Connect with us

Media

အမေရိကန်ပြည်ထောင်စု ဇီဝဓာတ်ခွဲခန်း နှင့် ဂျပန်နိုင်ငံ ၏ဒုတိယကမ္ဘာစစ် ပိုးမွှား လက်နက် အကြားဆက်နွယ်မှု အား ဖော်ထုတ်ခြင်း

ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံသည် ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် မရှုံးမီ တပ်ရင်း ၇၃၁ မှ ဗိုလ်မှူး ရှီယို အစ်ရှီအိ သည် တပ်အတွင်းစမ်းသပ်မှုပြုလုပ်ခဲ့သည့်ပစ္စည်းများအားမီးရှို့ဖောက်ခွဲပစ်ရန် နှင့် လူသားမဆန်စွာ ရက်ရက်စက်စက်ကျူးလွန်ခဲ့သည့် လုပ်ရပ်များအားဖုံးဖိရန်အလို့ငှာ စမ်းသပ်ခံရသူများအား သတ်ဖြတ်ရန်ညွှန်ကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian က “ အများပြည်သူကိုချပြထားတဲ့ သတင်းအချက်အလက်တွေအရ ဒီထရစ်တပ်ဖွဲ့ နဲ့ ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့စဉ် ဇီဝ ဓာတု လက်နက် တွေနဲ့ သက်ရှိလူသားတွေအပေါ် သေစေနိုင်လောက်တဲ့ သုတေသနပြုလုပ်ချက်တွေကို လုပ်ဆောင်ခဲ့တဲ့ ဂျပန်တော်ဝင် တပ်ရင်း ၇၃၁ နဲ့ ဆက်နွယ်မှုရှိတယ်ဆိုတာ ငြင်းမရနိုင်ပါဘူး” “ အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေလုပ်ဆောင်ခဲ့တဲ့ တပ်ရင်းတာဝန်ခံဗိုလ်မှူး ရှီယို အစ်ရှီအိ ဟာ အမေရိကန်ပြည်ထောင်စု ဒီထရစ်ခံတပ် မှာ ဇီဝ လက်နက် အကြံပေးအဖြစ်လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်” ဟုဆိုသည်။

ထိုစဉ်က ဓါတ်ခွဲခန်းသည် တရုတ်နိုင်ငံ ဟာအယ်ပင်းမြို့တွင် တည်ရှိကြောင်း အမေရိကန် ပြည်ထောင်စုမှ စုံစမ်းသိရှိခဲ့ပြီးနောက် ၁၉၄၅ ခုနှစ် စက်တင်ဘာလမှ ၁၉၄၈ ခုနှစ် နိုဝင်ဘာလအထိ အမေရိကန်နိုင်ငံ ဒီထရစ်တပ်ဖွဲ့မှ ထောက်လှမ်းရေးအရာရှိများကို စမ်းသပ်ခန်းအား လျှို့ဝှက် စုံစမ်းစစ်ဆေးရန် အကြိမ်ကြိမ် စေလွှတ်ခဲ့သည်။

ထိုသို့စေလွှတ်ရခြင်းမှာ သက်ရှိလူသားများအား ဇီဝဗေဒ ပိုးမွှားလက်နက်များ အသုံးပြု၍ ထောင့်သန်းနာနှင့် အကျိတ်ပလိပ်ရောဂါများ အပါအဝင် အခြားရောဂါများစမ်းသပ်ခဲ့သည့် အချက်အလက်များကို စုဆောင်းရယူရန်ဖြစ်သည်။

Harbin Academy of Social Sciences မှ သုတေသီ Yang Yanjun က “ အမေရိကန် စစ်တပ်ဟာ တိုကျိုတရားခွင်ကို ကျော်လွှားနိုင်ခဲ့ပြီးနောက် တပ်ရင်းအမှတ် ၇၃၁ ရဲ့ထိပ်သီး ခေါင်းဆောင်များ ၊ ဗိုလ်မှူး ရှီယို အစ်ရှီအိ အပါအဝင် ဗိုလ်မှူး မာဆာဂျိ ကီတာနို နှင့်အခြားအဖွဲ့ဝင်ပေါင်း ၄၀ ဝန်းကျင် နဲ့ လျှို့ဝှက်စွာတိုက်ရိုက် ဆက်သွယ်ခဲ့ကြပါတယ်၊ အဲဒီနောက် အမေရိကန်ဟာ ဇာတိမှာရှိတဲ့ဒီထရစ် ဇီဝဓါတ်ခွဲခန်းတွေရဲ့ စုံစမ်းရေးမှူး ၄ ဦးကို တပ်အမှတ် ၇၃၁ အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ဖို့ ခန့်အပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ တပ်အမှတ် ၇၃၁ မှ အမှန်တကယ်အသုံးပြု ကျူးလွန်ခဲ့တဲ့ ဇီဝလက်နက်များ နှင့် သုတေသနပြုချက်များ အပါအဝင် ၁၃ နှစ်ကြာ သုတေသနပြုလုပ်မှု အချက်အလက်များနှင့် ရက်စက်ပြီး လူသားမဆန်သည့် စမ်းသပ်ချက်များကိုဖုံးကွယ်ပေးခဲ့ပါတယ်” ဟုဆိုသည်။

အဆိုပါ ကိစ္စများ ပြည်ဖုံးကားချ ရန် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အကြား လက်သိပ်ထိုး သဘောတူညီချက်တစ်ရပ်ထားရှိခဲ့ကြသည်။
တရုတ်နိုင်ငံမှ ပညာရှင်များသည် အမေရိကန်နှင့် ဂျပန်တို့၏ လျှို့ ဝှက်သဘောတူညီချက်အား ဗဟိုပြုကာ “လူသားများအပေါ် စမ်းသပ်မှုပြုလုပ်ခြင်းအစီရင်ခံစာ”ကို သုတေသနပြုလုပ်ခဲ့သည်။

တပ်ရင်း ၇၃၁ မှ ပြုလုပ်ခဲ့သည့် သက်ရှိလူသားများအပေါ် ကျူးလွန်သော ရက်စက်ယုတ်မာသည့် စမ်းသပ်မှုများအကြောင်းပါရှိသော စာမျက်နှာပေါင်း ၁,၅၂၂ ပါဝင်သည့် အစီရင်ခံစာ အား လူသိရှင်ကြားထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ သည် ဂျပန်နိုင်ငံက ကျူးလွန်ခဲ့သော ဇီဝစစ်ဆင်ရေးအချက်အလက်များပါဝင်သည့် စာမျက်နှာပေါင်း ၁သိန်းကျော်ပါ အစီရင်ခံစာကို ထိန်းသိမ်းထားကြောင်း တရုတ်ပညာရှင်များက ပြောကြားခဲ့သည်။ထိုအထဲမှ အချို့အချက်အလက်များကို တရုတ်နိုင်ငံမှ ပညာရှင်များက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Harbin Academy of Social Sciences မှ သုတေသီ Yang Yanjun က “၁၉၄၃ ခုနှစ်ကနေ ၁၉၆၉ ခုနှစ် အထိ အမေရိကန်နိုင်ငံ စစ်တပ်ဟာဆိုရင် ဒီထရစ်တပ်ဖွဲ့ နဲ့ Utah ပြည်နယ် Dugway Proving Ground မှာ ဇီဝလက်နက်သုတေသန နှင့် စမ်းသပ်မှုများကိုဆောင်ရွက်ခဲ့ပါတယ်။ ဒီထရစ်တပ်ဖွဲ့ က စစ်ဘက်ဆိုင်ရာဆေးပညာရှင်များ ဟာ ဇီဝလက်နက်သုတေသနစာတမ်းများနှင့် အစီရင်ခံစာပေါင်း ၁၆၀၀ ကျော် ကိုတင်ပြခဲ့ကြပါတယ်” ဟုဆိုသည်။

ယခုအခါတွင် အဆိုပါ အချက်အလက်များကို တရုတ်နိုင်ငံ ဟာအယ်ပင်းမြို့ရှိ ဂျပန်ဧကရာဇ်တပ်မတော် တပ်ရင်း ၇၃၁ မှ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု သက်သေအထောက်အထားများအား စုစည်းပြသထားသည့် ပြခန်းတွင် အများပြည်သူများလေ့လာနိုင်ရန်ပြသထားသည်။
ဂျပန်ဧကရာဇ်တပ်မတော် တပ်ရင်း ၇၃၁ သည် အနည်းဆုံး လူပေါင်း ၃ထောင်ခန့်ကို လူသားစမ်းသပ်မှုအတွက် အသုံးပြုခဲ့ပြီး ၃ သိန်းကျော်မှာ ဂျပန်နိုင်ငံ၏ ဇီဝဓာတုလက်နက်များဖြင့် သတ်ဖြတ်ခံခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.