Connect with us

Media

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် သစ်တော ဧက ခုနှစ်သိန်းကျော် တောမီးလောင်ကျွမ်းခဲ့

ကယ်လီဖိုးနီးယား၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် သောကြာနေ့လည်ပိုင်းအထိ သစ်တောမြေ ဧက ခုနှစ်သိန်းကျော် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

တောမီးလောင်ကျွမ်းမှုသည် ပါရာဒိုက်စ်မြို့၏ အရှေ့မြောက်ဘက် ၁၀ မိုင်အကွာတွင် ဇူလိုင်လ ၁၄ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းတွင် ဒုတိယအကြီးဆုံး တောမီးလောင်ကျွမ်းမှုကြီး ဖြစ်ပြီး ယခုနှစ်အတွင်း အကြီးဆုံး မီးလောင်ကျွမ်းမှုဖြစ်သည်။

လက်ရှိအချိန်အထိ ကောင်တီပေါင်း ၅ ခုရှိ မြေအကျယ်အဝန်း ဧကပေါင်း ၇၀၀,၆၃၀ (၂၈၃၅ စတုရန်းကီလိုမီတာ ) ကို လောင်ကျွမ်းခဲ့ကြောင်း သစ်တောနှင့် တောမီးလောင်ကျွမ်းမှုကာကွယ်ရေးဌာန ကယ်လီဖိုးနီးယား (CAL FIRE) ၏ ထုတ်ပြန်ချက်အရ သိရသည်။

သောကြာနေ့ နေ့လယ်ပိုင်းအထိ သစ်တော၏ ၃၅ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
၃၇ ရက်ကြာ တောက်လောင်ခဲ့သည့် အဆိုပါ တောမီးသည် နေအိမ်ပေါင်း ၆၅၀ကို ဖျက်ဆီးလောင်ကျွမ်းခဲ့ပြီး Butte, Plumas, Tehama, Lassen နှင့် Shasta စသည့် ကောင်တီ(မြို့ငယ်)များတွင်းရှိ အဆောက်အအုံပေါင်း ၁၆၀၀၀ ကျော်ကို ပျက်စီးနိုင်ကြောင်း ခြောက်လှန့်လျက်ရှိသည်။

ဆုံးရှုံးမှုပမာဏကို တွက်ချက်လျက်ရှိပြီး ပျက်စီးဆုံးရှုံးသည့် အဆောက်အအုံများ၏ အရေအတွက်သည် မီးလောင်မှုလုံးဝရပ်တန့်သွားချိန်တွင် ထပ်မံပြောင်းလဲနိုင်ကြောင်း CAL FIRE က ပြောသည်။ (Xinhua)