Media
လတ်တလော ကပ်ရောဂါကူးစက်ခံရမှုရှိနေသော်လည်း ကွမ်တုန်း၌ ကောလိပ်ဝင်ခွင့်စာမေးပွဲကျင်းပ
ကွမ်ကျိုး၊ ဇွန် ၈ ရက် (ဆင်ဟွာ)
တရုတ်အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲ (ခေါ်) Gaokao စာမေးပွဲ ကို ဇွန် ၇ ရက်တွင် စတင်ကျင်းပခဲ့သည်။ ကွမ်တုန်းပြည်နယ်၌ အဆိုပါစာမေးပွဲအား ကျောင်းသားပေါင်း သောင်းချီ ကာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
လတ်တလော COVID-19 ကူးစက်မှုများ ထပ်မံဖြစ်ပွားနေ သောကြောင့် ကျောင်းသားများ၏ လုံခြုံရေးနှင့်ကျန်းမာရေးအတွက် တင်းကြပ်သည့် ဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအစီအမံများစွာဖြင့် ဆောင်ရွက်လျက်ရှိသည်။
စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားများအားလုံး နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရမည့်အပြင် ကျောင်းဝင်းအတွင်းသို့မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း ဆောင်ရွက်ရကြောင်း သိရသည်။
တရုတ်တစ်နိုင်ငံလုံး၌ နှစ်စဉ် ကျင်းပသည့် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ယခုနှစ်တွင်ဝင်ရောက်ဖြေဆိုသူ ၁၀.၇၈ သန်းအထိ ရှိခဲ့သည်။ စာမေးပွဲ ဖြေဆိုမည့်ကျောင်းသားများအား စာမေးပွဲ စည်းကမ်းများအပြင် COVID-19 ကာကွယ်ရေးဆိုင်ရာစည်းမျဉ်းများကိုပါ လိုက်နာရန် ညွှန်ကြားထားသည်။
ဗိုင်းရပ်စ် ပြန်လည် ကူးစက်မှုများရှိနေသည့် ကွမ်တုန်းပြည်နယ်တွင် ကျောင်းသားများ စာမေးပွဲ မဖြေဆိုမီ COVID-19 ကူးစက်ခံရမှု ရှိမရှိကိုပါ စစ်ဆေးမှုခံယူရမည်ဖြစ်သည်။ မရှိမဖြစ်လိုအပ်သည့် ဆေးဘက်ဆိုင်ရာအထောက်အပံ့များဖြစ်သည့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးကဲ့သို့ ပိုးသတ်ပစ္စည်းများအား စာမေးပွဲခန်းတွင် ကြိုတင်ပြင်ဆင်ထားကြောင်းသိရသည်။ (Xinhua)