 22 (Xinhua) — The herd of wild elephants making their way across Yunnan, China has been spotted passing a mud puddle in China’s Yunnan province, with one calf seen splashing around in it.
The animals have traveled about 500 km north from their forest home in southern Yunnan’s Xishuangbanna Dai Autonomous Prefecture, reaching Kunming earlier this month.

For weeks, authorities have sent police to escort the herd, evacuated roads to facilitate their passage, and used food to distract them from entering densely populated areas.

Asian elephants are primarily found in Yunnan and are under A-level state protection in China. Thanks to enhanced protection efforts, the wild elephant population in the province grew to about 300, up from 193 in the 1980s.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.