Connect with us

Media

အဆင့်မြင့်စက်ရုပ်လက်တံက အာကာသစခန်းပြင်ပလုပ်ဆောင်မှုများတွင် ကူညီပေး

ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်အာကာသယာဉ်မှူးများသည် တနင်္ဂနွေနေ့က အာကာသစခန်း၏ အဓိကလုပ်ဆောင်ချက်တစ်ခုဖြစ်သည့် ထျန်းဟဲ အာကာသစခန်းပြင်ပသို့ ခြေချခြင်းကို ပထမဆုံးအကြိမ်အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်။ ထျန်းဟဲပြင်ပတွင်အသုံးပြုရန်အထူးဒီဇိုင်းထုတ်ထားသည့် စက်ရုပ်လက်တံ ကို “giant arm”ဟု အမည်ပေးထားပြီး ၎င်းမှာ အာကာသစခန်းပြင်ပတွင်လုပ်ဆောင်ရာ၌ အရေးပါသည်။

အာကာသစခန်းစက်ရုပ်လက်တံထိန်းချုပ်ရေးစနစ်၏ဒီဇိုင်နာချုပ် Liang Changchun က “အဲဒီစက်ရုပ်အကူလက်တံကို အာကာသယာဉ်မှူးတွေထက်စောပြီးအာကာသထဲကိုပို့ဆောင်ခဲ့တာပါ၊ ဒီစက်ရုပ်အကူလက်တံဟာ အာကာသစခန်းရဲ့ပင်မခန်းမှာအဲလို အနေအထားနဲ့ တည်ရှိနေတာပါ” ဟုဆိုသည်။

စက်ရုပ်အကူလက်တံသည် အာကာသယာဉ်မှူးများအားအာကာသယာဉ်၏ အပြင်ဘက်၌ သွားလာစဉ် လိုရာရောက်အောင်ကူညီပို့ဆောင်ပေးသည်။
“အာကာသယာဉ်မှူးတွေက စက်ရုပ်အကူလက်တံရဲ့ အထူးကိရိယာပေါ်မှာခြေချလိုက်တာနဲ့ အဲဒီလက်တံက သူတို့သွားချင်တဲ့နေရာကိုရောက်အောင်ပို့ပေးလိုက်တာပါ။ ဒီလိုနဲ့ အာကာသယာဉ်မှူးတွေဟာအာကာသပြင်ပရှုခင်းကိုလေ့လာကြည့်ရှုနိုင်ပြီး ကမ္ဘာကြီးကိုလည်း အာကာသထဲကမြင်ရတာပေါ့”
အဆိုပါလက်တံတွင် မျက်လုံးများကိုလည်းတပ်ဆင်ထားသည်။

“စက်ရုပ်လက်တံရဲ့ အဆုံးမှာ ကင်မရာတစ်စုံတပ်ထားတာကြောင့် အာကာသစခန်းအပြင်ဘက်ကအခြေအနေတွေကိုမျက်လုံးနဲ့လိုက်ကြည့်သလိုကြည့်လို့ရပါတယ်”စက်ရုပ်လက်တံကိုလည်းနောက်ပိုင်းတွင် ထပ်မံ ရှည်လျားလာစေရန် လုပ်ဆောင်နိုင်သည်။

“စမ်းသပ်ခန်းကို ဂြိုဟ်ပတ်လမ်းထဲ လွှတ်တင်တဲ့အခါကျရင် အခုစက်ရုပ်လက်တံထက်နည်းနည်းလေးပိုပြီးသေးတဲ့ နောက်ထပ်စက်ရုပ်လက်တံတစ်ခု ကိုလည်း အာကာသစခန်းကို ထည့်ပေးလိုက်ဖို့စီစဉ်ထားပါတယ်၊ စက်ရုပ်လက်တံနှစ်ခုချိတ်ဆက်သွားပြီဆိုရင် ပိုပြီးတော့အလုပ်ကိုတွင်ကျယ်အောင်လုပ်နိုင်မှာဖြစ်သလို စတုတ္ထမြောက်အာကာသယာဉ်မှူးတစ်ဦးလိုမျိုး လုပ်ကိုင်နိုင်မယ်လို့ ကျွန်တော်တို့ယူဆထားပါတယ်” ဟုဆိုသည်။ (Xinhua)
……………………………….
GLOBALink | Advanced mechanical arm helps Chinese astronauts with extravehicular mission
BEIJING, July 5 (Xinhua) — Chinese astronauts have successfully performed their first extravehicular activities (EVAs) at the space station core module Tianhe on Sunday.

A specially designed mechanical arm outside Tianhe, nicknamed the “giant arm,” was crucial during their spacewalk mission.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.